Wednesday 29 January 2014

မှော်

သိပ် ထူးဆန်းတယ်
လောကကြီး။

လက်ရှိအချိန်
ရင်ထဲအောင့်သက်နေတဲ့ ခံစားချက်တွေနဲ့
စိုးရိမ်ပူပန်မှုရုပ်သံကို ဖမ်းမိနေတဲကျွန်တော်

တပြိုင်နက်တည်း
ဖေဖေမေမေအော်ရင်းတရင်း ငိုနေရှာမယ့်ကလေးတစ်ယောက်
ဘယ်လိုပြောပြော
ကိုယ့်ခံစားချက်ကြီးကမှ ပိုပူတယ်ထင်ခဲ့မိတော့လည်း..

လောကကြီး
သိပ်ထူးဆန်းတယ်။

အိပ်မက်ပျောက်ကို အတူတူတူးဆွမိသူချင်း
ကိုယ့်အိပ်မက်က ပိုပြီးအနာအဆာများနေတဲ့အခါ
တပါးသူအိပ်မက်ကို ထိခိုက်တတ်လာတယ်
မရည်မရွယ်ခဲ့ပေမဲ့
ကိုယ့်အမှားတော့ အမှန်တကယ်ဖြစ်ခဲ့တယ်။

သိပ် ထူးဆန်းတယ်
လောကကြီး။

ပျော်မလားပြေးမလား
မျက်ဝန်းရာသီတွေကို တွက်ဆစ်ကြည့်ဖို့ကြိုးစားရင်း
ကိုယ့်စိတ်နဲ့ကိုယ်ခလုတ်တိုက်နေကြသူတွေဟာ
ဖေးဖေးမမ နေထိုင်ရင်းနဲ့
မှော်တစ်ခုဖန်တီး
စိတ်ဆာပြေ ရာသီစာတစ်ခုဖြစ်
စိတ်ပျော်ရာ နယ်မြေတစ်ခုဖြစ်
စိတ်ချမ်းမြေ့ရာ ပိုင်နက်တစ်ခုဖြစ်
ဒါ တစ်နေရာစီကနေစုထားတဲ့ သွေးသားရင်းခြာ
မိသားစု ပါတဲ့။

လောကကြီး
သိပ် ထူးဆန်းတယ်။
 
ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်