Sunday 30 December 2012

ပန်းမပွင့်သေးဘူး

ရှိ/မရှိ မသိချင်ဘူး
တွေ့ချင်တဲ့ စိတ်တွေက လွန့်လူး
အလွမ်းဆိုတာရဲ့ ရသကို
ခံစားမိလိုက်သလိုမျိုး
သူ့ ဖြားယောင်းမှုမှာ
ကျွန်တော် ရူးနေပြီ။



မမြင်မသိအောင် မဖုံးကွယ်
မြင်သာအောင်ဖွင့်ထားတဲ့ တံခါးကနေ
သူ့ကို ကြည့်နေမိတယ်
တကယ် ကွယ်
ကိုယ်လှပ်ထားတဲ့ တံခါးတစ်ချပ်ဟာ
သူ့အမြင်မှာ ပျောက်ကွယ်နေမှန်း မသိခဲ့ပါဘူး
မြင်လိမ့်မယ်အတွေးနဲ့ ငေးနေမိခဲ့တယ်။

ရက်၊ လ ပြောင်း
အချိန်တွေတောင် ဟောင်းခဲ့
ငေးနေမိသူရဲ့ နှလုံးသားကတော့
ယနေ့တိုင် သစ်လွင်နေဆဲ
မမြင်မသိတတ်သူကိုမှ..
ငေးနေမိနေဆဲလေ။


အချစ်ဆိုတာ
ချစ်သူရှိဖူးမှ ခံစားတတ်သတဲ့လား
တစ်ဘက်သတ်ပွင့်ဖူးခဲ့တဲ့ ပန်းငုံတွေရဲံ့
တကယ့်ကြီးမြတ်တဲ့ ချစ်ခြင်းကို
သူတို့ မသိကြသေးဘူး ထင်ပါရဲ့
အချစ်ဆိုတာ ရိုးရိုးလေးပါပဲ
နှလုံးသား ရှိသူတိုင်း ချစ်တတ်သည်။

ခုထိ သူမမြင်မသိတဲ့
ကျွန်တော့်နှလုံးသားဥယျာဉ်ဟာ
စိမ်းလန်းလတ်ဆတ်နေဆဲ
ဒါပေမယ့်လည်း
ပန်းတွေ မပွင့်သေးဘူး။

(အပျော်တမ်း ရေးဖွဲ့ခြင်း)

1 comment:

Yoemyaykya said...

အချစ်ဆိုတာ တကယ်တော့ ရိုးရိုးလေးပါပဲ။ ရိုးရိုးလေးခံစားသည်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်