Tuesday 11 December 2012

တောင်းဆိုခြင်း


စိတ်မိုင်တိုင်ဘယ်လောက်မှာ
ချစ်ခြင်းခရီးစဉ်ကို ရောက်ပြီသက်မှတ်လဲ
ကျွန်တော်သိချင်တယ်
၁၅၀၀ နဲ့ ၅၂၈ ကြားမှာ
ဘယ်နှစ်မိုင်ကွာဝေးသလဲ
ကျွန်တော်သိချင်တယ်

ကျင့်ဝတ်ချိုးဖေါက်ကြတဲ့
စိတ်မိုင်တိုင်အမှတ်ကို သိချင်တယ်
သိချင်တယ် သိချင်တယ်
သိချင်တယ်အော်နေရင်းနဲ့ပဲ
မျက်လုံးစုံမှိတ်ထားခဲ့
တကယ်တော့ ကျွန်တော်ဟာ အမှန်တရားကို လက်မခံရဲသူ။

တိတ်တခိုးအချစ်နဲ့ နှစ်ကိုယ်တူအချစ်
ဘယ်အချစ်က ပိုများတယ် သတ်မှတ်သလဲ
တိုင်းတာတဲ့ စိတ်ပေတံကို ကျွန်တော် ချိုးဖြတ်ချင်တယ်
အချိန်ရှိသမျှ စိတ်အစဉ်တိုင်းဟာ
သူ့ဆီေ၇ာက်နေမှတော့
ကျွန်တော့်ချစ်ခြင်းရဲ့ ကြီးမြတ်မှုကို
ကိုယ်ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့
တစ်ခုပဲ ဝန်ခံလိုက်ချင်တယ် သီချင်းလေးအတိုင်းပဲ
“အရာအားလုံးထက် မင်းကို ပိုချစ်တယ်”။

ဝန်ခံမိခဲ့တဲ့ နှလုံးသားဟာ
ဒဏ်ရာတွေ ဗလပွနဲ့
ချစ်ခြင်းရဲ့ အပေါင်းအဖေါ်
လွမ်းဆွေးမှုမှာ ရပ်နေခဲ့ရပြီ
အရာရာဟာ
ညိုမှောင်လွန်းလို့
တိမ်တွေ မပြိုအောင်တားချင်ခဲ့လည်း
ကျွန်တော်သူမပါပဲ တစ်ယောက်တည်း
မိုးတွေပြိုတဲ့ ရာသီမှာ။

အတိတ်ရဲ့ အရိပ်ကို မေ့ဖျောက်ဖို့
ဘယ်လိုခဲဖျက်သုံးရမလဲ
ကျွန်တော်လိုချင်တယ်
လိုအပ်တယ်
ချစ်ခြင်းရဲ့ ရာသီဟာ
သူ့အတွက် ကုန်လွန်ခဲ့ပေမယ့်
ကျွန်တော့်အတွက်တော့
ခုထိ လက်ကျန်တွေကြွေကျနေတုန်း
ထမ်းထားရတဲ့ နှလုံးသားက
ဝန်ပိုတွေကို ဖယ်ထုတ်ချင်ပြီတဲ့
အရိပ် အတိတ်တစ္ဆေကို ပယ်ဖျက်ပေးမယ်
ခဲဖျက်ကို ကျွန်တော်လိုချင်ပါတယ်။

2 comments:

ရတုသစ် said...

ကျွန်တော့်ချစ်ခြင်းရဲ့ ကြီးမြတ်မှုကို
ကိုယ်ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့
ထမ်းထားရတဲ့ နှလုံးသားက
ဝန်ပိုတွေကို ဖယ်ထုတ်ချင်ပြီတဲ့
၁၅၀၀ နဲ့ ၅၂၈ ကြားမှာ
ဘယ်နှစ်မိုင်ကွာဝေးသလဲ
ကျွန်တော်သိချင်တယ်
အရိပ် အတိတ်တစ္ဆေကို ပယ်ဖျက်ပေးမယ်
ခဲဖျက်ကို ကျွန်တော်လိုချင်ပါတယ်။

ရတုသစ် said...

ကျွန်တော့်ချစ်ခြင်းရဲ့ ကြီးမြတ်မှုကို
ကိုယ်ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့
ထမ်းထားရတဲ့ နှလုံးသားက
ဝန်ပိုတွေကို ဖယ်ထုတ်ချင်ပြီတဲ့
၁၅၀၀ နဲ့ ၅၂၈ ကြားမှာ
ဘယ်နှစ်မိုင်ကွာဝေးသလဲ
ကျွန်တော်သိချင်တယ်
အရိပ် အတိတ်တစ္ဆေကို ပယ်ဖျက်ပေးမယ်
ခဲဖျက်ကို ကျွန်တော်လိုချင်ပါတယ်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်