Tuesday, 18 September 2012

သူလည်းလေ လောကီသားပေမို့


သူလည်းလေ လောကီသားပေမို့

ကွန်ကရစ်ခင်းထားသည့် သည်လမ်းမဘေးဝယ် အလျား ခြောက်ပေ၊ အနံ ရှစ်ပေသာကျယ်သော အိမ်ခန်းငယ်လေးများတန်းစီနေသည်။ ထိုအိမ်ခန်းငယ်လေးများရှေ့တွင်တော့ ကလေးငယ်များဝိုင်းဖွဲ့ကာ ကစားလျက်။ တစ်သောင်းရှစ်ထောင်ဆိုသော ပမာဏက အတော်ပင် ဈေးသင့်သော်ငြား သူတို့ မိသားစုလေးအတွက်တော့ အိပ်စရာနေရာသီးသန့်သာဖြစ်လိမ့်မည်။ မီးဖိုချောင်ရယ်လို့လည်း သီးသီးသန့်သန့်ရှိမည်မဟုတ်။

“မအေးနဲ့ တိုင်ပင်လိုက်ဦးမယ် ကိုသန်း နည်းနည်းအခန်းကျယ်တာရှိရင် ကျွန်တော့်ကို ပြောဦးနော်”

“အေးပါကွာ အခုက တွေ့တဲ့အခန်းပဲပြထားသေးတာ မင်း အချိန်ရသေးတယ်မလား ငါ နည်းနည်းဆက်ရှာလိုက်မယ်”

ကိုသန်း ပြောစကားကို သူခေါင်းညိတ်ပြလိုက်ရင်း

“ရှေ့လ ဆယ့်ငါးရက်မှာတော့ မဖြစ်မနေ ပြောင်းရမှာဆိုတော့ ဒီလထဲမှာ နည်းနည်းကြိုးစားပြီး ရှာပေးပါဗျာနော် ဒီနားပါတ်ဝန်းကျင်နဲ့ နီးတာလေးပေါ့ ဒါမှ သားလည်း ကျောင်းတက်ရတာ လွယ်အောင်”

“အေးအေး ငါ သွားတော့မယ် ဒီနားလေး တစ်ချက်လှည့်ကြည့်လိုက်ဦးမယ်”

 ပြောပြောဆိုဆိုနှင့် ခပ်သုတ်သုတ်ထွက်သွားသော ကိုသန်းနောက်ကျောကို ကြည့်မိရင်း သူတို့ ဒီလို အလုပ်ကို ရှာဖွေနေလို့သာ ပွဲခ မြိုးမြိုးမြတ်မြတ်ရတာပဲ ဟု တွေးလိုက်မိသည်။

Wednesday, 12 September 2012

မျှော်လင့်ခြင်း



“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”

မပီကလာ အသံလေးများနှင့် လက်ပိုက်ကာ ကဗျာဆိုနေကြသည်မှာ အသံလေးများ မညီ့တညီဖြစ်နေသော်လည်း နားဝင်ပီယံရှိလှသည်။ ထိုအသံလေးများကျော်၍ နောက်အခန်းသို့ဝင်လိုက်ချိန်ဝယ် ကလေးများက ဆရာမရှေ့ စာအံနေသည်ကို တွေ့ရသည်။

သူမကိုခေါ်ဆောင်လာသည့် ဆရာမနှင့် စာသင်နေသည့် ဆရာမတို့ စကားပြောနေစဉ် ကလေးများဘက်လှည့်ကြည့်မိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။ ကျောင်းစိမ်းအသစ်မပြောနှင့်။ အဖြူအစိမ်းဝတ်လာသည့် ဦးရေက လက်ချိုးရေ၍ပင်ရသည်။ ထိုရောင်စုံကာလာဝတ်ဆင်သည့် ကလေးများတွင်လည်း အသစ်မဆိုထားနှင့်။ အရောင်ခပ်လတ်လတ်ဝတ်ထားသည့်ကလေးဦရေမှာလည်း ဆယ်ဦးပင် မပြည့်ချင်။ တူညီသည့်အရာကတော့ ကလေးတို့၏ မျက်နှာလေးများသည် သနပ်ခါးကိုယ်စီလိမ်းထားကြပြီး တစ်စုံတစ်ရာကို မျှော်လင့်နေဟန်ရှိသည်။

