ကျေးဇူးပြုပြီး အချစ်ဟာ ဘာလဲဆိုတဲ့ အမေး လာမမေးပါနဲ့
ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ခင်ဗျားပဲ
ခင်ဗျားနဲ့တွေ့တိုင်း မရည်ရွယ်ပဲ အမှားများစွာခလုတ်တိုက်မိ
ခင်ဗျားစကားပြောတိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ပဲ ရက်ကော်ဒါတစ်လုံးဖြစ်မိ
ခင်ဗျားပြုံးလိုက်တိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ခင်ပဲ ကင်မရာတစ်လုံးဖြစ်မိ
ခင်ဗျား လမ်းခွဲဖို့နှုတ်ဆက်ချိန်တိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ခင်ပဲ တေမိဖြစ်မိ
ကိုယ်ကိုယ်တိုင် မသိလိုက်တဲ့ အကြောင်းတရားတွေကို ကိုယ်ကိုယ်တိုင် အဖြေရှာမထုတ်နိုင်သေးဘူး
အကြောင်းတရားမရှိတဲ့ သတိရမှုဟာ ပြင်းပြလွန်းရင် အလွမ်းဖြစ်တတ်သလား
ဒါဆို သေချာတယ်
ကျွန်တော် ခင်ဗျားကိုလွမ်းနေတယ်
သတိရမှုတွေရဲ့ စစ်မှန်တဲ့အကြောင်းတရားဟာ မခွဲနိုင်မခွါရက်ဖြစ်ခြင်းလားး
သေချာရေရာ မသိခင်မှာပဲ မြတ်နိုးမှု ဆိုတဲ့ အကြောင်းတရားကို မငြင်းဆန်ဝံ့စွာ လက်ခံလိုက်မိခဲ့
အချစ်ရဲ့အဓိပ္ပါယ်က ကျွန်တော့်အတွက်တော့ ခင်ဗျားပဲ
ထာဝရအတွက် သေချာတယ်