Sunday 9 February 2014

ငါတို့ ရိုးသားဖို့ မေ့ခဲ့ကြ

ငါတို့ ရိုးသားဖို့ မေ့ခဲ့ကြတယ်
---xxx----




အရှေ့အရပ်က နေထွက်တယ်
ဘယ်သူပြောခဲ့သလဲ ဒါဟာအရှေ့ပါလို့
ဒီသီဝရီကို အမှန်တရားလို့ လက်ခံရင်းနဲ့ပဲ ငါတို့
ရှေ့ဆက်
စောဒက ဆိုတဲ့စကားကို မေ့လျော့ထားခဲ့တာ ဘယ်လောက်ကြာခဲ့သလဲ
အနောက်ရပ်ဆီ နေဝင်တယ်


နေဝင်ရာအရပ်ဟာ အနောက်အရပ်လို့ ဘယ်သူပြောခဲ့သလဲ
ဒီသီဝရီကို အမှန်တရားလို့ လက်ခံရင်းနဲ့ပဲ ငါတို့
ရှေ့ဆက်
သောက ဆိုတဲ့ဒေသနာကို နားနဲ့ဆတ်ဆတ်ခါ နာနေခဲ့တာ ဘယ်လောက်ကြာခဲ့သလဲ
ငါတို့ ရိုးသားဖို့ မေ့ခဲ့ကြတယ်
“ဒါ အမှန်တရားပဲ ”
ဒီစကားလုံးကို ပစ်ယုံပြီး စုံကန်းနေခဲ့ကြ
ရိုးရိုးသားသား မေးခွန်းနဲ့ရှင်သန်ချင်တာတောင်မ
မေးခွန်းတွေ မျိုသိပ်ခဲ့ကြ
မေးခွန်းတွေ ကို သတ်ပစ်ခဲ့ကြတယ်
ငါတို့ မေးခွန်းတွေဘယ်တော့မှ မသေခဲ့
တစ်နေရာမှ ကျရှုံးရင် တစ်နေရာမှာ ခေါင်းထောင်တယ်
တစ်နေရာမှ တိမ်မြုပ်ခံလိုက်ရရင် တစ်နေရာမှာ ထင်ထင်လင်းလင်းထွက်ပေါ်တယ်
ဒီလိုနဲ့ပဲ သက်ဆိုးရှည်တဲ့ မေးခွန်းတွေနြ့..
ငါတို့ ရိုးသားဖို့မေ့ခဲ့ကြတယ်
မေးခွန်းတွေဘ ယ်တော့မှမသေကြောင်း အသိတရားကြီးနဲ့ ငါတို့
ရှေ့ဆက်
ခေါင်းငုံ့မြဲငုံ့လျှက်
ရိုးရိုးသားသားမေးခွန်းတွေကို အကြိမ်ကြိမ် သတ်နေမိခဲ့ကြ။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်