Sunday 18 September 2011

မျှော်လင့်ရသော...ဆုံစည်းခွင့်

ကောင်မလေး မျှော်နေတာ တော်တော်ကြာပြီ။ ဒီတစ်ခါ Dave ဆိုတဲ့ကောင်လေး ဘလော့ဂ်မတင်တာကြာလိုက်တာ။ သူဘလော့ဂ်ရေးဖို့ စိတ်မပါသေးဘူး ထင်ပါတယ်….ဟု တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ ကောင်လေးရယ် အသည်းကွဲတယ်ဆိုတာ ကြာရှည်ခံစားဖို့ မကောင်းပါဘူး။ အိပ်မက်ကနေ မြန်မြန်နိုးထပါတော့နော်။

…………………………………

ကောင်လေးကို စတွေ့မိတာက သူမဝင်နေကျ ဆိုဒ်တစ်ခုမှာ။ Home page ကိုကြည့်ရင်း သူမကိုဆွဲဆောင်သွားတာက ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေး။ မရည်ရွယ်ပါပဲ ပုံပိုင်ရှင် လေးရဲ့ စာမျက်နှာကို နှိပ်လိုက်မိခဲ့သည်ရယ်လေ။ အို….ချစ်ဖို့ကောင်းလိုက်တာ။ ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးနှင့် ပုံစံအမျိုးမျိုးလုပ်ပြီး တင်ထားတာများ။ အာဝဇ္ဇန်းတော့ တော်တော် ရွှင်ဟန်ထင့်။ သူရေးတဲ့ comment လေးတွေကနေ သူ့ဟာသလေးတွေကို မြင်နေရသည်။ အသက်ကြည့်မိလိုက်တော့ ၁၉ နှစ်တဲ့။ သြော် ကလေးလေးပဲလို့။

နောက်ပိုင်း ထိုဆိုဒ်ထဲဝင်တိုင်း ကောင်လေးရဲ့ စာမျက်နှာကို အမြဲလိုလို ဝင်ဖြစ်ခဲ့သည်ရယ်လေ။ ကောင်လေးက တစ်ခါတစ်ရံလည်း ကဗျာရေး တင်တတ်သည်။ ကောင်လေး ရေးတင်လျှင်လည်း ဟာသချည်းသာ။ ကောင်လေးရေးတဲ့ စာလေးတွေ၊ ဘလော့ဂ်လေးတွေ လိုက်ဖတ်ရင်း ကောင်မလေးမှာ အမြဲ ပျော်ရွှင်ရစမြဲ။ တစ်ခါတစ်ခါကျတော့လည်း အတည်ပေါက်နှင့် ဘလောဂ်ဆောင်းပါးရှည်တွေ ရေးတတ်သည်။ သို့သော် သူရေးသည်က စာရေးဆရာ အကြည်တော်နှင့် နင်လားငါလား။


ဒီတော့ သူ့စာမျက်နှာကို ဝင်ပြီး သူ့ပုံလေးတွေ ကြည့်နေတတ်တဲ့ ကျွန်မ သူရေးတဲ့စာလေးတွေမှာပါ ပျော်ဝင်လာတတ်ခဲ့တော့သည်။ ကောင်လေးကို သူ့မျက်နှာလေးကြည့်ပြီး ကလေးလေး လို့ ခေါ်ဖြစ်သည်။ ဟုက်သည်လေ။ ကလေးပေါ့။ ကောင်မလေးထက် နှစ်နှစ်လောက်ငယ်သည်ရယ်။ သူကတော့ ကောင်မလေးကို သတိမထားမိနိုင်ပါ။ သူ့စာမျက်နှာသွားသည်ဖြစ်စေ၊ သူ့ဘလော့ဂ်လေးတွေ ဖတ်သည်ဖြစ်စေ ကောင်မလေး ဘယ်တော့မှ မှတ်ချက်မရေးခဲ့ပါ။ ဒီလိုတိတ်တစ်ဆိက်လေး ကြည့်နေရခြင်းမှာ သာ ကောင်မလေးပျော်ဝင်နေခဲ့ပြီး ကောင်လေးသိအောင် မကြိုးစားချင်ခဲ့ပါ။ ဒီစာမျက်နှာလေးပေါ်မှာ ကောင်လေးကိုတွေ့နေရလျှင်၊ ကောင်လေးရေးတဲ့ ဘလော့ဂ်တွေကိုဖတ်နေရလျှင် ကောင်မလေး ကျေနပ်ပြီ။ ပျော်ရွှင်သည်ရယ်လေ။ တစ်နည်းအားဖြင့်ဆိုရသော် ရေအိုင်ထဲက လရိပ်လေးကို ကြည့်ခွင့်ရရုံနှင့် သူမ ပျော်ရွှင်ပါသည်လေ။

