Monday 24 February 2014

မိတ်ဆွေ

စိတ်ရှိသမျှ ရွာချဖို့ စကားတွေ ခန်းနေတဲ့အခါ
ကိုယ်ကိုယ်တိုင်ပဲ တိတ်ဆိတ် ဆွံ့အ
တေမိလူသား ဆိုတဲ့ အဖြစ်သာ ထိုက်တန်တယ်။

စိတ်ရှိသမျှ စကားတွေရွာချဖို့ မသင့်တော်တဲ့အခါ
---

တေမိဆိုတဲ့ စကားကို နှစ်သက်တကြီး လိုချင်လာမိတယ်

အမှားမရှိခဲ့ပါဘူး
ဘယ်သူ့မှာမှ။

တစ်ယောက်ကိုတစ်ယောက် ဒေါသတကြီး ပစ်ပေါက်တဲ့ စကားလုံးတိုင်းမှာ
အဖြူစွန်းတဲ့ ဒေါသတွေ များနေတဲ့အခါ
အဖြူကို အဖြူထပ် အဖြူထုထည်ကြီးလာတဲ့အခါ

ကိုယ်တို့ဟာ လောဘတကြီးပဲ
သွေးသားရင်းချာလို ဒေါသတွေ ပူးပေါင်းတတ်လာတယ်...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်