Sunday 17 February 2013

သိပ်မကြာခင်ရောက်လာတော့မည့် အချိန်တစ်ခုအတွက် ..

၂၇>>>>၂၈
၂၈-၆

<<<<၄>>>>>

ဂဏန်းတွေနဲ့ ကစားချင်တိုင်းကစားနေတာမဟုတ်ဘူး
တကယ်ဆို သူတို့က ငါ့ကို ကစားသွားတာ
မပြိုင်နိုင်ပါဘူးဆိုကာမှပဲ
အနိုင်ချည်း ပိုင်းသွားကြတာ
တကယ်ပါပဲ ၁ ဂဏန်းကိုမုန်းတယ်
၂၈ ဂဏန်းကို မုန်းတယ်
ဘာမဟုတ်ညာမဟုတ်


စွဲလန်းတတ်တဲ့ စိတ်ကိုမုန်းတယ်
အစွဲအလန်းကြီးတတ်တဲ့ စိတ်ကို မုန်းတယ်
တိမ်ပေါ်မှာမှ အရုပ်ရေးတတ်လွန်းတဲ့ အဖြစ်ကို မုန်းတယ်
ရေပေါ်မှာ ပန်းချီဆွဲမိလွန်းတဲ့ အဖြစ်ကို မုန်းတယ်
၂၈ ဂဏန်းကို မုန်းတယ်
၂၇ ရဲ့ ပြီးဆုံးခြင်းမှာ ၂၈ ကစတော့မယ်
ဘဝမှာ ပိုင်နိုင်တာ ဘာမှ မရှိသေးဘူး
ဘာဆိုဘာမှလည်း မလုပ်ခဲ့မိသေး
ဒီ၂၇နှစ် အတွင်း ဘယ်လိုများရှင်သန်နေထိုင်ခဲ့မိသလဲ
အမုန်းဆုံး ၂၈ ကို မကြာခင် ဖြတ်သန်းရတော့မယ်
ကဲ.........
ဘယ်လိုဖြတ်သန်းမလဲ
အရင်အတိုင်း အတွေးဟောင်းလား
လမ်းဟောင်းလား
လမ်းသစ်ဖေါက်ဖို့ ကြောက်တတ်တဲ့ အကျင့်တွေ ဖျောက်တော့
ဖျောက်တော့လို့ သတိပေးနေမိတဲ့ အချိန်တိုင်းမှာ
လမ်းဟောင်းကို စွန့်ဖို့တော့ မေ့နေရင်း
ဒွိဟအတွေးတွေနဲ့ ကုလားထိုင်နှစ်ခုလုံး ထိုင်ချင်နေမိတဲ့ အဖြစ်
အောင်မြင်မှုရရင်တောင်
တစ်ခုအတွက် တစ်ခုက အကျရှုံးခံရမယ့်ကိန်း
ကဲ..
ဘယ်ကုလားထိုင်ကို စွန့်ပစ်မလဲ
ကိုယ့်ဘာသာ သေချာစဉ်းစားစမ်း
အပြစ်မရှိတဲ့ ၂၈ ကိုလည်း
ဘာမဆိုင်ညာမဆိုင် မုန်းပစ်လိုက်စမ်း

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်