Tuesday 23 April 2013

၂၃-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

သူပြုံးရင် ကမ္ဘာတစ်ခုလုံး မှေးမှိန်ပြီး သူ့အပြုံးတစ်ခုပဲ ထွန်းလင်းတယ်
သူ့စကားပြောရင် ကမ္ဘာတစ်ခုလုံးတိတ်ဆိတ်ပြီး သူ့အသံပဲ ကြားယောင်မိတယ်
သူရယ်ရင် ကမ္ဘာတစ်ခုလုံးမှာ သူ့ရယ်သံသာ လွင်လွင်လေးနဲ့ ပေါ်ထွက်နေသလိုမျိုး
ငှက်ကလေးရေ ငါက မင်းအတွက် အဲသလောက်ရူးတဲ့သူ
မင်းအသံမင်းအပြုံးမင်းအရယ်မှာ
တိတ်တဆိတ်နဲ့ ရပ်တန့်နေမိပေါ့

ဘာအလုပ်မှမလုပ်ချင်မလုပ်နိုင်
အာရုံတွေ များခဲ့ရင် မင်းအပြုံးမင်းအရယ်လေးတွေကို
အပြည့်အဝမမြင်လိုက်ရမှာစိုးတယ်

ငှက်ကလေးရေ
ငှက်ကလေးရေ
ငှက်ကလေးရေ
စကားတွေပြောချင်လိုက်တာ
မင်းအပြုံးလေးကို အကြာကြီး ကြည့်နေချင်လိုက်တာ
မင်းအသံလေးကို အကြာကြီးနားထောင်ချင်လိုက်တာ
ရဲလေးရဲ့ သီချင်းသံက နှောင့်ယှက်နေတယ်
တစ်နေ့နေ့ရောက်ခဲ့ရင်တဲ့....
မင်းကို ပိုင်ဆိုင်သူရှိလာမယ့် တစ်နေ့နေ့ရောက်ခဲ့ရင်
အဲဒီလူဟာ ကိုယ်မဖြစ်ခဲ့ရင်
အဲဒီနေ့မှာ ကိုယ် ဘာဖြစ်သွားမလဲ စဉ်းစားနေမိ
တစ်နေ့နေ့ရောက်ခဲ့ရင်
ငှက်ကလေး အဲဒီနေ့မကုန်ဆုံးခင်ထိ မင်းကို မြတ်နိုးခွင့်ရှိသေးတာတော့
သေချာပါတယ်

ငှက်ကလေးရေ ချစ်တယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်