Friday 12 July 2013

နှုတ်ဆက်တယ် ငယ်


“ငယ်”

တေးသံမပါတဲ့အိပ်မက်တွေ
သွေ့ခြောက်လွန်းခဲ့
ငယ်
နင်ငါ့ကိုစိမ်းသက်ပစ်လိုက်တော့
နင့်အပြုံးမှာငါမရူးချင်တော့ဘူး



အချစ်တဲ့
ဖေါ်မြူလာမှားခဲ့တယ်
ငါမကျွမ်းးတဲ့နယ်ကနေ
ငါပြန်တော့မယ် ငယ်
ကျေးဇူးပြုပြီး
ငါ့ကို ပြန်ခွင့်ပြု။

အစောဆုံးမစားခဲ့
အထူးဆုံးရူးဖြစ်ခဲ့
ဒီအချစ်က ငါ့အတွက်ချဉ်လွန်း
ငယ်
နင့် အသံတွေငါနဲ့တွေ့ရင်
မာ စမ်းပါ
ငါ ရုန်းထွက်ဖြစ်အောင်။

ငါ့အတွက် နင်ပါတဲ့အတိတ်တွေ
သိပ်လှတာပဲ
သူတို့ရုပ်ဆိုးအောင်
ကျေးဇူးပြုပြီး
အပြုံးတွေသိမ်းပါ။

ငယ်
ငါကမုဆိုးမှမဟုတ်တာ
ရွှေသမင်အလိုက်မမှားပါဘူး

နှလုံးသားနေရာချမှု လွဲခဲ့တာ။

ငယ်ရေ
ငယ်
နင့်ကို ငါချစ်သလို
နင့်ချစ်သူကို နင်ချစ်ကြည့်ပါ
ရင်တစ်ခုလုံး ကျွမ်းအောင်။

ငယ်
ပျော်အောင်နေ
ကျန်းမာရေးဂရုစိုက်
တစ်ဘဝစာနှုတ်ဆက်မယ်
ဂွတ်ဘိုင်။

အကြောင်းပြချက်တွေ ကုန်ဆုံးသွားတဲ့အခါ
နင်နဲ့ငါ
တစ်ဘဝစာ ဝေးကြတာပေါ့
ကြိုနှုတ်ဆက်တယ် ငယ်
ဂွတ်ဘိုင်။

1 comment:

လရိပ်အိမ် said...

ရဲဝံ့စွာနှုတ်ဆက်
အပြုံးမပျက်
ဂွတ်ဘိုင်ပေါ့။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်