……………………

အလွမ်းတို့နှင့် ကဗျာတစ်ပုဒ်ယောင်ယမ်းကာ စပ်မိလိုက်သည်။

ချစ်သူ

လွမ်းတယ်

မင်းမမြင်မသိပေမဲ့

ငါ့ရင်ထဲမင်းအမြဲရှိတယ်

တိတ်တစ်ခိုးပွင့်တဲ့ပန်းပေမဲ့

တယုတယပျိုးစရာမလိုပဲ ရှင်သန်နေတာများ

တစ်ခါတစ်ရံတော့ မင်းကိုသိစေချင်ပါရဲ့

ငါမင်းကို မြတ်နိုးမိနေတာကိုလေ

ကယောင်ကယမ်း စာသားတစ်ချို့ ရေးမိပြီးမှ ကောင်မလေးမျက်လုံးကိုမှိတ်လိုက်မိသည်။

လွမ်းလိုက်တာ ကောင်လေးရယ်။ မင်း comment လေးတွေလည်း မတွေ့တာကြာပြီ။ မင်းဘာတွေဖြစ်နေလဲကွယ်။ မင်းစာမျက်နှာမှာ အသစ်တင်ထားတဲ့ပုံလေးက အသည်းကိုထုတ်ပြီး ကျောခိုင်းထားတဲ့ ကောင်မလေးကို ပေးလိုက်တဲ့ပုံ။ ရေးထားတာက …..ကျွန်တော် အသည်းကွဲနေသည်………….. တဲ့လား။ စိတ်မကောင်းလိုက်တာ။ ပျော်ရွှင်ပါစေ ကလေးရယ်။ ပျော်ရွှင်ခြင်းတွေလက်ကိုင် ပိုင်နိုင်ပါစေ…လို့ ဆုတောင်းပေးခဲ့တယ်နော်။ ဒီတစ်ခေါက်တော့ လက်ကအလိုလို comment ပေးခဲ့မိတယ်။

This, too, will pass. ……………………….လို့။

………………………………………………………………………………………………………………………………………………………………….

ကောင်လေး အွန်လိုင်းပေါ် မရောက်တာကြာပြီ။ အသည်းကွဲနေတယ် ဆိုတဲ့ စာသားလေးတင်ပြီးကတည်း က မရောက်ဖြစ်ပါဘူး။

ကောင်လေး ချစ်နေတဲ့ကောင်မလေးက သူ့တရားဝင်ချစ်သူနှင့် တွဲပြပြီးကတည်းကပေါ့။ တစ်ကယ်က သူ့သူငယ်ချင်းလေးပါ။ သူပြောသမျှတိုင်းကို နောတ်နေတယ်လို့ ထင်နေတတ်တဲ့ သူငယ်ချင်းလေး။ သူဘယ်လိုပြောပြောမယုံတဲ့ သူငယ်ချင်းလေးကြောင့် သူ့စိတ်တွေ အခြေကျဖို့ နယ်မြို့လေးတစ်မြို့မှာ သူ ခဏ သွားခိုလှုံဖြစ်ခဲ့တယ်။

အဲဒီမှာ အစ်ကိုဝမ်းကွဲရှိတယ်လေ။ အစ်ကို့အိမ်မှာနေရင်း အစ်ကို့ အင်တာနက်ဆိုင်လေးမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် နေခဲ့တာပေါ့။ ဒါပေမဲ့ အင်တာနက်သုံးဖို့လည်း စိတ်မဝင်စားသလို chatting ထိုင်ဖို့လည်း စိတ်မဝင်စားခဲ့ဘူး။ စိတ်ဒဏ်ရာတွေထဲမှာ နစ်မြောပြီး အနည်ထိုင်ဖိုက လုပ်နေခဲ့တာပေါ့။ ခုနေ သူငယ်ချင်းတွေသာ ကောင်လေးကို တွေ့ရင် မမှတ်မိမှာ သေချာတယ်။ ဆံပင် ကုပ်ထောက်နဲ့ ညှင်းသိုးသိုးနိုင်နေတဲ့သူ့ပုံစံကိုကြည့်ပြီးတော့လေ။ အစ်ကိုကလည်း ပြောသား…ညီ မင်းစိတ်ညစ်လာသလားကွာ ရောက်ခါစထက်တောင် တစ်ဖြည်းဖြည်း ပိန်လာပြီ….တဲ့။ မဟုက်ပါဘူး အစ်ကိုရာ ခရီးဒဏ်ကြောင့်ပါ…လို့ သူလည်း ဖြီးဖြန်းနေရတာပေါ့။