Friday, 29 June 2012

............. ချစ်တယ်


.........ချစ်တယ်

အလွမ်းတဲ့လား
ကြည့်လေရာနေရာတိုင်း
သူ့ပုံရိပ်သာပေါ်လို့
ကြားလေသမျှ အသံဟာလည်း
သူ့စကားသံ
ဝန်ခံလိုက်ပါတယ်..
သံယောဇဉ်ကို မရည်ရွယ်ပါပဲ ရိုက်ချိုးခဲ့မိပြီ..လို့
အဖြူပေါ်ကို အနက်စွန်းမိခဲ့တဲ့

Friday, 24 February 2012

ရင်ခွင်ဦးက စောင့်လိုကြိုနေမယ်


ရင်ခွင်ဦးက စောင့်လိုကြိုနေမယ်

(၁)
“မင်းဟာက မယားကြီးမရှိပဲ မယားငယ် ထားနေရတဲ့ကိန်းပါ့လား ဝေလင်းရာ တကယ်လက်ထပ်ယူလို့လည်းမရပဲနဲ့”

ကိုကျော်လှိုင့်စကားကြောင့် ရင်ထဲမှာ အင့်ခနဲ။ ကိုယ့်အပေါ်ကောင်းစေချင်သည့် စေတနာနှင့် နာအောင်ပြောနေတာမှန်းသိတော့လည်း ပြန်ပြောရခက်သားပင်။ ဒါပေသိ ဘာများတက်နိုင်ဦးမှာလဲ။ အချစ်ဆိုတာကို မခံစားဖူးသည့် အသစ်စက်စက်နှလုံးသားလေးက ဝါ့ကိုသာ တွယ်တာနေမိတာကိုး။ မချိပြုံးလေးနှင့်သာ ကိုကျော်လှိုင့်အား ပြုံးပြလိုက်မိသည်။
သို့သော် သေချာနေသည်ကတော့ သည်နေ့သည်ချိန်ထိ ဝါနှင့် တွေ့ဆုံခွင့်ရရှိခဲ့ခြင်းအပေါ် သူ နောင်တမရရှိသေးပါလေ။ ဝါနှင့်တွေ့ခွင့်ရခဲ့သည်ကလည်း ကိုကျော်လှိုင့်ကျေးဇူးပါကြောင့်ပင်။

…………….

Tuesday, 21 February 2012

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်နိုင်ပါ

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်နိုင်ပါ

အိမ်အပြန်လမ်းရောက်တာတောင် ဇာတ်မင်းသားဖိုးချစ်၏ အကကောင်းပုံတို့က မပျောက်နိုင်သေး။ ပရိသတ်အပေါ် တလေးတစားဆက်ဆံပုံတို့ကလည်း တကူးတကပြုလုပ်နေဟန်မတူ။ ဇာတ်စင်ပေါ်ဝယ် လူရွှင်တော်တို့ကို ဒူးထောင်ပေါင်ကား မထိုင်မိစေရန် ခဏခဏသတိပေးပုံကလည်း ပရိသတ်ပင်သတိထားမိစေသည်အထိ။

ဖိုးချစ် အက ဘယ်လောက်ကောင်းကောင်း ရင်ထဲဝယ် လိပ်ခဲတည်းလည်းဖြစ်နေသော ခံစားမှုကဖြင့်မပျောက်နိုင်သေး။

Monday, 13 February 2012

မယုံချင်ပါ

မယုံချင်ပါ



မနေ့ညက ရုပ်မြင်သံကြားမှလာသည့် ဇါတ်လမ်းကိုပင် ပြီးဆုံးအောင်မကြည့်နိုင်ပဲ စောစီးစွာ အိပ်ယာဝင်ခဲ့၍ထင့်။ မနက်ခြောက်နာရီထိုးလုလုဝယ် အိပ်ယာမှနိုးထလာသည်။ အခါတိုင်းတုန်းကတော့ ညစဉ် တစ်နာရီကျော်မှအိမ်၍ မနက်တိုင်း ခုနှစ်နာရီခွဲမှ ထဖြစ်သည်လေ။ စောစောစီးစီးနိုးမှတော့ ဆိုင်ဖွင့်ဦးမှပါ ဟု တွေးကာ တံခါးဖွင့်ဖို့ရာ လက်လှမ်းလိုက်မိချိန်ဝယ် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရင်ဝယ် ထိတ်ခနဲ။ အို…ဟု နှုတ်ခမ်းဖျားမှပင် မချိတင်ကဲ သနားစိတ်လွန်ကဲကာ တိုးဖွဖွလေးလွင့်ထွက်သွားသလိုလို။

