Wednesday, 30 January 2013

တမ်းမက်ခြင်းဒိုင်ယာရီ

“အလွမ်းသင့်ရှိုက်သံသဲ့သဲ့နဲ့ အနက်ရောင်ဝတ်တဲ့ည(တမ်းမက်ခြင်းဒိုင်ယာရီ)”


“ချစ်တယ်” တဲ့။
ပြောရမှာ လွယ်တဲ့ သည်စကားနှစ်ခွန်းကို နှလုံးသားက ခွင့်မပြုခဲ့ဘူး။ ဖြူစင်ခြင်းတွေသာ အဝန်းရံခံခဲ့ရတဲ့ ကောင်မလေးအတွက် ကျွန်တော် အရောင်ဆိုးသူ မဖြစ်ချင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ အဖြူရောင်ကောင်မလေးကိုငေးကြည့်ခဲ့တာ ကျွန်တော့်နှလုံးသားလေးမှာတောင် ချစ်ခြင်းတွေ တော်တော်စွန်းထင်းနေပြီ။ “ကောင်မလေးကို ချစ်တယ်” ဆိုတဲ့ စာတန်းတွေအပြည့်နဲ့ ကျွန်တော့်အိပ်ခန်းနံရံဟာလည်း ပန်းနုရောင်မင်တွေအပြည့်နဲ့ပေါ့။
မပြောဖြစ်ခဲ့ပေမယ့် ကျွန်တော် ကောင်မလေးတစ်ယောက်ကို ချစ်ခဲ့ပါတယ်။ ဒီနေ့ထိလည်း ချစ်ဆဲပဲဆိုတာ
မညာတတ်တဲ့ နှလုံးသားလေးက ဝန်ခံနေလေရဲ့။

……….

Monday, 28 January 2013

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်(၂)


အတိတ်သို့  အတွေးတို့နှင့် လမ်းလျှောက်ထွက်ခဲ့သည့် ကျွန်တော့်အတွက် ကြည့်လေရာ နေရာတိုင်းသည် မှုန်သီဝေဝါးနေသည်။ သို့သော် နှလုံးသားထက်မှ ခံစားချက်တို့နှင့် ပေါင်းစပ်လိုက်သော အခါ အရာရာသည် ပြတ်သားထင်ရှားနေပြန်သည်။ အတိတ်ဝယ် အရောင်တို့မစွန်းထင်းသေးသော လူငယ်တစ်ယောက်၏ နှလုံးသား ရှိသည်။ နုပျိုသစ်လွင်နေသော ရင်ခုန်သံစည်းချက်တို့ရှိသည်။ ယုံကြည်ရာနောက်သို့ မိုက်မိုက်မဲမဲနှင့် တစိုက်မတ်မတ်လိုက်ခဲ့သော ခြေလှမ်းတို့ ရှိသည်။ မသေသော ဆေးဆရာ၊ မမှားသော ရှေ့နေ ရယ်မရှိ ဆိုသည့် စကားအတိုင်း အထပ်လိုက်ပုံနေသော အမှားများစွာ  ရှိသည်။

Saturday, 26 January 2013

ဒွိဟ

ဒွိဟ

မိန်းမတွေများ ခက်လိုက်တာ…..ဗျာ။ ယောင်္ကျားတစ်ယောက်က သူတို့ကိုချစ်လို့ ဆေးလိပ်ဖြတ်တယ် တို့၊ လောင်းကစား ဖြတ်တယ်တို့ဆို လွှတ်ဝမ်းသာကြတာကလား။ အဲ့ဒါယောင်္ကျားတွေရဲ့ မာယာဆိုတာကို သဘောမပေါက်ကြပဲကိုး။ ယောင်္ကျားဆိုတာဟာလေ သူတကယ်ချစ်တဲ့ မိန်းမဆိုရင်တောင်မှ အဲ့မိန်းမအတွက် ဆေးလိပ်ဖြတ်ပေးတာတို့၊ ကွမ်းဖြတ်ပေးတာတို့ကို အင်မတိအင်မတန် သိက္ခါကျစရာဖြစ်ရပ်လို့ မြင်တာကလား။ တကယ်တမ်း ရှောင်သွားဖြတ်သွားတယ်ဆိုတဲ့ ယောင်္ကျားမျိုးမှာ အကြောင်းပြချက်နှစ်ခုပဲရှိတယ်။ အကြောင်းကြောင်းကြောင့် မဖြစ်မနေဖြတ်ရမယ့်ကိစ္စပေါ်လာလို့ ဟုတ်ချင်ဟုတ်၊ မဟုတ်ရင် အဲ့မိန်းကလေးဆီက တစ်စုံတစ်ခုကို မျှော်လင့်နေလို့ပဲ။