ဒီရက်ပိုင်း ကောင်လေးကို စိတ်ဝင်စားနေစေတဲ့ အရာတစ်ခုရှိတယ်။ ကောင်မလေး တစ်ယောက်။ သူ့ထက်တော့ အနည်းငယ်လောက် အသက် ကြီးနိုင်သည်။ ဆံပင်ရှည်ရှည်ကို ပဝါစတစ်ခုနဲ့ စည်းထားတတ်ပြီးဂျင်းဘောင်းဘီရှည်နှင့် ရှပ်အိကျီ င်္သည် သူမကို ဒါဝတ်ဟု ခေါ်လို့ရမည်ထင်ပါရဲ့။ အရောင်သာကွဲသည်။ ပုံစံက တစ်မျိုးတည်း။ စိတ်အစွဲအလန်းကြီးတတ်သူ၊ လွယ်လွယ်နှင့် မပြောင်းလဲတတ်သူမျိုးဖြစ်မည်ထင့်။ တစ်ပတ်ကို ငါးရက်လောက်လာသုံးသည်။ သုံးသည်ဆိုသော်ငြား စာမျက်နှာတစ်ခုကို ဖွင့်ထားပြီး ငေးကြည့်နေခြင်းသာ။  စူးစူးစိုတ်စိုတ်။ ရီရီဝေဝေဖြင့်။ မနက်အစောပိုင်း တစ်နာရီလောက် ထိုကဲ့သို့ စိုတ်ကြည့်တတ်ပြီး ပြန်လျှင် လေးတိလေးကန် နှေးတိနှေးကန် ခြေလှမ်းများဖြင့်။

သြော်…ငါ့လိုပဲ အသည်းကို ကုစားရခက်နေသူတစ်ဦးဖြစ်မည် ထင်ပါရဲ့….ဟု ကောင်လေးပင် တွေးမိလိုက်သေးသည်။ ဒါပေမဲ့ ကောင်လေး ခုတော့ အနည်ထိုင်ပါပြီ။ ဆံပင်ရှည်လွဲလို့ ကိုယ်ခန္ဓာလည်း ပြည့်ပြည့်ဖြိုးဖြိုးပြန်ဖြစ်လာချေပြီ။ ဆံပင်ကတော့ မဖြက်သေးဘူး။ ရန်ကုန်ရောက်မှပဲ သူငယ်ချင်းတွေကို ပြရင်း ရောင်းစားတော့မည်ဟု..။

…………..

အစောနကပဲ ကောင်မလေးပြန်သွားချေပြီ။ စက်ကိုတောင် ပြန်ပိတ်မသွားနိုင်။ သူ့အိမ်က လိုက်ခေါ်၍ပင်။ ဘာ့ကြောင့်လဲဆိုတာတော့ သူမကြားလိုက်။ စက်ပိတ်ဖို့သူသွားလိုက်သည်..။ keyboard ပေါ်လက်တင်ပြီး screen ပေါ် လက်ရောက်ခိုက်…………..မြင်လိုက်ရတာက

This, too, will pass………………………….

ဒါ သူ့စာမျက်နှာပဲ။ သူ အမြင်မှားသလား။ မမှားပါ။ ဒီတစ်မနက်လုံး ကောင်မလေး ထိုင်ကြည့်နေတာ သူ့စာမျက်နှာတဲ့လား……။ ရင်ထဲမှာ အပျော်တို့ ရုတ်တစ်ရက် ဖြစ်ထွန်းလာသည်။ ကောင်မလေးရဲ့ nick name ကိုကြည့်လိုက်မိတော့…………………DEVIL……….တဲ့။

နောက်နေ့တွေ ကောင်မလေး မလာတော့ပါ။ ဘာ့ကြောင့်လဲဆိုတာတော့ ကောင်လေးမသိ။ ဆိုဒ်ထဲဝင်ပြီး ကောင်မလေး နေရပ်လိပ်စာကိုကြည့်မိတော့ …ရန်ကုန်…တဲ့။

ပြန်တော့မယ် အစ်ကို…..

