Saturday 2 February 2013

အချစ်ရူး

““အချစ်ရူး””

ပြင်ဆင်ခွင့်မရှိတဲ့ အရှုံးကို မှပိုင်ဆိုင်ခဲ့ရသူ

တကယ်ဆို ကိုယ်က....

ဘဝတစ်လျှောက်လုံး မကောင်းမှုမှန်သမျှ ရှောင်ခဲ့သူပါ

ဒါပေမယ့်လည်း မဖိတ်ခေါ်ပဲရတဲ့ အရှုံးကို ပြုံးပြီးလက်ခံလိုက်ရ




အယောင်ဆောင် မေတ္တာတွေနဲ့မှ ကြုံခဲ့ရသူ

တကယ်ဆိုကိုယ်က....

အယောင်ဆောင်ဆိုရင် အမုန်းကြီး မုန်းတတ်သူမလား

ခုတော့လည်း ကိုယ်ကိုယ်တိုင် ဖြူစင်မှုအရောင်ကို ဆိုးပြီးနေခဲ့ရ



သူ့အပြုံးမှာ ကိုယ်ဟာ ရေငုံနှုတ်ပိတ် ခေါင်းငြိမ့်မိခဲ့ရ

တကယ်ဆို ကိုယ်က

အချစ်ဆိုတာကို အတီးအတ ကစားစရာအဖြစ်သတ်မှတ်ခဲ့မိသူ

ခုတော့လည်း သူ့လက်ခုပ်ထဲက ရေအဖြစ်အသွင်ပြောင်းခံလိုက်ရ


တကယ်ဆို ကိုယ်က......
.........
အရှုံးကိုမှ ကျေကျေနပ်နပ်ကြီး လက်ခံခဲ့ရသူ...

1 comment:

မိုးနတ်ကြယ်စင် said...

right !
အချစ်နဲ့တွေ့ရင် လူတော်တော်များများဟာ
ဘ၀တစ်ခုလုံးမဟုတ်ရင်တောင် အားလုံးနီးပါး
ရူးသွပ်သွားကြတဲ့ သဘောရှိတယ်...
ဘယ်လောက်ပဲ စိတ်ဓါတ်ခက်ထန်မာကျောတဲ့သူ
ဖြစ်ပစေလေ...အချစ်နဲ့တွေ့ရင် ခံနိုင်ရိုးလား :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်