Friday, 18 January 2013

ကွန်နက်ရှင် ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ကမ္ဘာ

ဟော့ဒီကြိုးပေါ်မှာမှ လမ်းမလျှောက်ဖူးရင် ခေတ်နောက်ပြန်ဆွဲတတ်တဲ့ လူသား ဆိုပြီးတော့တောင် ဆိုရိုးတွေဖြစ်ကုန်ပြီ။  ခက်တာကကြိုးကလည်း မငြိမ်မသက်။ လမ်းလျှောက်နေကြသူတွေလည်း ကြိုးနဲ့အတူ လှုပ်လှုပ်ခတ်ခတ်။ ခံစားချက်လှိုင်းတံပိုးတွေကလည်း အလူးလူး အလွန့်လွန့်။ တကယ်တော့ ဟော့ဒီကြိုးတွေမှာ လမ်းလျှောက်နေကြသူတွေအတွက်တော့ ဟော့ဒီကြိုးတွေဟာ ကမ္ဘာသစ်ကို ဆောင်ကျဉ်းလာသလိုပါပဲ။ ဟုတ်တယ်။ ကျုပ်အတွက်ကတော့ ကမ္ဘာသစ်တစ်ခုပါပဲလေ။
ကဲကမ္ဘာသစ်ထဲကို ဝင်လိုက်ပြီ။ ကမ္ဘာစစ်က အဆောင်အယောင်တွေ ခွါချခဲ့။ ဒီနေရာမှာ ကျုပ်ဟာ ဘာကိုမှ မသိတဲ့  အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်။

Thursday, 10 January 2013

မကြီးဆီစာလေးပေးပေးပါ

အမေ အပြင်သွားပါတယ်ရှင်………မယုံကြည်သော်လည်း ကလေးငယ်တစ်ဦးသာတွေ့၍ ပြန်လှည့်သွားသည် ထိုသူ၏နောက်ကျောပြင်ကိုကြည့်ကာ ကျန်ခဲ့သူကလေးငယ်ရင်ထဲမှာလည်း လိမ်ညာလိုက်ရသည့်အတွက် ရှက်ရွံနေပါသည်။ မိခင်ဖြစ်သူ၏ အကြွေးရှင်များ အိမ်လိုက်လာတိုင်း ဒိုင်ခံညာပေးရသည်မှာ ကလေးငယ်သာ။ သိပ်မကြာခင်ဝယ် အိမ်တွင်းမှ ဆူညံပေါက်ကွဲသံအချို့ ထွက်လာသည်။
ဖအေဖြစ်သူက မအေဖြစ်သူကို ရိုက်သည်ကို ကလေးငယ်တားဆီးချင်ပါသည်။ သို့သော် ကလေးငယ်မှာ ခုနှစ်နှစ်အရွယ်မျှသာရှိသေးသည့်အပြင် မိန်းခလေးလည်း ဖြစ်သည့်အတွက် တားဆီးရန် အင်အားမရှိ။ ဘေးနားရပ်နေသည့် အစ်ကိုသုံးယောက်ကြည့်လိုက်တော့ တားဆီးဖို့ စိတ်ဝင်စားကြဟန်မတူ။ အိမ်ရှေ့မှ ဝင်လာသည့် လူရိပ်ကြောင့် မအေဖြစ်သူကို ဖတ်ထားသည့် ကလေးငယ်မျက်ဝန်းတို့ ဝင်းလဲ့သွားသည်။ သို့သော် မအေဖြစ်သူကိုတော့ မလွှတ်သေး။ ကလေးငယ်၏ အားကိုးရာဖြစ်ဟန်တူသူ…ထိုလူက မအေဖြစ်သူရှေ့မှ ဝင်ကာလိုက်၏။

Monday, 7 January 2013

ဆုတောင်းလေးပြည့်စေချင်

ဆုတောင်းလေးပြည့်စေချင်
“ဟယ် ကြည့်စမ်းပါဦး ရေကို ပုံးလေးနဲ့ထည့်ချိုးနေရတာ ရေချိုးလို့ဝပါ့မလား”

သူမ ၏ ပြောစကားကို ကားဆရာက ပြုံးလိုက်ရင်း

“ဒီလိုပဲ ချိုးရတာပေါ့ ဟိုမှာတွေ့လား အဲ့ဒါတွေက ခြင်ကိုက်ခံပြီး မွေးထားတာတွေလေ.. တွေ့တယ်မလား ဘေးက ကျူးတဲတွေ ”

