Saturday 1 June 2013

ရူးမိုက်တဲ့မရဏဖွားတစ်ယောက်ရဲ့ တပိုင်းတစတေးသွား(၅)


၂၈ရက်ဖွားမရဏဖွားတစ်ယောက်ရဲ့
ခပ်လှလှဇာတာအတွက် နေ့သစ်လေးတစ်ရက် စတင်ပါပြီ
၁ ဂဏန်းသမားအတွက် ၁ ရက်နေ့တွေဟာ မုန်းဖို့ကောင်းလွန်းတာ ဘာ့ကြောင့်များလဲ
ဘာပဲပြောပြော
ဒီနေ့ကိုတော့ အပြုံးနဲ့ စတင်ပစ်လိုက်ချင်တယ်
ကျွန်တော်  မရဏဖွားပါဗျို့လို့ အော်၇င်းဟစ်ရင်း
လေထုရဲ့ ရနံ့ကိုပေါ့ပေါ့ပါးပါးရှုရှိုက်ပစ်လိုက်တယ်

ဟေး
ဒီနေ့မှာ အကောင်းဆုံးရှင်သန်ပစ်ဖို့
ငါ နိုးထလာပြီကြုံးဝါးလိုက်တယ်
ချန်ခဲ့
အတိတ်တွေ ချန်ခဲ့
မကောင်းဆိုးဝါးတွေ ချန်ပစ်ခဲ့
ယူခဲ့
အတိတ်ကိုယူခဲ့
ကြည်နုးချမ်းမြေ့စရာတွေယူခဲ့
ကြည့်
အရှေ့ကိုပဲကြည့်
ကိုယ်သွားမဲ့လမ်းကိုပဲ ကြည့်
မငေးနဲ့
ဘယ်အရာကိုမှ ငေးမနေနဲ့
မင်းဟာ နိုင်ငံရေးသမားမဟုတ်ဘူး
အရာရာကို ငေးကြည့်လို့ တွက်ချက်နေရမဲ့
စစ်တုရင်အရုပ်မဟုတ်ဘူး
မင်းလမ်းကို မင်းအကောင်းဆုံးလျှောက်နိုင်ရင်
မင်းဟာ အတော်ဆုံးပြည်သူတစ်ယောက်ပဲ

သေချာပြီလား
နေ့သစ်တွေအတွက် ရှင်သန်ဖို့
ဒွိဟဖြစ်တဲ့ စိတ်တွေနဲ့ရှင်သန်လို့ကတော့ မင်း
အညံ့ဆုံး ကစားသမားပဲ
ပွဲထဲက မြန်မြန်ထွက်ပါ
ကိုယ့်ကိုယ်ကို သတိပေးစကားတွေနဲ့
ဒီနေ့အတွက် ခြေလှမ်းသသစ် စတင်လိုက်ပြီ
Come on ရင်ဆိုင်စရာ ပျော်ရွှင်ကြည်နူးခြင်းများ
Come on ရင်ဆိုင်စရာ ဆင်းရဲဒုက္ခများ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်