Wednesday 3 July 2013

သုညလူ

“သုညလူ”

အိပ်မက်တွေ လက်သိပ်ထိုးရောင်းချင်တယ်
ဟိုတစဒီတစ
မပီပြင်တော့တဲ့ အိပ်မက်နယ်ပယ်များ
ဖြစ်ချင်တာတွေများပြီး ဖြစ်သင့်တာနည်းလာခဲ့
ဘဝမှာ ကိုယ်ဟာ ဆန်ကုန်မြေလေးရုံသက်သက်ရှင်သန်ခဲ့သလား
သိလျှက် လမ်းပျောက်နေတဲ့ အဖြေတွေ
လိုက်မရှာချင်ဘူး
တစ်နေ့ တွေ့မယ်

ကိုယ်မတည်ဆောက်ပေမဲ့
ကိုယ့်ရည်မှန်းချက်အတွက် ဖြစ်လာမယ့် လှေကားတစ်စင်း
လမင်းအလင်းကို ခပ်ဖို့ အသုံးပြုစေတဲ့

လက်ဆုပ်လက်ကိုင်မပြနိုင်သော ပန်းတိုင်များ
အရာရာဟာ စိတ္တဇနာမ်
ဒြပ်မရှိတဲ့ ပန်းတိုင်တွေကိုပဲ ကိုယ်
တစ်ခုပြီးတစ်ခုမျှော်ကြည့်နေမိခဲ့
လမင်းအလင်းကို ခပ်ဖို့ ကြိုးစားနေမိရဲ့။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်