Tuesday, 3 January 2012

ကူညီခြင်းသည် လာဘ်တစ်ပါး ဟု ဆိုရာဝယ်


မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဆိုလိုက်သည်နှင့် တိုင်းတပါးလူမျိုးခြားတို့ သိကြသည်မှာ ကူညီရိုင်းပင်းတတ်သော၊ ဖော်ဖော်ရွေရွေနှင့် ရိုးသားသော နိုင်ငံလူမျိုးဟူ၍။ ယခုတော့ ဤအစဉ်အလာသည် ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံနေချေပြီ။ မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ချစ်စဖွယ် ကူညီယိုင်းပင်းတတ်သည့် ဓလေ့ကား ချိုးနှိမ်ဖျက်ဆီးခြင်းခံနေရပေပြီ။

သည်ဓလေ့လေး ရှင်သန်ဖို့ရာ ဘယ်လိုလူတွေ ဖေါက်ထွက်နိုင်မည်လဲ။ အရာအားလုံးသည် ဘောင်အတွင်းကသာ လှုပ်ရှားခွင့်ရှိကြသည် တဲ့လေ။
……..

နေပူကျဲတဲ အောက် ပူကျစ်နေသော ကတ္တရာလမ်းမထက် စက်ဘီးတစ်စီးလဲနေသလို လူတစ်ယောက်လည်း သွေးများစွာနှင့် လဲလျောင်းလျက်။


“ဟဲ့ အသက်တော့ ရှိသေးတယ် ဟဲ့”

Saturday, 24 December 2011

နှစ်သစ်မှာ ဝဋ်ကျွတ်ပြီ


“ဟေး..အပျိုကြီး ဘယ်တော့ စားရမှာလဲဟေး”

ဘေးအိမ်မှ ဗလွတ်ရွှတ်တွ နေတတ်လေ့ရှိသော၊ သူမကိုဆို အမြဲနောက်လေ့ရှိသော ဦးလှဘူး။

“ဘယ်တော့မှ စားရဘူးဗျို့..မျှော်မနေနဲ့တော့ ဦးလှဗူးသမီးမင်္ဂလာဆောင်ရောက်ရင်သာ အပြတ်အသတ်ကျွေးဖို့စဉ်းစားထား”
“ဟားဟား..ငါ့သမီးက ခုမှ ဆယ်နှစ်ရှိသေးလို့ဟ..တော်ကြာညည်းရှာထားသမျှ ဘုန်းကြီးစားသွားမှာစိုးလို့မေးတာပါဟာ..စိတ်မဆိုးပါနဲ့”

ကဲ ပြီးကရော။ ဘုန်းကြီးစားသွားမှာ စိုးလို့တဲ့။ ငါနော်။ မျက်စောင်းတွေ ပစ်ထိုးပြီး ထွက်လာလိုက်တော့သည်။ အော်လည်းအော်ပေးခဲ့လိုက်သေးသည်။

“ကမ္ဘာလဆန်းတစ်ရက်နေ့ဗျို့..ကမ္ဘာလဆန်းတစ်ရက်နေ့”