သူပြောသည့် ကျူးတဲတွေ ဆိုတာကိုကြည့်မိတော့ ဓနိလေးမိုးထားပြီး အိမ်ခန်းငယ်ငယ်သေးသေးလေးအား ဝါးကပ်ကာသည့်နေရာကာပြီး ဓနိလေးများထပ်ကာထားသော ကျူးကျော်ဆောက်ထားသည့် တဲလေးများ။ သည်ကြားထဲ ချုံပုတ်လေးများက ကျူးတဲလေးများဘေးပတ်ပတ်လည်ဝယ် ရှိပြန်သေးသည်။ သည်နေရာ သည်မြေကွက်၏ ဈေးနှုန်းက သုံးဆယ့်ငါးသိန်းဝန်းကျင်တော့ ရှိချေမည်။ အကယ်၍များ မြေကွက်ပိုင်ရှင်များ လာရောက်ကာ အဆောက်အဦးဆောက်မည်ဆိုလျှင် သူတို့ ဘယ်နေရာ ရွှေ့ကြရမှာလဲ။

Tuesday, 1 January 2013

ရပ်တန့်နေသော အိပ်မက်မြစ်များ


ဟာဗျာ လို့ စိတ်ထဲကနေ မချိတင်ကဲ ရွတ်လိုက်မိရင်း ကျွန်တော့်မိန်းမကို လှမ်းကြည့်မိတော့ သူလည်း မျက်နှလွဲထားတာတွေ့ရတယ်။ ဟုတ်တယ်ဗျာ။ ကျွန်တော့်ရင်ထဲမှာ ကလေးအတွက် စိတ်မကောင်းဖြစ်သလို သူလည်း ခံစားနေရမှာပဲ။ ကလေး အမေဖြစ်တဲ့ အနှိပ်သည် အမျိုးသမီးကို ကြည့်တော့ ကြုံနေကျ မထူးဆန်းတဲ့ မျက်နှာမျိုးနဲ့
ဆက်နှိပ်နေတယ်။
“လမ်းကူးရရင် ဘယ်လိုလုပ်မလဲပြန်ခေါ်လိုက်ပါဗျ” လို့ မပြောသာ ပြောသာနဲ့ ကျွန်တော်ပြောလိုက်မိသေးတယ်။ ဒီတော့ အဲ့အမျိုးသမီးက “လမ်းမကူးရပါဘူး ကွမ်းယာဆိုင်က ဒီဘက်မှာတင်ရှိတယ်” တဲ့လေ။ ကျွန်တော့် သားသမီးကို ဘယ်တော့မှ ကွမ်းမဝယ်ခိုင်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ အရင်ကထက်ကို ပိုပို ခိုင်မာလာတယ်။

ပိုးဖလံ(ကဗျာ)


မှော်ဆရာကိုမှ လှည့်စားခြင်းအတတ်ပြခဲ့သူ
ပြုစားဖို့ ကြိုးစားမိခဲ့သူ
ကိုယ်ပစ်တဲ့ လှံ ကိုယ့်ဆီပြန်လာမယ်မှန်း
မသိခဲ့မိသူ။

အခုတော့ မှော်ဆရာရဲ့ ပြကွက်တွေထဲ
အလဲလဲအပြိုပြို
သွန်လိုသွန်မှောက်လိုမှောက်
သူ့လက်ခုပ်ထဲကရေလို
တားမြစ်ပိုင်ခွင့်မရှိ
ထိန်းချုပ်နိုင်စွမ်းမရှိတော့
ရိုကျိုးစွာနဲ့ပဲ အပြုစားခံခဲ့ရပြီ။

Sunday, 30 December 2012

ပန်းမပွင့်သေးဘူး

ရှိ/မရှိ မသိချင်ဘူး
တွေ့ချင်တဲ့ စိတ်တွေက လွန့်လူး
အလွမ်းဆိုတာရဲ့ ရသကို
ခံစားမိလိုက်သလိုမျိုး
သူ့ ဖြားယောင်းမှုမှာ
ကျွန်တော် ရူးနေပြီ။

Saturday, 29 December 2012

သူ သိပါစေ

သီချင်းကို ကိုင်စွဲ၍အရာအားလုံးကို ရင်ဆိုင်နိုင်ပါသည်။ သံစဉ်တို့သည် အားအင်တို့ ပြည့်အောင် ဖြည့်ဆည်းပေး၍ အရာရာအား ရင်ဆိုင်နိုင်မှုရှိစေရန် ကျွန်တော့်အား တီးတိုးအင်အားပေးနေသည်။ ဟုတ်၏ သီချင်းရှိလျှင် သူအနားတွင်ရှိသကဲ့သို သီချင်းနှင့် သူ့အားထပ်တူပြုကာ ကျွန်တော့် စိတ်တို့သည် လန်းဆန်းဖျတ်လတ်နေပါသည်။ ယခု ကျွန်တော် သီချင်းနားထောင်နေပါသည်။ ထိုသီချင်းတွင် သူ့အတွက် သီးသန့်ဖွဲ့ဆိုသော ဂုဏ်ရည်တို့ပါဝင်သလို သူ့အတွက်သီးသန့် ပေးအပ်ထားသော မေတ္တာတို့ ပါဝင်ကြောင်း သူသိပါစေ။

