Friday 26 April 2013

၂၆-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငါ က လူရုပ်ကြီးဆို
မင်းက ငါကိုကစားနိုင်တဲ့
တစ်ဦးတည်းသော သခင်
မင်းပြုံးစေချင်ရင် ငါပြုံးလို့
မင်းပျော်စေချင်ရင် ငါပျော်ရတယ်
ငှက်ကလေး မတရားဘူး
ငါ ဘယ်သူ့ကိုမှ မကစားခဲ့ဖူးဘူး
ခုတော့ ငါက အကစားခံ လူရုပ်ကြီးဖြစ်လို့
မင်းလက်ထဲမှာ.........။



ပြုံးကြည့်မိတယ် 
အသက်မဝင်တဲ့အပြုံးတွေနဲ့ ကိုယ်ဟာ
ကမ္ဘာရဲ့ အကြီးဆုံးလူလိမ်ကြီးစစ်စစ်
ငှက်ကလေး
ဟိုးအဝေးမှာတွေ့လား
အငွေ့ပျံသွားတဲ့ ငါ့အပြုံးအပျော်တွေ
ဖမ်းမကြည့်နဲ့
ညှော်နံ့တွေ မကုန်သေးဘူး
သူတို့ဟာ လောင်ကျွမ်းစ ရှိသေးတယ်
ဘာ့ကြောင့် ဘာ့အတွက် ခဏခဏမမေးနဲ့တော့
အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်ကို
ထပ်တွက်နေမိသူက အရှုံးပဲ
ငါ အကြီးကြီးရှုံးခဲ့တယ်
အကြီးကြီးရှုံးနေဆဲ ပဲ။


မပျော်ဘူး မပျော်ဘူး
မပျော်တော့ဘူး
ဘဝဟာ နေမပျော်တော့ဘူး
မင်းအပြုံးလေးတွေ မ၇ရုံနဲ့ လောကကြီးက ခြောက်ကပ်တယ်
မင်းအသံလေးတွေမကြားရရုံနဲ့
ကမ္ဘာကြီးက မဲမှောင်လွန်းတယ်
ငှက်ကလေး ကိုယ်နေမပျော်တော့ဘူး
မင်းရှိရာကမ္ဘာဆီ လက်ပစ်ကူးပစ်ချင်ပြီ
ဦးနှောက်တွေရယ်
သိစိတ်မဲ့ပေးပါ
သူရှိရာနေရာကိုသွားဖို့
ကျွန်တော့်ဦးနှောက်လေး
ခဏထုံထိုင်းပေးပါ


ငှက်ကလေးရေ
မင်းနဲ့ပတ်သတ်တဲ့ ဒဏ်ရာတစ်ခုရတိုင်း
ဗီးနပ်စ်ကို ကြိတ်ပြီးကျေးဇူးတင်မိတယ်

အိပ်မက်တွေက ဟာဟာလာတယ်
ပြည့်စုံမှုရဲ့အဓိပ္ပါယ်ဟာခါးခါးလာတယ်
ငှက်ကလေး
ကိုယ့်အိပ်မက်ကို ခဏလောက် မျက်နှာပြလှည့်


မလှတဲ့ ဇာတာတွေကောင်းပါစေလို့
ခဏခဏ ယတြာမချေချင်တော့ဘူး
ကျွန်တော်ချစ်သော ငှက်ကလေး ငြိမ်းချမ်းပါစေလို့ပဲ
ဆုတောင်းပေးမိတယ်


အထာမညက်သေးတဲ့ သတ်ပုံကျမ်းကြီးကိုကိုင်ရင်း
ဟိုနေရာတစ်ခုဒီနေရာတစ်ခုနဲ့ အလွတ်ကျက်နေမိ
မင်းက ငါ့အတွက်တော့ သတ်ပုံကျမ်းလိုပဲ
နားလည်ပြီထင်ရက် နားမလည်နိုင်သေးတဲ့ ကဗျာတစ်ပုဒ်
ဗျည်း၃၃လုံး လုံးပိုင်ပြီထင်ပေမယ့်
အသက်တွေနဲ့ သုံးတဲ့အခါ
လိုအပ်ချက်တွေရှိလာသလိုမျိုး
စာတစ်ကြောင်းချင်းစီနားလည်ပြီထင်ပေမယ့်
တစ်ပိုဒ်လုံးပေါင်းလိုက်တဲ့အခါ
နားမလည်နိုင်တဲ့ အဆင့်ကျော်တွေးရတဲ့ ကဗျာတစ်ပုဒ်
ငှက်ကလေး မင်းကို ငါနားလည်ဖို့ ကြိုးစားကြည့်တယ်
င့ါခေါင်းသာ ချာချာလည်လာတယ်
မင်းကတော့ .........
..................
မင်းဆိုတဲ့ငှက်ကလေးရဲက အထာကို ညက်ဖို့ ကြိုးစားရဦးမယ်


ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
တစ်ခွန်းတည်းပါပဲ
လွမ်းတယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်