Saturday 15 December 2012

နှလုံးသား ဘိုင်အိုဂရပ်ဖီ


တွေ့ချင်တယ်
ဒီစကားပဲ အထပ်ထပ်ဆိုညည်းခဲ့
သီချင်းတစ်ပုဒ်လို...............။


စိတ်စေရာအတိုင်းသာ လိုက်လို့ရမယ်ဆို
ကျွန်တော် သူ့အနားမှာရှိနေမိမယ်ထင်ပါရဲ့
သူရဲ့ မာနအပြုံးက မေ့ဖို့ခက်စေတယ်
သူ့ရဲ့ အသံချိုချိုက စိတ်ကို  ယစ်မူးစေတယ်
တကယ်ပါ
ကျွန်တော်ချစ်တတ်ခဲ့ပြီထင်ပါရဲ့။


ဒီချိန်ဆို သူဘယ်မှာလဲ
တွေးဆကြည့်မိနေတဲ့ စိတ်ကို
တားဆီးဖို့မတက်နိုင်ခဲ့ဘူး
ဝှက်ထားတဲ့ အခန်းငယ်က ချစ်ခြင်းတွေဟာ
အလွမ်းမြူမှုန်တွေနဲ့အတူ လွင့်မျောလို့
မျက်တောင်အဖွင့်အပိတ်မှိတ်ကြည့်ရုံခဏသာ
သူ့ပုံရိပ်ပျောက်တယ်
ကျွန်တော် လွမ်းတတ်ပြီထင်ပါရဲ့။

စတွေ့ကတည်းက စွဲလန်းမိတဲ့ နှလုံးသားဟာ
ဒီချိန်ထိ ဖွင့်ပြောဖို့ မတက်နိုင်ခဲ့
သူငယ်ချင်းဆိုတဲ့ ဂုဏ်ဒြပ်အောက်မှာ
ကျွန်တော့်ချစ်ခြင်းတွေ မှေးမှိန်ဖျော့လျော့ခဲ့တယ်
ဒီလိုနဲ့ပဲ
ကျွန်တော် ပေးဆပ်မှုတွေနဲ့ ချစ်တတ်ခဲ့ပါတယ်။

ခုထိလည်း...........ချစ်နေဆဲပါပဲ.။

4 comments:

မောင်သစ် said...

ဒီချိန်ဆို သူဘယ်မှာလဲ
တွေးဆကြည့်မိနေတဲ့ စိတ်ကို
တားဆီးဖို့မတက်နိုင်ခဲ့ဘူး
ဝှက်ထားတဲ့ အခန်းငယ်က ချစ်ခြင်းတွေဟာ
အလွမ်းမြူမှုန်တွေနဲ့အတူ လွင့်မျောလို့။
တထိတ်ထိတ်နဲ့ဖတ်သွားတယ်..မကြီး..

Anonymous said...


တွေ့ချင်တယ်
ဒီစကားပဲ အထပ်ထပ်ဆိုညည်းခဲ့
သီချင်းတစ်ပုဒ်လို...............။ စိတ်စေရာအတိုင်းသာ လိုက်လို့ရမယ်ဆို ကျွန်တော်ချစ်တတ်ခဲ့ပြီထင်ပါရဲ့။ ချိန်ဆို သူဘယ်မှာလဲ ကျွန်တော် လွမ်းတတ်ပြီထင်ပါရဲ့။ စတွေ့ကတည်းက စွဲလန်းမိတဲ့ နှလုံးသားဟာ ခုထိလည်း...........ချစ်နေဆဲပါပဲ.။

Unknown said...

ကဗျာလေးတွေကြိုက်တယ်

ကျော်ဦး(လှိုင်) said...

လာပြီး ခံစားဖတ်ရှုသွားပါတယ် ရည်ဝေ...

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်