Monday 3 June 2013

၃-၆-၂၀၁၃


တိတ်တိတ်ဆိတ်ဆိတ်ပဲ
ဒီနေ့အတွက် နှုတ်ဆက်တယ်
ငှက်ကလေးရေ ဂွတ်ဘိုင်

ပန်းလက်ဖဝါးလေးကို ငါ့အတွက် နင်ဖြန့်မခင်းပေးသရွေ့
ငါ့နှလုံးသားဟာ အထီးကျန်ကမ္ဘာပဲ ဆိုတာ နင်သိစေချင်ရဲ့
ဒါပေမဲ့လည်း
ဒီနေ့အတွက် နှုတ်ဆက်တယ်
ဂွတ်ဘိုင်

နေ့ည
အရာရာကအကျည်းတန်လွန်း
ချစ်ခြင်းတစ်ခုမှာ အဆိပ်သင့်မှုပါ ပါဝင်တတ်မှန်းသိခဲ့ရပြီ
ထပ်နှုတ်ဆက်ပါရစေ
ဒီနေ့အတွက် ဂွတ်ဘိုင်


ဥတုသုံးခုမှာ
ငါဟာ ခုထိ ဆောင်းရာသီမှာအေးခဲနေတုန်း
ငှက်ကလေးရေ
နင်ဘာ့ကြောင့်များ မျက်နှာလွဲနိုင်ရက်ခဲ့သလဲ
လက်ကမ်းပေးနိုင်ပါရဲ့ နင် မမြင်ချင်ယောင်ဆောင်ခဲ့တယ်

နေပါ
ဟိုးအဝေးမှာနေပါ
နေလိုက်ပါ
ဟိုးအဝေးအဝေးဆုံးမှာ
တစ်ဖက်သတ်တွေး
တစ်ဖက်သတ်ရူးနေတဲ့ သစ်ပင်ရဲ့ အဝေးဆုံးမှာနေပါ

နင်ပျော်သလိုနေပါ။

ငှက်လေးရေ ဒီနေ့အတွက် ဂွတ်ဘိုင်
မင်းပျော်သလိုနေပါ။

2 comments:

မိုးနတ်ကြယ်စင် said...

ရည်ဝေလေးရေ....ဂွတ်ဘိုင် တဲ့
ငှက်ကလေးကလဲ အဲသလိုပြန်ပြီး နှုတ်ဆက်တယ်ခင်ဗျ :P

ဟိန်းစံ(ပဲခူး) said...

ငှက်ဘိုင် ပါ ရည်ဝေရေ ......။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်