Friday 12 July 2013

ငှက်ကလေးသို့....

“ငှက်ကလေးသို့...”

ငှက်ကလေးအတွက်
ကိုယ်ဟာအမောပြေလေနုအေးလေး ဖြစ်ခဲ့ဖူးတယ်ဆိုရင်
ကျေနပ်တယ်

အိပ်မက်ကြီးရယ်
ကျေးဇူးပြု၍
ကျွန်တော့်ကိုနှိုးပါ
ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိတယ်ဗျ

နံနက်ခင်းရယ်
သစ်ပင်လေးကိုသနားသောအားဖြင့်
လင်းလက်ပါ
သစ်ပင်လေးဟာအလင်းမလာမချင်း
ငှက်ကလေးအတွက်ရူးနေမိမယ်ထင်ရဲ့

အရူးလေးပါ
ကြင်နာမှုတွေမပြနဲ့
နေမြင့်မြင့်သွားတယ်

ခါးသက်သက်ဆိုကိုယ်မုန်းမိမယ်ထင်ရဲ့
ကျေးဇူးပြု၍
ကိုယ့်ကိုမပြုံးပြပါနဲ့

ငှက်ကလေးရေ
သနားသောအားဖြင့်
ကိုယ့်ကိုစိမ်းသက်ပါ
အဖြူရောင်ကြင်နာမှုတွေမှာ
ကိုယ်ရူးသွပ်နေမိတာကြာခဲ့ပြီ

သစ်ပင်
သွေ့ခြောက်နေတဲ့ဘဝ
နေပျော်ပါ့မယ်
ဆက်မရူးရအောင်
အစိမ်းရောင်မျက်ဝန်းနဲ့ကြည့်ပေးပါ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်