Monday 18 February 2013

မုန်းတယ်

တစ်ချက်ချက်နဲ့ မြည်နေတဲ့ အသံမှာ
အလွမ်းတွေဟာ.....တစ်ပွင့်ခြင်းစီးဆင်းနေခဲ့
ချစ်သူ အမေ့ခံရတဲ့ နေ့ရက်ကို
တကယ်............မုန်းတယ်။

သွဲ့သွဲ့လေး ပြေးနေတဲ့ လေပြေကြားထဲ
တမ်းတမှုတွေဟာ... တစ်ပါတည်း စီးမျောလိုက်ပါသွားခဲ့
(မင်းရှိရာအရပ်ဆီ)

တကယ်ဆို
ငါက ကောင်းကင်လိုမျိုး
မင်းရှိရာနေရာကို အမြဲလို ကြည့်ချင်နေမိသူ
ခုတော့..............
ငါဟာ သစ်တစ်ပင် အဖြစ်နဲ့ ကျောက်ချရပ်နေခဲ့ရ။

လေပြေလေးရေ..
ငါ့ချစ်ခြင်းကို သူ့ဆီ တပါတည်း သယ်ဆောင်ပေးပါ
လေပြေလေးရေ.........
သူ့ရနံ့ကိုပါ ငါ့ဆီ ပြန်လည်သယ်ဆောင်လာခဲ့ပါ
လေပြေရေ...........
လေပြေလေးရေ..........
တမ်းတတ ငိုညည်းသံဟာ
ကြားသူမဲ့ လွင်ပြင်မှာ အထီးကျန်ဆန်လွန်းတယ် ။

နယူတန်ရဲ့ နိယာမဟာ မမှန်နိုင်တော့ဘူးလား
ခပ်ဝါးဝါးအတွေးတွေနဲ့
အိပ်ပျက်ခဲ့ ညတွေဟာ
ငါ့အတွက် ........
ချစ်ခြင်းရဲ့ သီးသန့်လက်ဆောင်ဖြစ်ခဲ့
ထပ်...ပြီး ပြောပါရစေ
ချစ်သူ အမေ့ခံရတဲ့နေ့ရက်ကို
တကယ်....မုန်းတယ်။

1 comment:

Unknown said...

တကယ်ဆို ငါက
ကောင်းကင်ဖြစ်ချင်ခဲ့တာ
မင်းဘယ်နေရာမှာနေနေ
မင်းဘယ်နေရာမှာရှိရှိ
ကလေးတစ်ယောက်ကို စိတ်မချသလိုမျိုး
အရိပ်လို ကြည့်ချင်ခဲ့တာ။

ခုတော့ ငါက.....သစ်ပင်
ဘယ်ကိုမှ မရွေ့မလျားနိုင်တဲ့ သစ်ပင်
တာဝန်တွေနဲ့...
ရွေ့လျားခွင့်မရှိတဲ့ သစ်ပင်။

ငှက်ကလေးရေ တောင်ပံလေးတွေ ငါ့ကို ပေးသနားပါ
ငှက်ကလေးရေ ငါ့အလွမ်းလေးတွေ ပြောပေးနိုင်မလား
ငှက်ကလေး............ရေ
အသံတွေ တဖြည်းဖြည်းနဲ့ ခြောက်သွေ့အက်ကွဲ....
တမ်းတတဲ့ ဒဏ်၇ာဟာ တကယ်ကို ခါးလွန်းတယ်။

ငှက်ကလေးရေ........
တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့အပါးသွားပေးပါ
သူ့စကားသံတွေ ပါဆယ်ထုတ်ခဲ့ပါ
သူ့အပြုံးတွေ အချိန်နဲ့အလိုက်သိမ်းခဲ့ပါ
သူ့ နာကျင်မှုတွေကို ငါ့ပျော်ရွှင်မှုနဲ့ အစားထိုးပေးပါ
ငှက်ကလေးရေ..............။

တကယ်ဆို ငါက
ကောင်းကင် .... ဖြစ်ချင် ခဲ့တာ။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်