Friday, 23 December 2011

အပြစ်ရှိသလား ချစ်ခြင်းငယ်

ညနေခင်း ရောက်လာပြီဆိုတော့သွားနေကျနေရာလေးတစ်ခုကိုသွားဖို့ စိတ်ကမခိုင်းရပါပဲနှင့် လူက ပြင်နေချေပြီ။
… အမြဲထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး။ တိတ်တိတ်ဆိတ်ဆိတ်နှင့်………..။
ဆိုင်နံမည်က ”အသည်းကွဲဆည်းဆာ” တဲ့။ ဘာတွေဘယ်လိုတိုက်ဆိုင်နေလဲတော့မသိပါဘူး။ အဲဒီမှာ ထိုင်တဲ့ လူငယ်တွေများပေမဲ့ ကိုယ့်အတွေးနဲ့ကိုယ်သာ။ ဟေးလားဝါးလားမရှိ။ ငါး…..ပတ်မယ် ခြောက်…..တစ်လုံးအပိုင်မရှိ။ ၀ုန်းဒိုင်းကျဲနေတဲ့ ဗွီဒီယိုဆိုတာမရှိ။ အသည်းကွဲသီချင်းအေးတစ်ချို့နဲ့ လိမ္မာပါးနပ်သော၊ ယဉ်ကျေးပျူငှာသော စားပွဲထိုးလေးတွေရှိသည်။ နံရံတစ်ချို့မှာ အမြစ်တွယ်နေတတ်သော အသိပေးဆုံးမစာများမရှိ။ ဆုံးမစာကပ်စရာမလိုအောင်ကို ဒီဆိုင်လေးက အေးငြိမ်းငြိမ်သက်နေသလို အလွမ်းရောင်သမ်းနေသည်ကိုက ဒီဆိုင်လေးရဲ့ အကျင့်ပဲဖြစ်မည်ထင်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီဆိုင်လေးကိုနှစ်သက်သည်။ ညနေတိုင်း ဒီဆိုင်လေးမှာ ကျဆိမ့်တစ်ခွက်ရယ်၊ Vegas တစ်လိပ်ရယ်က တစ်နေ့တာရဲ့ ရသလိုဖြစ်နေချေပြီ။ နောက်…………….စာအုပ်တစ်အုပ်ရယ်။
ဘေးနားမှာ လာမေးသည့်ကလေးငယ်ကို ကျဆိမ့်တစ်ခွက်၊ Vegas တစ်ပွဲ ဟုမှာလိုက်ချိန်ဝယ် မျက်ဝန်းထောင့်စွန်းမှာ အလင်းငယ်တစ်ချို့ဖြတ်ပြေးသွားသည်။

Sunday, 11 December 2011

မတူညီ


သူ နောက်တစ်ချက် ထပ်ပစ်လိုက်သည်။ ဘာသံမှ မကြားရ။ အသံတိတ်ပြောင်း တပ်ထား၍ ဖြစ်သည်။ သူချိန်ရွယ်လိုက်သော သစ်သီးကလည်း အောက်ကိုပြုတ်ကျမလာ။ သူ့ကိုလာခေါ်သော ကောင်လေးထံမှ လှောင်ပြုံးတစ်ချက်တွေ့လိုက်ရသည်။ ဘာရယ်ညာရယ်မဟုက် ကောင်လေးရှိန်သွားမလားရယ်လို့ သေနတ်ပစ်ပြလိုက်တာ ကျည်ဆံနှစ်ခုသာ ကုန်သွားသည်။ မှန်လည်းမမှန်။ အရှက်ထပ်ကွဲမှာ စိုးသောကြောင့်ကော၊ ကျည်ဆံ ကုန်မှာ စိုးတာကြောင့်ကော သေနတ်ကို ခါးကြားပြန်ထိုးလိုက်ပြီး ကောင်လေးကို မေးဆက်ပြလိုက်သည်။ အရှေ့မှ လမ်းပြ..ဟူသောသဘောဖြင့်။ သစ်ပင်အောက်ရောက်တော့ သူခဏရပ်ခိုင်းလိုက်သည်။ ပြီး သစ်ပင်ပေါ်တက်၍ အစောနက သေနပ်ဖြင့် ပစ်တုန်းက ကျမလာသော သစ်သီးကို အားပါးတရ ခူးယူဆွဲဖြဲပစ်လိုက်သည်။ ပြီးနောက် ခရီးဆက်လိုက်သည်။
………….

Monday, 5 December 2011

ကျေနပ်ပြုံးနှင့် ငိုမိသည်


“ဆံပင်ဖြူရှာပေးရင် မုန့်ဖိုးပေးမယ်”

ဦးကြီးအောင် ပြောလိုက်သည့်စကားကြောင့် ရင်ထဲ အနည်းငယ် မျက်သွားသည်။ သို့သော် အမေက ပြန်မလာသေး။ အမေ့အစ်မဖြစ်သူ ကြီးကြီးနှင့် ခဏနေဟု ပြောကာ အမေ ရန်ကုန်သွားသည်မှာ တစ်ပတ်ပင်ကြာမြင့်ချေပြီ။ ကြီးကြီးက သူ ဥပုသ် စောင့်သည့်ရက်ဆို ထမင်းမချက်။ သည်တော့ ပိုက်ဆံရှိမှ အဆာပြေမုန့်ဝယ်စားရမည်လေ။ မျက်နှာကို အချိုဆုံးပြုံးလိုက်ရင်း

