Tuesday 16 April 2013

၁၅-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




ပခုက္ကူရဲ့ နံနက်ခင်းက
အေးမြလတ်ဆက်လွန်းတယ်
အတာရေကစားကြပုံကလည်း
စည်းကမ်းတကျနဲ့
နှစ်လိုဖွယ်ရာကောင်းလွန်းလှတယ်
sexy girl ဆိုတဲ့သီချင်းနဲ့ ကနေကြသူတွေမရှိဘူး
တလေးတစားအလေးပြုခဲ့မိပါတယ်
ကိုယ့်ရန်ကုန်သင်္ကြန်ကို အရှက်ပိုရင်းလေ...။



ပခုက္ကူဆိပ်ဖြူလမ်းကြီးမှာ
ရေငတ်တာအခါခါ
ငှက်ကလေးကို သတိရတာက အကြိမ်တစ်ရာမက
ဒီလိုနဲ့ပဲ
call recorder လေးကို ခဏခဏဖွင့်ရင်း
call ဆိုတဲ့ ခလုတ်ကို မနှိပ်မိအောင် ထိန်းထားရ
ရှည်လျားလွန်းတဲ့ လမ်းကြောကိုပဲ ကျေးဇူးတင်မိလိုက်တယ်
ထမင်းဆိုင်ရှားတဲ့ လမ်းကိုပဲ ကျေးဇူးတင်မိလိုက်တယ်
ထမင်းစားချိန်တန်လို့ ထမင်းဆာတဲ့အခါ
ငှက်ကလေးကို လွမ်းတဲ့စိတ်က နည်းနည်းသက်သာတယ်

ဝန်ရရဲ့ ခုမှတွေ့ရတဲ့ အမျိုးအဆွေတွေကြားထဲ
ကိုယ်တွေက သူကြီးမျိုးဆက်ကွ ဆိုတဲ့အပြောတွေနဲ့ မော်မော်ကြွားကြွား
ထမင်းစားဖို့တောင် ခွံ့မကျွေးရုံတမယ်
ဧည့်ဝတ်ကျေပွန်မှုတွေကြားထဲ
ငှက်ကလေး မင်းကို ငါသတိရတယ်
ဒီချိန်ဆို ငှက်ကလေးထမင်းစားလုပေါ့
ဒီချိန်ဆို ငှက်ကလေးရေကစားနေလေမလား
ဒီချိန်ဆို ငှက်ကလေး အိပ်ယာထဲ ခွေခေါက် အိပ်နေမှာပါ.
ဒီအတွေးတွေနဲ့...လေ။

ပန်းတုန်းကို ခရီးဆက်တော့
တဖြည်ြး့ဖည်းသင်းလာတဲ့ အမှောင်ရနံ့တွေမှာ
ကိုယ်ဟာတဖြည်းဖြည်းအိပ်ငိုက်ပြီ
ဒီချိန်ဆို ငှက်ကလေးတော့
ငှက်ကလေးတစ်ကောင်ဆီ ဖုန်းဆက်နေလိမ့်မယ်ဆိုတဲ့အတွေးလေးတွေးမိသေးရဲ့

ငှက်ကလေးရေ
ပန်းတုန်းအရောက်မှာ ကိုယ်ဟန်မဆောင်နိုင်ပဲ အိပ်လိုက်မိတော့
ငှက်ကလေးစိတ်မဆိုးနဲ့ကွယ်
အဲဒီနေ့ကအိပ်မက်မှာ မင်းကို မမက်မိဘူး
ကိုယ့်အိပ်မက်မှာ ပိတောက်တွေ
...............
ပိတောက်ဝါဝါတွေ
ကိုယ်ဟာ တစုံတစ်ယောက်ကို ခူးပေးနေခဲ့သတဲ့
ဘယ်သူလဲတော့ ကိုယ်မြင်ခွင့်မရှိခဲ့ဘူး
သေချာပါတယ်
ငှက်ကလေးပဲဖြစ်လိမ့်မယ်။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်