Thursday 6 December 2012

နိုးထခြင်း

ရင်ထဲမှာ ထိရှရှနဲ့
စကားပွင့်တွေ တစ်လွှာခြင်းချွေ
ကြွေကျသွားတာ နှလုံးသားထက်က မျှော်လင့်ခြင်းတွေ။



ဆုံနိုင်မလား ဆုံလေမလား
ချွေချနေတဲ့ စကားပွင့်ဖတ်တွေကို ရေတွက်
မက်မက်မောမော လိုချင်နေမိတာက
အပြစ်ကင်းတဲ့ သူ့ရယ်သံလေးတွေ။

အပြုံးကို တွေး
အရယ်ကို တမ်းတ
နွမ်းလျတဲ့ ခံစားချက်က
အလွမ်းလို့ ခေါ်လေတယ်ထင့်။

အဆင့်ကျော် တွေးပြီလား
ချစ်ခြင်းသံစဉ်တောင် မဖွဲ့ရသေးခင်
ရင်ခုန်မှုကို တံဆိပ်ကပ်
တစ်ဘက်သတ် ဆိုတဲ့စကားကို
မငြင်းဝံ့ပြီလား။

ဝေခွဲမရတဲ့အတွေးတွေက
အိပ်ပျက်ညတွေ များစေခဲ့ပေမယ့်
သေချာတာတစ်ခုကတော့
အအိပ်မက်နေတဲ့ နှလုံးသားကို
ချစ်ခြင်းတွေက အသက်ဝင်စေခဲ့ပြီ။

4 comments:

ရတုသစ် said...

အပြုံးကို တွေး
အရယ်ကို တမ်းတ
နွမ်းလျတဲ့ ခံစားချက်က
အလွမ်းလို့ ခေါ်လေတယ်ထင့်။

ဝေခွဲမရတဲ့အတွေးတွေက
အိပ်ပျက်ညတွေ များစေခဲ့ပေမယ့်
သေချာတာတစ်ခုကတော့
အအိပ်မက်နေတဲ့ နှလုံးသားကို
ချစ်ခြင်းတွေက အသက်ဝင်စေခဲ့ပြီ။

အဲဒီနှစ်ပိုဒ် ပိုမိုက်တယ် ထင်တာပဲ..ခိေိ ။

လွင်ပြင်လှိုင်းငယ် said...

ဝေခွဲမရတဲ့အတွေးတွေက
အိပ်ပျက်ညတွေ များစေခဲ့ပေမယ့်
သေချာတာတစ်ခုကတော့
အအိပ်မက်နေတဲ့ နှလုံးသားကို
ချစ်ခြင်းတွေက အသက်ဝင်စေခဲ့ပြီ။

ကဗျာလေးအရမ်းကောင်းတယ်

စံပယ်ချို said...

ရည်ဝေရေ...
ချစ်ခြင်းတွေ အသက်ဝင်စေတဲ့နှလုံးသားလေးကိုခံစားရင်း

lwannaung said...

မျက်စိနောက်တာ။ ပြင်တာကြီးကလည်း ပြင်လေ ဆိုးလေ။ ကဗျာလေး ခံစားခဲ့တယ်။ အစ်မတော်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်