Friday 21 December 2012

တွေ့ဆုံခွင့်


လွမ်း ဆိုတဲ့ စကားလုံးဟာ
ကိုယ်နဲ့ မတိုက်ဆိုင်ပါပဲနဲ့
ခဏခဏ လာခလုတ်တိုက်တယ်
မသိလိုက်မသိဘာသာနဲ့
လွမ်းနေမိတဲ့သူ
ကိုယ့်နှလုံးသားက သိသူ..

သူ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေသာ ချာချာလည်လို့သူ့အကြောင်းကို
ဦးနှောက်က ရေးရေးတောင် တွေးထင်လို့မရခဲ့
ဒီလိုနဲ့ပဲ မသိလိုက်မသိဘာသာ လွမ်းနေခဲ့မိတယ်
အုံ့မှိုင်းတဲ့ အလွမ်းတွေဟာ
တိတ်တိတ်ဆိတ်ဆိတ်နဲ
နှလုံးသားဆီ့
ညတိုင်းဖြတ်စီးတယ်
နာမည်တစ်ခုရဲ့ အရိပ်အယောင်ကို ညွှန်ပြတယ်
သူဘယ်သူလဲ ခုထိ မသိသေးပေမဲ့
အလွမ်းတွေကတော့ ညတိုင်းပဲ
အအိပ်ပျက်အောင် ပြုစားတယ်
ဟုတ်တယ်
ခုထိလည်း မသိသေးတဲ့ အလွမ်းပိုင်ရှင်ကိုပ
ကျွန်တော် လွမ်းနေမိတုန်းပဲ
လွမ်းမိနေဆဲပါပဲ
ဒီနေ့ည
ကြယ်စင်ကော လမင်းကော စုံလင်နေခဲ့
ဒါပေမယ့်လည်း
ကျွန်တော့်ကောင်းကင်က မဲမှောင်နေလိုက်တာ
ဒီနေ့လည်း အမည်မသိလွမ်းဆွေးမှုနောက်ကို
ကျေကျေနပ်နပ်ကြီး ယစ်မူးမိပြန်ပြီထင်ပါရဲ့
လွမ်းဆွေးမှုရဲ့ နောက်ခြေရာကောက်ကြည့်မိတော့
မသိဆိုတဲ့ အဖြေတစ်ခုကကြိုတယ်
သေချာတာတစ်ခုကတော့
ဒီနေ့ ကျွန်တော့်ဝဲဘက်ရင်အုံအောက်မှာ
အေးစက်စက် ဓါးတစ်ချောင်းရှိနေတယ်
ဘယ်သူလဲ ဘာ့ကြောင့်လဲ အဖြေရှာဖို့ထက်
အဲ့ဒီအလွမ်းဆိပ်မှာ ကျွန်တော်မူးတယ်
ရူးရူးမိုက်မိုက်ကို ယစ်မူးတယ်
တကယ်ချစ်တတ်ပြီ ဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိခဲ့
နှလုံးသားရဲ့ လိုအင်မှန်သမျှ ဖြည့်ဆည်းခဲ့မိတယ်
စိတ်တစ်ခုလုံး ကျေကျေနပ်နပ်အခိုင်းခံနေမိခဲ့တယ်
အလွမ်းပိုင်ရှင် အလွမ်းသခင်ကော ကိုယ့်လိုပဲလား
ဒီအတွေးလေး တွေးမိတော့
ရင်တစ်ခုလုံး ကြည်နူးမိလိုက်တယ်
ငြိမ့်ငြိမ့်လေး ပျော်ရွှင်တဲ့ အရသာကို
ဘာနဲ့ ဖမ်းဆုပ်ရမလဲ

1 comment:

ရတုသစ် said...

စိတ်တစ်ခုလုံး ကျေကျေနပ်နပ်အခိုင်းခံနေမိခဲ့တယ်
တကယ်ချစ်တတ်ပြီ ဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိခဲ့
သူဘယ်သူလဲဆိုတဲ့ မေးခွန်းတွေသာချာချာလည်လို့သူ့အကြောင်းကို...မသိလိုက်မသိဘာသာ လွမ်းနေခဲ့မိတယ်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်