Wednesday 24 October 2012

နံနက်ခင်းတစ်ခုအကြောင်း

အလုပ်သွားဖို့ အိမ်က ထွက်လာကတည်းက… မထော်မနန်း အဖြစ်အပျက်များစွာနဲ့……………………. ဒီနေ့အဖို့ ဇာတာကောင်းဟန်မတူ………….ဟုတွေးလိုက်မိသည်.။
လမ်းတစ်ဝက်ရောက်တော့ စူပါရုဖ်ဗင်ကားနောက်ခန်းက ကျွန်တော့ကို ခပ်တည်တည်ကြည့်သွားတဲ့ အမွှေးစုတ်ဖွားနဲ့ သကောင့်သားကို စိတ်ထဲကနေ ခဲနဲ့ အချက်ပေါင်းများစွာပစ်ပစ်လိုက်တယ်။ ဒီကောင်ကြီးကတော့ သောက်ဂရုတောင်စိုတ်ဟန်မတူပါဘူး။ လျှာကြီးတစ်လစ်ထုတ်ရင်း တစ်ခြားအရာတွေဖက် ခေါင်းလှည့်သွားလေရဲ့။ အဒေါ်ကြီးတစ်ယောက်က တစ်ညောင်ညောင်အော်တဲ့အကောင်ကို သမီးလေး..သမီးလေးနဲ့ တစ်ဖွဖွသပ်ရင်းခေါ်နေတာတွေ့မိတော့ ကျွန်တော့လည်ပင်းလေးကျွန်တော် ပြန်စမ်းမိပြန်ရော။ ဟုက်တယ်လေ..သူ့သမီးလေး လည်ပတ်ကို ကျွန်တော်တစ်ခါမှ မပိုင်ဘူးတဲ့ အ၀ါရောင်ရှိတဲ့ ရွှေဆိုတာကြီးနဲ့ လုပ်ထားတာကိုး။ အစစ်မှန်းသေချာအောင် လက်လက်ကိုထလို့။
ဆေးလိပ်နံ့ ရလာလို့လားမသိ။
ကိုယ်ပါခံတွင်းချဉ်လာသည်။ ဘေးဘီလှည့်ကြည့်လိုက်တော့ ခြောက်တန်းကျောင်းသားအရွယ်သာရှိသော ကလေးနှစ်ယောက် စကားတပြောပြောနဲ့ ဆေးလိပ်ဖွာရင်းလျှောက်လာသည်ကိုတွေ့ရပြန်သည်။ အော် ကျွန်တော်တို့ခောတ်တုန်းကတော့ အဲဒီအရွယ်တုန်းက ဒါတွေလုပ်ရမှန်း မသိခဲ့။ ခံတွင်းချဉ်ချက်က တော်တော်ဆိုးလာသည်မို့ တွေ့သည့်ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်ရင်း မီးညှိနေသည့်အခိုက်……….
……………………………………………..
မခိုင်……ဒီနေ့ဘာကောင်းလဲ ကျွန်မတော့ ငါးတစ်လုံးအပိုင်ရထားတယ်
ဟုက်လား ငါတော့ဘာမှမရဘူး ဒီနေ့…….နင်ပြောသလိုပဲ ငါးကို ပတ်လိုက်မယ်
ပေါက်ရင်တော့ ကျွန်မကို မုန့်ဖိုးပေးရမယ်နော်
အေးပါအေ ညည်းကလည်း
……………………………………………………
မကြားချင်တော့။ ဆေးလိပ်ငွေ့တစ်ချို့ ဖွာထုတ်ရင်းလှည့်ထွက်မိသည့်အခိုက် ချိုလွင်သောရယ်သံတစ်ချို့ ကြားမိပြန်သည်။ ရှေ့တည့်တည့်မှာ မြင်နေရသည်က အသက်ငါးဆယ်အရွယ်ဦးလေးကြီးကို ကိုကြီးဟု ချွဲနွဲ့နေသော နှစ်ဆယ်ကျော် မိန်းမငယ်တစ်ဦး။ကျွန်တော့ကို သာမန်အကြည့်နဲ့ တစ်ချက်ကြည့် ပြီးတော့ အပြုံးတုတစ်ခုနဲ့ ကိုကြီး ဆိုသူရဲ့ ပုခုံးပေါ်ခေါင်းလေးငဲ့လို့။ လူတွေရဲ့ ကျင့်ဝတ်ကို ချိုးဖောတ်ဖို့ အတင်းအကျပ်မဟုက်ပဲ အလွယ်တစ်ကူခိုင်းစေနိုင်သူကို တစ်ခါလောက်တော့ ကျိန်ဆဲလိုက်ချင်သည်။ လူတွေရဲ့လက်နဲ့လုပ်လို့ အသက်ရှင်လာမှ လူတွေကို စေရာခိုင်းနိုင်သူ……..ထိုသူကို တစ်ခါလောက်တော့ ကျိန်ဆဲလိုက်မိတယ်။…..သောက် ပိုတ်ဆံ…….လို့
အင်း……………………….သက်ပြင်းတစ်ချက်ခိုးချ အဆုတ်ထိ အဆိပ်ငွေ့ကို ရှုရှိုက်လိုက်…………………
 ကျွန်တော့လိုပဲဒီအဆိပ်ငွေ့တွေထဲမှာ ပျော်ပိုက်နေသူတွေ ဘယ်လောက်များနေမလဲ……………..ဒီအဆိပ်ထဲ ကျွံကျလုလု သူတွေ ဘယ်လောက်များနေမလဲ…
အတွေးတစ်ချို့နဲ့ လမ်းလျှောက်လာရင်း လက်ကြားထဲက ဆေးလိပ်တောင် သုံးချိုးတစ်ချိုးရောက်လို့ ကုန်လုနီးပါး။ လိုရာ မှတ်တိုင်တောင် ရောက်လာပြီ။ ဟော….ဟိုမှာ ကျွန်တော် စီးရမဲ့ ကား…
အတွေးနဲ့အတူ ဆေးလိပ်ကိုပါ  လက်စသတ်………..ရောက်လာတဲ့၃၉ဘီအမ်ကို လက်တစ်ဖက်နဲ့ တွဲချိတ်ရင်း……..
ဆွဲ………ဆရာရေ့………….….လို့

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်