Monday 4 February 2013

ပျော်ရဲ့လား

ပျော်ရဲ့လား
ပျော်ရဲ့....လား.......
ပျော်...ရဲ့....လား...
တိတ်တဆိတ်မေးနေတဲ့ ငါ့စကားသံတွေ
တဖြည်းဖြည်း အက်ကွဲခြောက်ကပ်လို့.....
ထပ်မေးပါရစေ
ပျော်....ရဲ့..လား........။


ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ သံယောဇဉ်နှစ်ခု
ခလုတ်တိုက်မှုအကြောင်း
ဘယ်သူမှ တာဝန်ယူစရာမလိုတဲ့
နှလုံးသားတစ်ခု ကွဲအက်သွားတဲ့အကြောင်း
ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ အကြောင်းရင်းနဲ့
ငါ အသက်ရှင်နေဆဲဖြစ်ကြောင်း
ဒီနေ့အတွက်
ငါ့နှလုံးသား အစီရင်ခံစာကို ဖတ်မိပါစေ

ထပ်မေးပါရစေ
ပျော်..ရဲ့..လား။

1 comment:

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးး
ပျော်သလိုလိုတော့ အရှိသားးးးးးးးးးးးးးးးးး
ဒါပေမဲ့ တကယ်တမ်းကျတော့ ပျော်ဘူးးးးးးးးးးးးးးးးးးးးးးးးးးး :P

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်