Saturday 23 March 2013

၂၃-၃-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေးရေ
လမ်းခွဲနှုတ်ဆက်ချိန်တန်ပြီ
သိက္ခာဆိုတာကို စဉ်းစားရင်းနဲ့
ချိုးဖေါက်မိခဲ့အခါခါ
ခုတော့လည်း
အချစ်=အချစ်လို့သတ်မှတ်လို့
ကိုယ် မေ့မယ့်အချိန်တစ်ခုကိုစောင့်မယ်
ငှက်ကလေးရေ
မေ့မယ့်အချိန်တစ်ခုထိ ကဗျာတွေရေးကြည့်နေဦးမယ်
မပီမသကဗျာတွေဟာ
ငှက်ကလေးအတွက်ဖြစ်တည်မှန်းသိခဲ့ရင်
ငှက်ကလေး မေ့ပေးစမ်းကွယ်
အချစ်ဟာ လိုသလိုမဖြစ်တော့တဲ့အခါ
ငါ့ဝဲဘက်ရင်အုံက စူးအောင့်လာတယ်
ငှက်ကလေးရေ
ဂွတ်ဘိုင်.....
ကောင်းသောည
မင်းအိပ်ပျော်ပါစေ....။
ငှက်ကလေးရေ
ငါ ငိုချင်တယ်ဟာ
ငှက်ကလေးကိုမေ့မယ်စဉ်းစားလိုက်တဲ့အခါ
ငါ မျက်ရည်ဝဲတတ်လာတယ်
ငှက်ကလေးရေ
ကောင်းသောည
မင်း အိပ်ပျော်ပါစေ
ငှက်ကလေးရေ
ဒီကဗျာကို ငှက်ကလေးအတွက်ရေးတာမဟုတ်ဘူး
သစ်တစ်ပင်၇ဲ့ ခံစားချက်ကြောင့် ရေးတယ်
မေ့မယ်တွေးရုံနဲ့
ရင်တစ်ခုလုံးနင့်အောင် နာတတ်သူပါ
အချစ်တစ်ခုကို ယုံကြည်ဖို့တွေးခဲ့သူပါ
ခုတော့
ငှက်ကလေးရေ
သွားလိုရာသွားပါ
လွှတ်ပါရစေတော့
တစ်ဖတ်သတ်တင်းထားတဲ့ကြိုးဟာ
အချိန်တန်ရင် ပြတ် မယ်မှန်း သိခဲ့တယ်
ငှက်ကလေးရေ
ပျော်သလိုသာနေ
သစ်တစ်ပင်ဟာ
ငှက်ကလေးကို ချစ်ခဲ့ဖူးလို့
ချစ်နေဆဲဖြစ်ကြောင်း
ငှက်ကလေး အချိန်တန်ရင် သိပါစေ

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်