Wednesday 28 September 2011

ငြင်းဆိုပါရစေ...ထာဝရအတွက်

အချစ်ဆိုတဲ့ ကြယ်
ငါ မဖက်တွယ်ဝံ့ဘူး
အရူးလုပ်ခံရလွန်းလို့ထင်ပါရဲ့
ငါ့နှလုံးသားက..
အချစ်ကို ငြင်းဆိုတယ်…..ထာဝရအတွက်
ရင်ထဲကြုကယ်ငယ်
ဘယ်သူမြင်သိနိုင်မလဲ
တိတ်တခိုးသိမ်းခဲ့
မြတ်နိုးခြင်းပန်းခင်းလေးကို
ပျိုးခဲ့မိသမျှ
ဝန်မခံဝံ့ဘူး
နောက်တခါအလှည့်စားခံဖို့….
ငါ့နှလုံးသားက ငြင်းဆိုတယ်.ထာဝရအတွက်
ငါ့ရင်မှာ နင်အမြဲရှိလည်း
နင်သိဖို့ မရည်ရွယ်ဘူး
နင့်အနားငါလာမိလည်း
နင်မမြင်မိအောင် တိတ်တိတ်လေးသာ
တကယ်တမ်း..နင်ဆိုတဲ့ ကြယ်ငယ်ရဲ့ လက်ကို
ငါမှ တွဲမခိုဝံ့တာ
ပျဉ်ဖိုးနားလည်တဲ့ ငှက်ငယ်သာသာ
ငါဟာ
နောက်တခါအသဲကွဲဖို့လက်မခံဝံ့ဖူး
အချစ်ဦးပေးတဲ့ ဒဏ်ရာဆူးက
အနက်ရှိုင်းလွန်နေဆဲမို့။

3 comments:

Unknown said...

အချစ်ဆိုတာ ဒီလိုပါပဲ သူငယ်ချင်းရာ...။ ကဗျာလေးကို ခံစားပေးခဲ့တယ်ကွာ..။ အချစ်ကဗျာလေး...ကြိုက်တယ်..။

တသသ said...

အချစ်ဦး နှစ်တစ်ရာတိုင်မမေ့နိုင်တဲ့
မမရေ ကဗျာလေးကောင်းပါ၏

စံပယ်ချို said...

ကိုယ်ကြိုက်တဲ့ အစားအစာကိုစားလိုက်ရသလိုပဲ
ကဗျာလေးဖတ်ရတာ အရသာရှိနေတာပါပဲရှင်
ခင်မင်တဲ့ sis jasmine
ကဗျာတွေကိုချစ်တတ်သူမို့ကဗျာလေးရွှေးဖတ်ခဲ့တယ်နော်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်