Wednesday 3 July 2013

အလွမ်းကြောင့်ရူး

ဖြည်ချလိုက်တဲ့ အလွမ်းမှာ
နာမည်တစ်ခုသာာကျန်ခဲ့
လွတ်လွတ်ကျွတ်ကျွတ်ကြီးရူးတော့မယ်ထင်ရဲ့

အသံစလေးတွေဟာ အလွမ်းမပြေစေဘူး
ဖုန်းကလေးကို ပိတ်လို့ အိပ်ပစ်မယ်
အိပ်မက်မှာ တွေ့ခွင့်ရချင်ရဲ့

နှလုံးသားစောင့်နတ်ကလေးရေ
ကိုယ့်အိပ်မက်ကို လာပါ
ကျေးဇူးပြု၍
ကိုယ့်အလွမ်းကို နှစ်သိမ့်ပါ

ဖျက်ပစ်ဖို့ မေ့နေတဲ့ မန်မိုရီတွေမှာ
နင်သာ နေရာယူထားကြောင်း
ငါဘယ်လိုပြောရမလဲ

ရူးတယ်
လွတ်လွတ်ကျွတ်ကျွတ်
အလွမ်းတွေဟာ လေးသထက်လေးလာ
ကိုယ့်ရင်တစ်ခုလုံး လွတ်ဟာစရာနေရာမရှိခဲ့

ကျေးဇူးပြု၍ ကိုယ့်အလွမ်းတွေကို ဖြေသိမ့်ပေးပါ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်