Thursday 20 December 2012

တစ်ချက်လောက်တော့ အသိပေးပါ


တကယ်ပျက်လေမလား ကမ္ဘာ
အရိပ်အယောင်လောက်တော့အသိပေးပါ
တကယ်သာ ပျက်မယ်ဆိုရင်
ဖွင့်မပြောရသေးတဲ့ စကားတချို့ အံထုတ်ချင်မိရဲ့
နင့်သိပ်နေတဲ့စကားတို့ အံထုတ်ချင်မိရဲ့
အသိပေးပါ ကမ္ဘာ
တကယ်ပျက်မလား။


ကျွန်တော့် နှလုံးသားက စကားတွေ
သူ့ကို မပြောရသေးဘူး
ရင်ထဲက ချစ်ခြင်းတွေ
သူ့ကို မဖွင့်ဟရသေးဘူး
တစ်ချက်လောက်တော့ အသိပေးပါ ကမ္ဘာ
တကယ်ပဲ ပျက်ယွင်းတော့မလား။

မိနစ်ပိုင်းအချိန်ကျန်ခဲ့တောင်
ကျွန်တော့်အတွက်လုံလောက်တယ်
သူ့နံဘေးနားသွားလို့
သူ့မျက်နှာကို မော်ဖူးမယ်
သူ့အတွက် စပ်ထားတဲ့သီချင်းတွေနဲ့
သူ့အနားမှာ ချော့သိပ်လိုက်မယ်
သူအိပ်ပျော်သွားခဲ့ရင်
ခင်ဗျားပြိုပျက်တာကို သူမသိနိုင်တော့ဘူး
တစ်ချက်လောက်တော့ အသိပေးပါ
သူ့ကို နောက်ဆုံးထွက်သက်ထိ ကာကွယ်ချင်လို့ပါ။

1 comment:

Mg Khant Myay (Htila) said...

တစ်ချက်မျှအသိမပေးဘဲ..ဖတ်ရှုသွားပါကြောင်း

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်