Monday 1 April 2013

၁-၄-၂၀၁၃ ချစ်သူသို့

အပြုံးမဆောင်တတ်တဲ့ မျက်နှာတစ်ခုမှာ
ကိုယ်က
လေးစားမှုတွေ ပုံအပ်မိတယ်


အရယ်ကို မဖေါ်တတ်တဲ့ မျက်နှာတစ်ခုမှာ
ကိုယ်က
မြတ်နိုးခြင်း တွေ ပုံအပ်မိတယ်

ချစ်သူရေ
လူငယ်ပီသစွာနေထိုင်ပါ
တစ်ခါတစ်ရံမှာပေါ့

ချစ်သူရေ
အချစ်ကို ညီမျှခြင်းမချတော့ဘူး
သုည နဲ့လည်း ကိုယ်ကျေနပ်နေမယ်ဆိုတဲ့အကြောင်း
မင်းသိအောင်ပြောပြချင်တယ်


No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်