Sunday 16 December 2012

လမင်းရေ.....

ဒီလက်နှစ်ဘက်ဟာ
ဆုံနိုင်ခွင့်ရှိလေမလား.....
ဒီအတွေးရယ်နဲ့
ရင်မောမိတယ် ။


ရေစီးကြောင်းကိုယ်စီနဲ့
ကိုယ့်လှေကိုယ် ပဲ့ကိုင်နေကြတဲ့ ဘဝမှာ
လမ်းမမှားဖို့ ကိုယ်စီထိန်းချုပ်ရင်း
အဝေးကပဲ ငေးကြည့်နေကြရသူတွေ မဟုတ်လား။

လှိုင်းတွေက လူးလွန့်ခက်ထန်လွန်းတော့
လှေကလေးက ယိုင်တိုင်တိုင် လှည့်တည့်တည့်
နှလုံးသားစီးချက်က
သူ့အပါးမှာ လှည့်နေလျက်နဲ့တောင်
ခပ်ခွါခွါနေခဲ့ရသူလေ။

ဘဝရဲ့အမောတွေကို
ရှောင်မပြေးရက်သူဆိုတော့လည်း..
ကမ်းနေတဲ့ လက်များစွာကို ပုတ်ထုတ်မိခဲ့
တကယ်တမ်းတော့
ကိုယ်မျှော်လင့်နေတာ သူ့လက်တစ်စုံ။

ဟိုကွေ့မှာဟိုတက်နဲ့လှော်ဖို့ထက်
တစိုက်မတ်မတ်
ကိုယ့်လက်ကိုပဲ အားကိုးခဲ့သူ ကိုယ်ဟာ
တကယ်တမ်း သူ့ရှေ့မှာ
မာန်ပါဖို့မေ့လျော့ခဲ့
အရာရာကို အလျှော့ပေးချင်စိတ်များစွာနဲ့
ကြွက်ကလေးတစ်ကောင်သာသာ
ကိုယ့်ဘဝကိုယ် သိမ်ငယ်ခဲ့မိသူ။

မမီမကမ်းမျှော်လင့်မိတဲ့ လမင်းကတော့
ဟိုးအဝေးကနေ အပြုံးနဲ့နှစ်သိမ့်တယ်
ဒီလိုပါပဲလေ ခုထိလည်း ကိုယ့်လက်နဲ့ကိုယ် လှော်ဆဲပါပဲ။

3 comments:

ရတုသစ် said...

တကယ်တမ်းတော့
ကိုယ်မျှော်လင့်နေတာ သူ့လက်တစ်စုံ။
ဒါပေမယ့်..ခုထိလည်း ကိုယ့်လက်နဲ့ကိုယ် လှော်ဆဲပါပဲ။
ရေစီးကြောင်းကိုယ်စီနဲ့
ကိုယ့်လှေကိုယ် ပဲ့ကိုင်နေကြတဲ့ ဘဝမှာလေ...။

Anonymous said...

တကယ်တော့ကိုယ်မျှော်လင့်နေတာသူ့လက်တစ်စုံ

ကျော်ဦး(လှိုင်) said...

လှလှပပ ဖွဲ့ထားတဲ့ကဗျာလေး... :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်