Wednesday 3 July 2013

လှေကားထစ်(၁)

မမြင်ရတဲ့ကံတရားအတွက်
အိပ်မက်တွေကနိမိတ်ပုံ

ပုံအောလောင်းခဲ့မိတဲ့
အိပ်မက်တစ်ခင်း
ဒုံရင်းလေးတောင်မကျန်ရစ်
မျှော်လင့်ချက်တွေရှုံးသွားခဲ့

ကိုယ့်စိတ်ကိုယ်
တည်ဆောက်နေရတာ
ပင်ပန်းချက်
ခုထိမခိုင်မတ်နိုင်သေးဘူး
အိပ်မက်တစ်ခင်းကိုထပ်လောင်းဖို့အတွက်
မျှော်လင့်ချက်တွေတစစီပြန်စုစည်းနေမိတုန်း

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်