“တစ်ပင်ကိုဘယ်လောက်ပေးမှာလဲ ဦးကြီးအောင်ရ ”

ခပ်ပြုံးပြုံးသာမေးလိုက်ရသော်လည်း ရင်ထဲမှာတော့ အောင့်ခနဲ။ သူမ သည် အသက် တစ်ဆယ့်နှစ်နှစ်ရှိပြီ ဆိုတော့လည်း အကြောင်းအရာတော်တော်များများကို အတော်အတန် သိပါပြီလေ။ သူမ တို့မိသားစုကို အထည်ကြီးပျက် မိသားစုဟု ပါတ်ဝန်းကျင်မှ ခေါ်ကြသည်ကိုလည်း သိပါသည်။ ဟိုးအရင်ကဆိုလျှင် လူတော်တော်များများ က သူမ ကိုတွေ့လျှင် ချစ်စရာလေးဟု ပြောရင်း မုန့်တွေ ဇွတ်အတင်းကျွေးတတ်ကြသည်လေ။ ခုများတော့ အဖေကလည်း ရန်ကုန်ကို အလုပ်ကြောင့် ပြောင်းရပြီး အမေကလည်း လိုက်သွားသည့်အချိန်မျိုးမှာတော့ မုန့်ကျွေးမည့်သူများလည်း မရှိတော့။

“တစ်ပင်ကို နှစ်ကျပ်ပေးမယ် မိအေးရေ.. နှုတ်သာနှုတ်ပေး.. နက်နေတဲ့ ဆံပင်တော့ မနှုတ်မိစေနဲ့ပေါ့.. ဟုတ်လား”

ခေါင်းညိတ်မိရင်း စိတ်တွက်နှင့် တွက်လိုက်မိသည်က အသုပ်တစ်ပွဲရှစ်ကျပ် ဆိုတော့ လေးပင်လောက်နှုတ်ရင်ကို အဆာပြေ စားလို့ရပြီ ဟု။ မနက်ခင်းတစ်နပ်ပဲ စားရသေးသည်လေ။ အဒေါ်က ဥပုသ်နေ့ဆိုတော့  မနက်စာချက်ပြီးတည်းက ထမင်းထပ်မချက်တော့။ တူဝရီးနှစ်ယောက်စာ တစ်နပ်စာသာချက်ထားသည်လေ။
ဦးကြီးအောင် နှုတ်ခမ်းမှ ကျေနပ်ပြုံးကို မမြင်ချင်ယောင်ဆောင်မိရင်း ဆံပင်ဖြူနှုတ်ရန် ဦးကြီးအောင်ခေါင်းကို ဘီးနှင့် ဖီးလိုက်သည်။
အမေရယ် မြန်မြန် ပြန်လာပါတော့…။ ဒီမှာ သမီးကိုကြည့်ပါဦး စိတ်ထဲမှ တိုင်တည်ရေရွတ်သံကို အမေ ကြားပါစေလေ။

……………

Tuesday, 22 November 2011

ကြိုးလေးသုံးချောင်း



“အမေ သား အမေနဲ့ ရွာကို ပြန်လိုက်လို့ မရဘူးလားဟင်”

“ဟဲ့ ဒီမှာ အလုပ် လုပ်ရပါမယ်ဆိုကာမှ… အငယ်လေး နင် ငါ့ကို ရုတ်ရုတ် ရုတ်ရုတ် တော့ မလုပ်နဲ့နော် နင့်အစ်ကို နှစ်ယောက်လုံးလည်း ဒီဆိုင်မှာရှိတယ် ဘာကြောက်နေတာတုန်း”

