Saturday 1 June 2013

“ငှက်ကလေးရေ...”




ဂျေဆင်အာကယ်ကို ကြိုက်ခြင်းမကြိုက်ခြင်းမှာ
ငှက်ကလေးက အရေးပါတယ်
ဂျေဆင်အာကယ်ရဲ့ ရုပ်သွင်ဟာငှက်ကလေးနဲ့ သွားတူနေတဲ့အခါ
သစ်ပင်လေး အလွမ်းပြေစေသတည်းပေါ့



ငှက်ကလေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့
ကျွန်တော့်အလွမ်းတွေကို တူးဆွပေါ့
(ကောင်းကင်မှာ)
ရှိနေရဲ့နဲ့လည်း မရှိချင်ယောင်ဆောင်တတ်တာ ငှက်ကလေးရဲ့အကျင့်ပေါ့
ကျွန်တော့်အလွမ်းအပိုင်းအစတွေကို တတိတိနဲ့ တူးဖေါ်ကြည့်
ပြီးရင် သူရယ်မယ်

သူချစ်တဲ့သူရှေ့မှာ သူရယ်မယ်
သူ့ကိုမချစ်တဲ့ သူ့ချစ်သူရှေ့မှာ သူ ဟက်ဟက်ပက်ပက်ကြီးကို ရယ်ပြမယ်
ပြီး သူငိုမယ်
သူ့ကို ချစ်တဲ့ သူတွေရှေ့မှာ မျက်ရည်မကျပဲ သူငိုပြမယ်
သူ့ကြေကွဲခြင်းတွေဟာနိုင်ငံနဲ့လည်းသက်ဆိုင်တယ်
လူမျိုးနဲ့လည်းသက်ဆိုင်တယ်
အချစ်နဲ့လည်း သက်ဆိုင်တယ်
သူဖြေရှင်းလို့မရတဲ့ အရာတွေအတွက်ပဲ သူ မျက်ရည်မကျပဲ ငို ငိုနေတယ်

ငှက်ကလေးရေ
အချစ်က ရယူလိုခြင်းသက်သက်လို့ချည်းမထင်နဲ့ဟ
ပေးဆပ်တိုင်းအချစ်မဟုတ်သလို
ရယူလိုခြင်းလည်းအချစ်မဟုတ်ဘူး
အချစ်ဆိုတာက ချစ်နေရရုံနဲ့ကို ပြည့်စုံတာ

ငှက်ကလေးရေ မငိုနဲ့
မင်းငိုတိုင်း မိုးလေးတွေ ကြွေကျမလာဘူးကွဲ့
ငှက်ကလေးရေ ရယ်ပါ
ကျေးဇူးပြု၍ရယ်ပါ
မင်းချစ်တဲ့သူအတွက်ရယ်သလို
မင်းကိုချစ်တဲ့သူအတွက် ရယ်ပေးပါ
တိုးသဲ့အက်ကွဲနေတဲ့ မင်းအသံကိုကြားလိုက်ရတိုင်းမှာ
ကျွန်တော့်လုံးသားဟာ ခုန်ဆွခုန်ဆွနဲ့

အခါးဓါတ်တွေ တိုးထွက်နေမိ။

1 comment:

မိုးနတ်ကြယ်စင် said...

ပေးဆပ်တိုင်းအချစ်မဟုတ်သလို
ရယူလိုခြင်းလည်းအချစ်မဟုတ်ဘူး
အချစ်ဆိုတာက ချစ်နေရရုံနဲ့ကို ပြည့်စုံတာ

right !!!

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်