Friday 29 March 2013

“၂၉--၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

“၂၉--၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”

ငှက်ကလေးရေ
စိတ်ဓါတ်ကျပြီးရင်ပြန်ကောက်ဖို့လွယ်သလား
မင်းလို အတောင်အလက်စုံဖို့
ငါလည်းကြိုးစားတယ်
ခက်တာက
ကြိုးစားသမျှ အရာမထင်လာတဲ့အခါ
ငါ မသိတဲ့ လောကကိုဝင်ဖို့
ငါကြောက်လာတယ်
ငှက်ကလေးရေ
ငါ့ကို ခွန်အားတွေပေးစမ်းပါ

မင်းပြောသမျှစကားတွေဟာ
ငါ့ကိုမရည်ရွယ်တောင်
ငါ့နှလုံးသားအတွက်
ခွန်အားပြည့်စေတယ်
ငှက်ကလေးရေ
သတိရရင် ဆက်သွယ်ပါ
ငါ ....မင်းစကားသံ လိုအပ်နေတယ်။

တစ်ယောက်တစ်ကမ္ဘာစီ ခြားကြည့်တော့
ငှက်ကလေးရေ
အတွေးထဲမှာတင်
ဆူဆိုဒ်လုပ်ပစ်မိတယ်

ကမ္ဘာတစ်ခုတည်းမှာ အသက်ရှင်နေတာတောင်
မိုင်တွေခြားလေ ပိုလွမ်းလေ။

ရော်
ခင်မင်မှု သစ်ရွက်အဖြစ်နဲ့ ကျေနပ်ပါတယ်တဲ့
ကိုယ့်ကိုယ်ကို ညာနေလိုက်တာများ
သူ့ရနံ့လေးကို
ခိုးယူနမ်းရှိုက်ခွင့်မရခြင်းမှာတောင်
စိတ်တစ်ခုလုံး ထိုင်းမှိုင်းနေမိ

တကယ်ပါ
နင်ပန်ဆင်တဲ့ ပန်းပွင့်လေးဖြစ်ချင်တယ်
မြတ်မြတ်နိုးနိုးနဲ့ပေါ့

ငှက်ကလေးရေ
ကောင်းသောည
အနားယူရင်းအိပ်စက်ပါ
အမောတွေ ခဏမေ့ထားလိုက်
မင်းစိတ်တွေကို သိပ်မခိုင်းနဲ့

မင်းရဲ့ အတောင်ပံခတ်သံလေးကြားချင်ပေမယ့်
မင်း အိက်စက်ပါ
နက်ဖြန်ကောင်းကင်မှာ
မင်းရဲ့ အတောင်ပံခတ်သံနားထောင်ဖို့
ငါ .....
မျှော်လင့်နေမယ်။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်