Saturday 1 June 2013

1-6-2013----


၁-၆-၂၀၁၃

ပျော်ရဲ့လား
အက်ကွဲတိုးရှနေတဲ့အသံတွေ နားမဆင်ချင်ဘူး
လက်လက်ထနေတဲ့ အသံနဲ့ ဖုန်းပြောပေးပါ

ကောရက်ကော်ဒါထဲက နင့်အသံတိုးရှရှတွေဟာ ငါ့ရင်ကို အက်စေတယ်

ဟော ငှက်ကလေးတစ်ကောင် လေထုထဲပျံသွားတယ်
နင် ပျော်ရဲ့လား



ငှက်ကလေးရေ
အသဲကွဲတယ်ဆိုတာ အရိပ်အယောင်မရှိတဲ့ ခံစားချက်ပါပဲ
နင်ငိုလည်း မိုးစက်တွေ ခုန်ဆင်းပြမလာမှန်းသတိရပါ

တခါတခါပေါ့
ငှက်ကလေး တေးဆိုပြချင်သူဟာ ငါဖြစ်မလား စဉ်းစားမိ
အိပ်မက် အိပ်မက်ပါ
အိပ်မက်မှာလေနင် ငါ့အနားမှာ
ငါ့လက်ကို ဆုပ်ကိုင်လို့
ငါ့အတွက်
တစ်ပုဒ်ပြီးတစ်ပုဒ်ပေါ့
သီချင်းတွေ ဆိုနေခဲ့တယ်

ငှက်ကလေးရေ
တစ်ဘက်သတ်ဟာ
နှစ်ကိုယ်တူဖြစ်မလာနိုငတဲ့အခါ
အေးခဲတဲ့ ဆောင်းရာသီမှာ ကိုယ်စီပိတ်မိနေခဲ့ပေါ့

တစ်ခုတော့ ပြောချင်သေးတယ်
မင်းပြောနေကျ စကားသံလေးကို လွမ်းတယ်
မင်းပြုံးနေကျ အပြုံးလေးကို လွမ်းတယ်
မင်းစိတ်ရှုပ်ရင် ကျုံ့ပစ်နေကျ မျက်ခုံးလေးကို လွမ်းတယ်

1 comment:

မိုးနတ်ကြယ်စင် said...

မင်းစိတ်ရှုပ်ရင် ကျုံ့ပစ်နေကျ မျက်ခုံးလေးကို လွမ်းတယ် :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်