Tuesday 11 December 2012

တကယ်လွမ်းတယ်


မုန်းတယ်
အဖြေရှာမရတဲ့ ဝေဒနာတွေကိုမုန်းတယ်
ဟိုမှာ…ဆူနာမီအတွက် လူထောင်ပေါင်းများစွာသေရ
ဟိုမှာ …ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အချိန်တိုင်းရင်ဆိုင်နေရတယ်
ဟိုမှာကြည့်ဦး…
ကိုယ့်မြေကိုယ့်နိုင်ငံအတွက် တိုက်ပွဲဝင်နေရသူတွေ..
သူတို့ဒုက္ခထက်ပဲ ကိုယ့်ဒုက္ခဟာ ပိုကြီးဦးမလား။
မတွေးချင်ဘူး လွမ်းတယ်

မလွမ်းဘူး ဆိုတဲ့ သိစိတ်ကိုမှတ်ရင်းနဲ့ပဲ
အလွမ်းစိတ်ဟာ အရိုးရင့်တယ်
ဖြတ်ထုတ်ရခက်လွန်းလို့ ကျွန်တော် လွမ်းနေဦးမယ်။
ဘာကိုမှ မသိချင်ဘူး လွမ်းတယ်
ခံစားချက်ဆိုတာကို
အမြတ်တနိုးမထားတတ်သူပါ
နှလုံးသားအတွက် အာဟာရ မလိုအပ်သူပါ
ဒီလိုပြောနေရင်းနဲ့ပဲ
သိုဝှက်ထားတဲ့ အခန်းထဲက အလွမ်းတွေဟာ ခဏခဏထကြွ
ဆုံခွင့်မရတဲ့ အဖြစ်ကို မနှမြောခဲ့သလို
ဆုံခွင့်ရှိပါရစေ ဆိုတဲ့ဆုကို မတောင်းဘူး
တိတ်တိတ်လေးပဲ လွမ်းနေဦးမယ်။

တကယ်ပါ ကျွန်တော် လွမ်းတယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်