Sunday 3 February 2013

ရှုံးသူ


ဖက်ပွေ့ထားရတဲ့အရှုံးတွေဟာ ရထိုက်လား/ မရထိုက်လား ဝေခွဲစဉ်းစားမရသေးခင်.........
လမ်းမအိုကြီးပေါ် သယ်ဆောင်သွားခံလိုက်ရ
အသယ်ဆောင်ခံလိုက်ရတဲ့ခန္ဓာဟာ စိတ်ဆိုတဲ့နာမ်ကို ဆွဲခေါ်ထားဖို့ မေ့လျော့စွာ.....
လမ်းမအိုထက်ကလူဟာ ငါ......လား
မသေချာခြင်းများစွာနဲ့ ငါ့ကိုယ်ငါ ပြန်မေးကြည့်တော့
ငါ..ပျောက်နေတာ ကြာခဲ့ပြီ



ပျော်ဝင်လူးလိမ့်နေပေမယ့် လိုချင်စိတ်ကင်းခဲ့တယ်
ဒီအရှုံးတွေကို
လွှင့်ပစ်ဖို့ စိတ်ကူးနဲ့ ထုပ်ပိုးထားခဲ့မိ
တကယ်တမ်းအသယ်ဆောင်ခံလိုက်ရတော့ အ၇ှုံးနဲ့အတူ ငါပါ..ထုပ်ပိုးခံလိုက်ရ
ခေါက်ရိုးကျိုးနေတဲ့နှလုံးခုန်သံတွေ
ခေါက်ရိုးကျိုးနေတဲ့ခံစားချက်တွေ
ခေါက်ရိုးကျိုးနေတဲ့ မြင်ကွင်းတွေ
ခေါက်ရိုးကျိုးနေတဲ့.........
ရာထောင်သောင်းများစွာဟာ ခေါက်ရိုးကျိုးရာဖြစ်ဖို့အတွက်
ဘယ်ချိန်ကတည်းက ခေါက်ရိုးချိုးခံလိုက်ရတာလဲ
ဘယ်ချိန်ကတည်းက ထုပ်ပိုးခံလိုက်ရတာလဲ
အဖြေကို ရှာမိတော့
စိတ္တဇနာမ်ရဲ့ခပ်ထေ့ထေ့အပြုံးက ငါ့ကို သတ်ဖို့ကြိုးစားတယ်

ဖက်ပွေ့ထားရတဲ့ အရှုံးတွေဟာ ရထိုက်လား/မရထိုက်လား ဝေခွဲမရသေးခင်......
ငါ့ ဈာပနအတွက် ပြင်ဆင်နေမိခဲ့...
ငါ...........
ခေါက်ရိုးကျိုးစွာနဲ့ပဲ အရှုံးကို လက်မြှောက်အရှုံးပေးခဲ့မိပြီ။

ရည်ဝေ

2 comments:

မိုးနတ်ကြယ်စင် said...

ရာထောင်သောင်းများစွာဟာ ခေါက်ရိုးကျိုးရာဖြစ်ဖို့အတွက်
ဘယ်ချိန်ကတည်းက ခေါက်ရိုးချိုးခံလိုက်ရတာလဲ
ဘယ်ချိန်ကတည်းက ထုပ်ပိုးခံလိုက်ရတာလဲ
အဖြေကို ရှာမိတော့
စိတ္တဇနာမ်ရဲ့ခပ်ထေ့ထေ့အပြုံးက ငါ့ကို သတ်ဖို့ကြိုးစားတယ်....

မိုက်စ် :)

Yoemyaykya said...

ခေါက်ရိုးကျိုးနေတဲ့နှလုံးခုန်သံတွေ
ခေါက်ရိုးကျိုးနေတဲ့ခံစားချက်တွေ
ခေါက်ရိုးကျိုးနေတဲ့ မြင်ကွင်းတွေ
ကဗျာလေးကို ခေါက်ရိုးကျိုးနေတဲ့သူတစ်ယောက်အားရပါးရလာဖတ်သွားပါတယ်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်