Monday 3 June 2013

၂-၆-၂၀၁၃---




တိတ်ဆိတ်နေတယ်
လေပြေတွေ မချိုတော့ဘူး
ငှက်ကလေးရဲ့တေးသံမရှိမှတော့
အရာရာဟာ ခြောက်သွေ့
ခပ်ဝေးဝေးကလွမ်းပါ့မယ် လို့ ဘယ်လိုပြောပြော
တောင်ပံခတ်သံလေးကို ကြားခွင့်မရှိခြင်းမှာ
ငါ့ စိတ်တွေ တဒင်္ဂ သေချင်နေတယ်

ကမ္ဘာဟာ အရင်လိုမလှတော့ဘူး
ကောင်းကင်ဟာ အရင်လို အကြင်နာမပြည့်ဝတော့ဘူး
ငှက်ကလေး.တိတ်ဆိတ်နေတယ်

မနက်က မြည်လာတဲ့ဖုန်းသံလေးမှာ ငှက်ကလေးလေလားအတွေးနဲ့
ကသောကမျောဖွင့်ကြည့်မိ
တကယ်တမ်းကျတော့သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းဖြစ်နေခဲ့တယ်
ငှက်ကလေး ငါ ပြန်အိပ်ပစ်တယ်
မအိပ်နိုင်ဘူး

နားထောင်ရသမျှတေးသံဟာ
မချိုတော့ဘူး
ခါးတယ်
တိတ်ဆိတ်နေတဲ့ ငှက်ကလေးရေ
တဖျတ်ဖျတ်နဲ့ တောင်ပံခတ်သံလေးတစ်ချက်လောက်ပေးနိုင်မလား
ကျေးဇူးပြု၍ပေါ့..။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်