Friday 5 July 2013

ဂျစ်

ထမင်းသိုးဟင်းသိုးလေးပါလေ
စိတ်လိုလက်ရ ရှိမှ
သတိတရစကားဆိုတတ်တာမဟုတ်လား

ဝေခွဲဖို့လည်းမတတ်ဘူး
ပိုင်းခြားဖို့လည်း စိတ်မဝင်စားဘူး
အရာမဝင်တဲ့နေရာမှာ
အရောင်လက်မပြချင်ဘူး

ဂျင်းစိမ်းနဲ့မိဿလင်လို
မှန်စည်းမျဉ်းကိုပဲနှစ်သက်
ကိုယ့်စိတ်ပျော်ဝင်မှုကိုပဲ
အရောင်လက်စေချင်ခဲ့တာ

မကြမ်းတကြမ်းလမ်းလေးပါ
ဖိနပ်ပေါက်သည်ထိလျှောက်မယ်
အရာဝင်ဖို့တော့မဟုတ်
ကိုယ့်နှလုံးသားကိုယ်
အရောင်လက်စေချင်လို့ပါ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်