အမေနှင့် ညီဖြစ်သူ ၏ တီးတိုးစကားဆိုနေသံကြောင့် အောင်ဝင်း ဝင်ပြောလိုက်မိသည်။

Sunday, 20 November 2011

မေတ္တာရောင်ပြန်



“အဲ့ဒီအချိန်တုန်းက ငါသိတာ တစ်ခုတည်းပဲ..သူ့ကိုပဲကြည့်နေချင်တယ် သူ့မျက်နှာလေး ညှိုးသွားမှာ ငါကြောက်နေတယ်”
သူငယ်ချင်းများ၏ ခပ်လှောင်လှောင်အကြည့်ကို သိပါလျက် သူ ဂရုမစိုက်နိုင်ပါ။ သူ့ရင်တွင်းဝေဒနာတို့ ဖွင့်ဟမှ သူ အနည်းငယ် နေသာထိုင်သာရှိလိမ့်မည်။
“နေပါဦး..ငါမေးပါရစေဦး မင်းက သူ့ကို မြင်မြင်ချင်းချစ်သွားတာလား”
အောင်သွင့် အမေးကို ခေါင်းခါပြမိရင်း
“မဟုတ်ဘူး.. သူ့ကို ငါသိတာ နှစ်ချီနေပြီ တစ်ခါမှ စကားလည်း မပြောခဲ့ဖူးဘူး အဲ့ဒီနေ့က..အဲ့ဒီနေ့က သူ ငါ့ကို အံ့သြတကြီး ပြောလိုက်ပုံလေး အရမ်းချစ်ဖို့ကောင်းတာပဲ”
အောင်သွင်နှင့် ရဲနောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖြစ်မိချေပြီ။
“အချစ်ဆိုတဲ့ ခံစားချက်ကြီး ဖြစ်သွားလောက်အောင်ထိလား.. ဘာပြောလိုက်လို့လဲ”
ရဲနောင် အမေးစကားကြောင့် သူပြုံးမိရင်း ထိုအဖြစ်အပျက်လေးကို ပြန်လည် တမ်းတကြည့်မိလိုက်သည်။
……..