Wednesday, 26 December 2012

ရေထဲက လရိပ်

အရိပ်လိုမြင်နေမိတဲ့ စိတ်အစဉ်ကို ထိန်းချုပ်ခွင့်ပေးပါ
ငါ မလွမ်းချင်ဘူး
ခံစားမှုတစ်ခုကို ပြိုင်တူဆုပ်ကိုင်မိတဲ့ ငါတို့နှစ်ယောက်ကြား
ပဝါပါးတစ်ခုခြားထားမှန်း နားလည်တယ်
ပြိုင်တူ မဖွင့်ရဲတဲ့ ဒီပဝါပါးအောက်မှာ
အချစ်ရဲ့ သိပ်သည်းမှုတွေဟာ တစတစကြီးမြတ်
မှိန်ဖျော့လာတဲ့ သူငယ်ချင်းသံယောဇဉ်တွေကို
မျက်နှာလွဲမိခဲ့ကြတယ်

Saturday, 22 December 2012

တွေးမိတွေးရာ-၁

အအေးဓါတ်လွှမ်းခြုံတဲ့အခါ ခြေဖျားလေးကို လေအေးလေး တိုးဝှေ့သွားရင်တောင် အသဲထဲထိ အေးသွားတတ်တာပဲ
အထီးကျန်လွန်းတဲ့ ညတွေမှာ နင့်အကြောင်း ရေးရေးလေးတွေးမိလိုက်ရင်တောင်
နှလုံးသားထဲက နာတယ်...........
အသဲစိမ့်အောင် လွမ်းလွန်းလို့.......

Friday, 21 December 2012

တွေ့ဆုံခွင့်


လွမ်း ဆိုတဲ့ စကားလုံးဟာ
ကိုယ်နဲ့ မတိုက်ဆိုင်ပါပဲနဲ့
ခဏခဏ လာခလုတ်တိုက်တယ်
မသိလိုက်မသိဘာသာနဲ့
လွမ်းနေမိတဲ့သူ
ကိုယ့်နှလုံးသားက သိသူ..

Thursday, 20 December 2012

တစ်ချက်လောက်တော့ အသိပေးပါ


တကယ်ပျက်လေမလား ကမ္ဘာ
အရိပ်အယောင်လောက်တော့အသိပေးပါ
တကယ်သာ ပျက်မယ်ဆိုရင်
ဖွင့်မပြောရသေးတဲ့ စကားတချို့ အံထုတ်ချင်မိရဲ့
နင့်သိပ်နေတဲ့စကားတို့ အံထုတ်ချင်မိရဲ့
အသိပေးပါ ကမ္ဘာ
တကယ်ပျက်မလား။

Wednesday, 19 December 2012

နှင်းဝှက်တဲ့ဆောင်း

တစတစလင်းလက်လာတဲ့ နေရောင်ခြည်အောက်မှာ နှင်းစလေးဟာ အရည်အဖြစ်ကနေ အခိုးအငွေ့အဖြစ်လူးလွန့်လို့သွားတော့ ကျွန်တော့်ရင်မှာလှိုင်းထန်တယ်။ စွယ်တော်ရွက်ပမာ မခွဲမခွါရှိခဲ့ခြင်းဟာ သူ ပျောက်ကွယ်သွားတာကို ကြည့်ဖို့မဟုတ်ဘူးလေ။ ခုတော့ နေ့စဉ်နဲ့အမျှ သူပျောက်ကွယ်သွားတာကို ကြည့်နေခဲ့ရတယ်။
သူနဲ့ ကျွန်တော်ပေါင်းစပ်ထားတဲ့ မနက်ခင်းတိုင်းမှာ မိသားစုတွေ ဝိုင်းဖွဲ့နေတဲ့ မီးပုံပွဲတွေရှိတယ်။ ဂစ်တာမလိုဘူး။ သီချင်းမလိုဘူး။ လှုပ်လီလှုပ်လဲ့လျှောက်ပြဖို့မလိုသလို ပေါ်ပင်အဝတ်အစားတွေမလိုဘူး။