အေးကွာ မင်းပြန်သွားရင် ငါတော့ အလုပ်ရှုပ်ဦးမှာပဲ……….အေးအေး အိမ်ကို အရင်သွားပြီးမှ အပြင်ပြန်ထွက်နော်။ တော်ကြာ အန်တီတို့ စိတ်ပူနေလိမ့်ယ်……..

ဟုက်ကဲ့..ဟုခေါင်းငြိမ့်ပြရင်း သူကားပေါ် တက်လိုက်သည်။ ရန်ကုန်ပြန်သင့်တာကတော့ ကြာပါပြီ။  ပြန်ဖို့ အင်အားကိုတော့ DEVIL ဆိုတဲ့ မမ က ပေးတယ်ထင်ပါရဲ့။

……………………………………………………………………………………………………………………………………………………………………….

သိပ်မကြာခင် ကောင်မလေးမျှော်နေတဲ့ ဘလော့ဂ်လေးတွေ ဖတ်ရပေတော့မည်။ ကောင်လေးလည်း လမ်းမှာတွေ့မလားရယ်လို့ ကောင်မလေးကို ရှာကြည့်ဆဲ။

ကောင်မလေးနှင့် ဆုံစည်းဖို့ကောင်လေးလည်းဆုတောင်းဆဲ။ ကောင်မလေးလည်း ဆုတောင်းဆဲ။ သိပ်မကြာခင်တော့ ဖူးစာမှန်သူနှစ်ဦး တစ်စုံတစ်ရာသော တွေ့ဆုံပုံမျိုးဖြင့် တွေ့ဆုံကာ ဆုံဆည်းနိုင်ပါလိမ့်မည်…။

လောလောဆယ်တော့ သူတို့နှစ်ဦး chatting ကမ္ဘာမှာပျော်ဝင်ဖို့ထက် ဆိုဒ်လေးတစ်နှစ်ပြည့်အခမ်းအနားကို မျှော်လင့်တစ်ကြီးစောင့်မျှော်လျှက်…။ Member များတွေ့ဆုံပွဲ ရှိသည်ရယ်လေ……။

တစ်ခါတစ်ရံကျတော့လည်း အချစ်ဆိုတာ ကိုယ်မထင်မှတ်တဲ့ နေရာကနေ ပေါ်ထွက်လာတတ်တယ်။

ကောင်မလေးက ကောင်လေးကို ရေအိုင်ထဲက လရိပ်လိုမျိုးထင်မှက်ခဲ့ပေမဲ့ ကောင်လေးနှင့်တွေ့ဆုံခွင့်ကိုတော့ တိတ်တိတ်လေးမျှော်မှန်းနေခဲ့သလို ကောင်လေးကလည်း သူ့အားပေးဖော်လေးကိုတွေ့ဆုံဖို့ မျှော်မှန်းနေပါသည်။ သူ့စာမျက်နှာကို ကောင်မလေးလာမှာသူသိနေသလို ကောင်မလေး စာမျက်နှာလေးကိုလည်း သူ အမြဲ သွားကြည့်ဖြစ်ပါတယ်……။ တိတ်တိတ်လေးပေါ့လေ။

သူ့စာမျက်နှာပေါ်မှာ တင်ထားတဲ့ပုံစံလေးက ကာတွန်းငယ်လေး…..။ ဆံပင်ရှည်ရှည် ဘောင်းဘီရှည်…ရှပ်အိကျီ င်္ နဲ့ ကောင်မလေးတစ်ယောက်ပုံလေး ရေးဆွဲထားဟန်ထင့်…။ ပုံလေးအောက်က စာတန်းလေးက …….မမ ရေ ဒီဆိုဒ်လေးတစ်နှစ်ပြည့်အခမ်းအနားကို လာဖြစ်အောင်လာခဲ့နော်….ကျွန်တော် မျှော်နေမယ်…တဲ့။

ကောင်မလေးကတော့ ဇဝေဇဝါ။ သူမကို များသိလေသလားပေါ့။ သူမပုံစံလေးနှင့် အနည်းငယ်ဆင်သည်ရယ်လေ။

ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးမျှော်နေတဲ့  ဆိုဒ်လေးတစ်နှစ်ပြည့် အခမ်းအနားကတော့ သူတို့နှစ်ဦးအတွက် ဆုံစည်းခွင့်ပွဲလေး ဖြစ်မှာ သေချာနေပါပြီ။


…………………………

ဘာကိုမှမသိချင်သူ

8 Jul 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်