Saturday, 19 November 2011

ချို

(၁)
ဆောင်းက..
လမင်းကို စောစီးစွာ မသယ်ဆောင်ပေမဲ့
အမှောင်ကိုတော့….
နှစ်ခြိုက်စွာသယ်ဆောင်ရင်း..
နေ့တာတိုစေတယ်…
ဘာမဆိုင်ညာမဆိုင်နဲ့
ကျွန်တော့် ဝဲဖက်ရင်အုံက
အလွမ်းနင့်နင့်တွေ လွှတ်ချဖို့တွေးလိုက်မိပါရဲ့
နှစ်နှစ်ခြိုက်ခြိုက်ကြီးထမ်းပိုးထားတာ
နှစ်နှစ်တောင်ကြာမြင့်ခဲ့ပြီပဲ။
(၂)
ဆောင်းနံနက်ခင်းမှာ
ရွှေဝါရောင်အလင်းတို့ ကျဲဖြန့်
တလက်လက်တောာက်နေတဲ့..ကတ္တရာလမ်းလေးထက်
အခြေကြီးတဲ့..ရွှေမင်းသမီးလေးတပါးလှမ်းအလာ…..
ကျွန်တော့်နှလုံးသား အသက်မဲ့သွားသတဲ့
….
အိပ်မက်ကအလန့်တကြားထအနိုးမှာ
ကျွန်တော်လွမ်းမိသွားတယ်
အချိန်ကာလအပိုင်းအခြားဟာ…
သူ့ဟာသူလည်ပတ်နေခဲ့ပေမဲ့
သူနဲ့အတူ
ကျွန်တာ့်အလွမ်းတွေ…သယ်ဆောင်မသွားဘူး
နှလုံးသားထဲ…ချန်ခဲ့တယ်
လွမ်းတယ်…..ကွယ်။
(၃)
မင်း မေ့သင့်ပြီ…..
သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့
မချင့်မရဲစကားသံအဆုံး…
ကျွန်တော်ပြုံးမိပါရဲ့…..
အလွမ်းနင့်နင့်ကို ထမ်းပိုးထားသူတစ်ယောက်အနေနဲ့..
မမေ့ချင်ပဲ ဘယ်နေမှာလဲကွယ်
ခက်တာက..အချစ်ဆိုတာကလည်း..
တကူးတကပျိုးစရာမလိုပါပဲနဲ့ကို
ငွါးငွါးစွင့်စွင့် ပွင့်လန်းတတ်တာမျိုးဆိုတော့…
အလွမ်းနင့်နင့်နဲ့ပဲ…
မြတ်နိုးနေမြဲပေါ့ကွယ်။
(၄)
ကျွန်မ နာမည် ချိုပါ..တဲ့
နာမည်နဲ့လိုက်အောင် ချိုရှတဲ့ စကားသံလေးနဲ့
နှလုံးသားကိုစွဲဆောင်တယ်
မျက်နှာဝိုင်းလေးနဲ့
မသိခြင်းတရားတွေ စုပုံနေတဲ့….
မျက်ဝန်းကြည်ကြည်လေးက…….
ချစ်ခြင်းတို့ ဖွင့်ဟမဲ့
နှုတ်ခမ်းကို ဆွံ့အစေတယ်
လွမ်းလိုက်တာ…ချို
နွေရဲ့ အရိပ်မှာ ပိတောက်ရောင် ဝမ်းဆက်နဲ့
ခပ်တွန့်တွန့်နှုတ်ခမ်း…….
ငါ့ရင်ထဲမှာ…ကျန်တုန်းပဲကွယ်
ခင်မင်ခြင်းကို ခုတုံးလုပ်ပြီး….
ချစ်တယ်ဆိုတဲ့စကား မပြောကြားနဲ့တဲ့လား….
သီးသန့်ဖြစ်တည်တဲ့ ချစ်ခြင်းဟာ..
ခင်မင်ခြင်းထက် စောစီးစွာ ပွင့်ဖူးခဲ့ကြောင်း
ဖြေရှင်းခွင့်မရခဲ့ဖူးကွယ်……..
ဝမ်းနည်းမိလိုက်တာ…
မာနကြီးပုံကတော့
တက္ကသိုလ်ရဲ့ ငွေလဝန်းပီသပါပေရဲ့ကွယ်။
(၄)
မင်း ဘယ်ဝယ်ဘယ်ဆီမှာလဲ…
မမှန်းဆတက်ဘူး…
ကိုယ်သိတာက…မင်းနဲ့ ကိုယ့်ကြား..
မာန ပဝါပါးခြားတယ်….။
ဒီကဗျာအမြင်မှာ ကျွန်တော့်သူငယ်ချင်းက ပြောပြန်ရဲ့
မရူးနဲ့…ကွာ..တဲ့
ကျွန်တော်ကတော့ ပြုံးမိရုံသာ
ရူးပါစေ..အချစ်အတွက်..ချို့အတွက် ကျွန်တော်ရူးဝံ့တယ်..လို့
စိတ်ထဲက ပြောမိပါရဲ့ကွယ်။
(၅)
မဟုတ်ဘူး……..
ကိုယ် ငြင်းချင်တယ်..မဟုတ်ဘူးလို့
ကိုယ်မယုံဘူး
မယုံချင်ဘူးကွယ်
အနီရောင်နှုတ်ခမ်းနဲ့
ဆေးဆိုးပန်းရိုက်မျက်နှာ
ချို..ဟာ..ချို မဟုတ်တော့ဘူးကွယ်
ကြည်လင်သန့်ရှင်းတဲ့ အပြုံးလေး..
ပျောက်ကွယ်ခဲ့ပြီ…..
ရိုးသားမှုတွေ ဖြတ်စီးတဲ့ မျက်ဝန်းလေး
ပျောက်ကွယ်ခဲ့ပြီ
ရုန်းကန်မှုတွေနဲ့ အသားကျတဲ့ မျက်ဝန်းလေးက
ကိုယ့်ကို ကြည့်ရင်း ပြုံးပြန်တယ်
မသိမိတဲ့ နှစ်နှစ်အတွင်းမှာ……
ချို.ဘဝကို ရေစုန်မျောခဲ့သတဲ့
ရွှေမင်းသမီးအဖြစ်ကနေ
အဖဆုံးလို့…အမိအသုံးမတတ်တော့….
အထည်ကြီးပျက်ခဲ့သတဲ့
အခြေမယိုင်အောင်… မြေစမ်းခရမ်းပျိုးရင်း
အသုံးနဲ့ အဖြုန်းခွဲမတတ်တဲ့အခါ….
အမေ့အတွက်..
မောင်အတွက်…..နဲ့
နောက်ဆုံးတော့လည်း..
စားသောက်ဆိုင်မှာ အဆိုကျော်ဆိုတာကိုရွေးမိခဲ့သတဲ့ကွယ်
ရင်နာတယ်…ချို။
(၆)
အချစ်တစ်ခုအတွက်
နှလုံးသားက
လိုလိုချင်ချင်ပဲ ဘဝကို ရင်းဖို့ပြင်တဲ့အခါ
သား…မိဘမျက်နှာ အိုးမဲသုတ်ချင်သလား.တဲ့
အမေ့ ငိုညည်းသံတိုးတိုးနဲ့
အဖေ့ တောက်ခတ်သံ
သူငယ်ချင်းတချို့ရဲ့..
မချင့်မရဲ တားမြစ်သံ….
ကျွန်တော်ကျော်ဖြတ်ခဲ့တယ်…နောက်လှည့်မကြည့်စတမ်းပေါ့
သည်တစ်ခါတော့..လက်ခံပေး ချို
ရင်တွင်းအပျော်နဲ့ နှလုံးသာ့းကိုပေးဖို့အလာ
ကျွန်တော် ရင်ကွဲရပြန်ပြီပဲ
အမျိုးအမည်မသိတဲ့ တိုင်းတစ်ပါးသားရင်မှာ
ပလီတာတာစကားဆိုနေတာ..ချို တဲ့လား
တချိန်က ကျွန်တော်တန်ဖိုးထားတဲ့
ချို့ရင်တဲ့က မျိုးချစ်စိတ်တွေ
တချိန်က ကျွန်တော်မြတ်နိုးခဲ့တဲ့
ချို့ရဲ့ မြန်မာဆန်မှုတွေ
အရာအားလုံး..ပျောက်ဆုံးလို့
ခုတော့လည်း………
ချို..အမျိုးမဖျက်ချင်စမ်းပါနဲ့ လို့
မဝံ့မရဲ တောင်းဆိုချင်မိသေးတယ်ကွယ်
အသဲကွဲတယ်ဆိုတာထက်
အမျိုးဖျက်ခံရတာ..ပိုရင်နာတယ်...ချို။
……………………………………………………
ရည်ဝေ
၁၈ နိုဝင်ဘာ ၂၀၁၁
Sm17206.blogspot.com
Freeblogsppot.org/htayhsu

