Tuesday 5 February 2013

ပျော်ရဲ့လား(၂)

ပျော်ရဲ့လား(၂)

ပျော်...ရဲ့...လား..
ဟိုးမှာ နှလုံးသွေးတွေကို
မင်းအတွက် မိုးအဖြစ်ရွာချပေးနေတဲ့ သူရှိတယ်
မင်းပျော်ဖို့ မင်းချစ်တဲ့ မိုးတွေ သူဖန်ဆင်းပေးချင်လို့တဲ့..
ပျော်ရဲ့လားလေ....


ဟိုးမှာ မြင်ကြည့်လိုက်
သူပဲလေ
တိမ်တွေကို ခူးပြီး မင်းအတွက် တိမ်မွေ့ယာခင်းပေးချင်သတဲ့
သူ့ခမျာ စိတ်ကူးတွေနဲ့ ရူးခဲ့ရှာတာ
တော်တော်ကြာပြီ
မင်း ပျော်ရဲ့လားလေ

ပျော်...ရဲ့...လား
သူပဲလေ
အိပ်မက်တွေကို လက်တွေ့မှာ ပုံသွင်းမယ်ကြိုးစားမိ
အရိပ်အဖြစ်တောင် အကောင်အထည်မပေါ်မှန်းသိပေမယ့်
သူ.. ငေးကြည့်နေတုန်း မင်းကို
တိတ်တဆိတ်ဝမ်းနည်းမှုတွေနဲ့....
မင်း ပျော်ရဲ့လားလေ

မင်းပျော်နေသေးလား...
သူပဲလေ
ဒီနေ့ငိုနေတယ်
သူ့နှလုံးသားအရိပ်တွေကို သူဖျက်ပစ်ဖို့ကြိုးစားရင်းငိုနေတယ်
အချစ်မရှိရင်သေနိုင်တဲ့ အမျိုးအစားထဲသူမပါဘူး မာန်တင်းရင်း သူ..ဖျက်တယ်
ဒါပေမယ့်..သူငိုနေတယ် မပျက်သေးဘူး
မင်း...ပျော်ရဲ့လားေးလ.............။

ရည်ဝေ

1 comment:

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးး ( ၂ ) ကျတော့ ဟိုလို ဒီလို အပြောင်အပျက် စကား
မဆိုနိုင်တော့ဘူးးးးးးးးးးး ထိုင်ငိုသွားတယ်..
ပေးဆပ်သူရဲ့ အချစ်တွေကြောင့်လေ :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်