Monday 17 December 2012

သိပေမယ့်လည်းလေ.....

မသေချာတဲ့ အမှန်တရားအတွက်
ရေရေရာရာ အမှားများစွာနဲ့ သက်သေပြကြတယ်
သက်သေတွေရဲ့ မှားခြင်းများစွာဟာ
အမှန်တရားအတွက် ကြိုးမိန့်ပဲ


ပန်းဖူးဆိုတဲ့ အမှန်တရားဟာ
ပန်းပွင့်ဆိုတဲ့ ပြောင်းလဲခြင်းအောက်မှာ အမှားဖြစ်ခဲ့
ပန်းပွင့်အတွက် ပြောင်းလဲခြင်းအဆုံးသတ်က
ဘုရားစင်ထက်က ပန်းအိုးထက်နေရာယူနိုင်သလို
ဦးခေါင်းထက် ကယုကယင်နဲ့ နေရာယူနိုင်ပေမယ့်လည်း
တကယ့်အဆုံးသတ်ကတော့
မြေခလို့ မြေသြဇာဖြစ်မှာပဲ

ခု ခံစားနေတဲ့ ချစ်ခြင်းဝေဒနာကော ဘယ်မှာဆုံးမလဲ
အဆုံးသတ်ကျတော့ ဆွေးနေတဲ့ ခန္ဓာတစ်ခုပဲ ကျန်ခဲ့မယ်
သိပေမယ့်လည်း အမှားများစွာထဲမှာ ကျွန်တော်ဟာ လည်နေတုန်း
တချိန်မှာတော့ ပျောက်ကွယ်မယ် ထင်မိခဲ့

ဒါပေမယ့်လည်းလေ...
သမုဒယဝေဒနာဟာ ဆိုးတယ်
ခုထိ သမုဒယဝဲမှာ ကျွန်တော်လည်နေတုန်း

2 comments:

မောင်သစ် said...

သက်သေတွေရဲ့ မှားခြင်းများစွာဟာ
အမှန်တရားအတွက် ကြိုးမိန့်ပဲ။။
သိပေမယ့်လည်း...ခုထိ သမုဒယဝဲမှာ ကျွန်တော်လည်နေတုန်း..
ခပ်ပြုံးပြုံးလေးလည်နေမိတုန်းပါပဲ..။
( ဟားးးးမိုက်စ်...)

ရတု said...

မသေချာတဲ့ အမှန်တရားအတွက်....
သက်သေတွေရဲ့ မှားခြင်းများစွာဟာ
အမှန်တရားအတွက် ကြိုးမိန့်ပဲ...။
ဒါပေမယ့်...သမုဒယဝဲမှာ ကျွန်တော်လည်နေတုန်း..။
( မိုက်တယ်....ကဗျာလေးတွေလှလှလာတယ် ။)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်