Sunday, 6 November 2011

သူ့အရပ်နှင့် သူ့ဇာတ်

“သူ့အရပ်နှင့် သူ့ဇာတ်”

(၁)
“တကယ်က မြို့ကလူတွေလည်း တောကို အလည်သဘောနဲ့ လာတာပဲကောင်းတယ်…တောကလူတွေလည်း မြို့ကို ဘုရားဖူးသဘောမျိုး အလည်လာတာပဲကောင်းတယ်”
အရီးစိန်စကားကြောင့် မြနှစ်ပြုံးလိုက်မိသည်။ မြို့ကိုရောက်တာ ဆယ့်ငါးရက်ရှိပြီဆိုတော့ အရီးစိန် ပျင်းချေပြီပေါ့။ ရွာမှာဆိုအလုပ်နှင့်လက် မပြတ်တမ်းနေလာသူဆိုတော့လည်း ခုမြို့မှာ ဆယ့်ငါးရက်ကြီးများတောင် နေလာရတော့ ပျင်းလည်းပျင်းလောက်ပါသည်လေ။လက်ကတော့ အဝတ်ကို ဟန်မပျက် ခေါက်ရင်း နားစ့င့်လိုက်မိသည်။
“ဘာ့လို့တုန်း အန်တီစိန်ရဲ့”
ဒါ မြနှစ်တို့ တည်းနေသည့် အိမ်ပိုင်ရှင်၏ သမီးဖြစ်သူ မမချောချောလေး မမနိုင်၏ အမေးစကား။
“အင်း ဘာ့လို့ဆို လုပ်ကိုင်စားသောက်ပုံခြင်းမှ မတူတာပ..ကျုပ်ကတော့ တောနေမလား မြို့နေမလားဆို တောပဲရွေးမှာပ…”
ဟုတ်ပ..မြနှစ်လည်း တောပဲနေမှာပ မြနှစ်တို့ရွာမှာက ဘာမှ မျက်စိရှုပ်နားရှုပ်စရာမရှိဘူးလေ ခု ဒီရန်ကုန်ရောက်မှပဲ တချို့ မိန်းမငယ်တွေဆို မြနှစ်ကြည့်တောင်မကြည့်ရဲ တိုလိုက်တာများ နန့်လို့..နောက် အကုန်ဖော်မယ်စဉ်းစားထားသလားအောက်မေ့ရတယ်..နေပူကျဲတဲကြီးထဲ ကြိုးတစ်ချောင်းဆိုလား..ဘာဆိုလားနဲ့..ဘောင်းဘီတိုနှံ့နှံ့လေးတွေနဲ့ ကြည့်ရဲစရာကိုမရှိ….။ စိတ်ထဲက ထောက်ခံလိုက်ရင်း ဆက်နားစွင့်လိုက်သည်။