Sunday 2 December 2012

ခေတ်သစ်


တကယ့်ဂန္တဝင်ည…
ဒဿကိုမှ ရာမ ထင်တဲ့ည
သီတာ ဘဝပျက်တယ်
ဒါက ခေတ်သစ်ရာမာယနဇာတ်။
စောင့်ထိန်းခြင်းတွေမရှိဘူး
သစ္စာတွေ ကမ်းမဲ့ကုန်ပြီ

နောက်ဆုံးတော့လည်း…
သီတာ့ကိုးကွယ်ရာဟာ
ဒဿသာဖြစ်ခဲ့…ပေါ့။
ဘီလူးတွေ ပျော်တဲ့ည
သမင်တွေက ပျော်ပျော်ကြီး
အသွေးအသားလှုတဲ့ည
ပြီးတော့လည်း.. ကိုယ့်လမ်းကိုယ်သွားကြ
ဒါကိုက ခေတ်သစ်ကစားနည်း
လူများစု ပျော်မြူးကြတယ်။
ခေတ်သစ်ရာမာယနမှာ
သစ္စာရှိတဲ့ ဟာနုမာန်မရှိ
ကျင့်ဝတ်စောင့်ထိန်းတဲ့ လက္ခဏမရှိ
အရာရာဟာ အလွဲလွဲအမှားမှားနဲ့
တိမ်းစောင်းရတာကို ပျော်မွေ့သူတွေပြည့်နှက်နေတယ်
ဒါကိုက ခေတ်သစ်ရဲ့ ယဉ်ကျေးမှု။
ဒန့်ကျွဲပင် ပုခတ်ဆင်မယ်
ကျောက်ဖျာ ရေပေါ် ပေါ်မယ်
နွားငယ်နို့ နွားကြီးစို့ရတယ်
ကောသလမင်းအိပ်မက်ထက်
ပိုမှန်နေတဲ့..
ခေတ်သစ်ရဲ့ ပြဇာတ်
သရုပ်ဖေါ်သူတွေ များတယ်။


....................
ရည်ဝေ(ရေနံ့သာသူ)

3 comments:

တိမ်မိုးဝေ said...

အစောကြီးဖတ်သွားပါတယ်
သရဖူရှင် ပူပူနွေးနွေး လေးရေ...

စံပယ်ချို said...

တကယ့်ဂန္တဝင်ည…
ဒဿကိုမှ ရာမ ထင်တဲ့ည
သီတာ ဘဝပျက်တယ်
ဒါက ခေတ်သစ်ရာမာယနဇာတ်။
စောင့်ထိန်းခြင်းတွေမရှိဘူး
သစ္စာတွေ ကမ်းမဲ့ကုန်ပြီ-----ဟုတ်တယ်နော်
သိပ်မှန်တာပဲ

ကျော်ဦး(လှိုင်) said...

ရေနံ့သာသူ...ကဗျာအရေးလည်းကောင်း စာအရေးလည်းကောင်းဗျာ...

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်