Wednesday 24 October 2012

တရားရိပ်သာငယ်

တိတ်ဆိတ်ခြင်းတေးသံ….ဆိုရမလားပဲ… ငှက်ငယ်တစ်ချို့ရဲ့ တီတီတာတာ
အော်မြည်နေသံက လူနေထူထပ်တဲ့နေရာဒေသက မြည်သံတွေလောက် ဆာလောင်မွတ်သိပ်မှု့
ပြင်းပြမနေပါဘူး……………..
အော်……..ဒီခြံဝန်းလေးထဲ အဟိတိရိစ္ဆာန်ဖြစ်တဲ့ ငှက်ကလေးတွေတောင်
ငြိမ်းချမ်းနေလိုက်တာနော်
တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်ကြီးဝါးကြီးတစ်ချို့ မွေးမြူထားတဲ့
ဒီခြံဝန်းလေးထဲမှာ………ရာထူးကြီးတာမရှိဘူး…ပိုက်ဆံတတ်နိုင်တယ်ဆိုတာမရှိဘူး……..တတ်နိုင်တဲ့
ဒါနထည့်…………စိတ်အေးချမ်းချင်သလောက်နေ…………ချထားတဲ့ မခက်ခဲတဲ့
စည်းကမ်းတစ်ချို့ လိုက်နာဖို့ပဲ လိုပါတယ်…………တစ်ခုတော့ ရှိတာပေါ့လေ
….စားရင်းသွင်းဌာနမှာ မှတ်ပုံတင်လေးတွေတော့ ပေးခဲ့ရတာပေါ့
စည်းကမ်း…………?

စည်းကမ်းဆိုတာကလည်း ဆွဲထားတဲ့အချိန်ဇယားတစ်ခုအတိုင်းလိုက်နာရုံသာ…………………
ဘယ်အချိန် စင်္ကြလျှောက်၊ တရားထိုင်……လိုအပ်တဲ့အချက်တစ်ချို့ နောင်တော်၊
အစ်မတော် များက အမြင်မတော်လျှင် ၀င်သင်ပေးလို့……….စိတ် ဆိုတာလေး
အေးငြိမ်းအောင် တည်ဆောက်ပေးကြတာပေါ့
ဒီခြံဝန်းလေးထဲ အကြောင်းကိုယ်စီနဲ့
ရောက်လာသူတစ်ချို့ဟာ………………………………သူတို့ရဲ့ လက်တွေ့ဘ၀မှာ
ကျင့်သုံးဖို့ခက်ခဲတဲ့ အကျင့်တစ်ချို့နဲ့ အသားကျသွားတတ်ကြတယ်………..
ဥပမာပေါ့…….နံနက်ခင်း ထမင်း တစ်နပ်သာစားပြီး နေ့တိုင်းဥပုဒ်
မစောင့်နိုင်သူတစ်ချို့ နေ့တိုင်း နံနက်ခင်း တစ်နပ်နဲ့
တင်းတိမ်သွားတတ်ကြတာမျိုးပေါ့………………
အသားဟင်းမှချည်း ဆိုသူတစ်ချို့ အရွက်တစ်ချို့နဲ့ ဓါတ်တည့်သွားကြသလို
ဘာဟင်း မစားဘူး ဆိုသူတစ်ချို့လည်း သင့်သလိုစားတတ်သွားကြလေရဲ့
တစ်ကယ်ပါ…..နံနက်ခင်း အာရုံဆွမ်းစားသူတစ်ချို့၊ မနက်စာ စားသူတစ်ချို့
ဘယ်လောက်များများ ၊
ဆူညံသံကင်းလို့………လောဘဇောမျက်ဝန်းတို့မရှိဘူး………..နံနက်ခင်းအလှူရှင်ကို
ဆုတောင်းပေးတဲ့ အချိန်လေးတစ်ချက်ပဲ အသံမြည်တယ်……………………………..
တစ်ခုတော့ရှိတာပေါ့လေ…….အခုမှဝင်လာကာစ
သူတစ်ချို့ရဲ့………မသိနားမလည်တဲ့မျက်ဝန်းတို့ပဲရှိတယ်…
နေ့ခင်း မှာ စင်္ကြလျှောက်သူတစ်ချို့နဲ့….တရားထိုင်သူတစ်ချို့…………..သူတို့အနားမှာပဲ
အလှုရှင်တစ်ချို့ရဲ့ အအေးတစ်ချို့၊ မုန့်တစ်ချို့…………………
စိတ်တို့ပြေးထွက်တတ်သူ တစ်ချို့တောင် သူတို့စိတ်ရဲ့ အနားစကိုပြန်ဆွဲဖို့
ကြိုးစားရင်း ………………….နဲ့
ည အချိန်ခါ ရောက်ပြန်တော့ တရားနာရပြန်ရော…………..
စိတ်…..ဒီစိတ် ကလေးကို ဘယ်လိုထိန်းရမယ် မသိသူတွေအတွက်
ကနဦးအစ ၀င်လာတာပါ….ဆိုသူတွေအတွက်
မြင့်မြတ်သူတွေ က လမ်းပြပေးနေကျအဆောင်လေးဆီ…………..သွားကြပြန်သည်လေ
အဆောင်ပြန်ရောက်ကြပြန်တော့ အတွေးတစ်ချို့နဲ့…သက်ပြင်းချတတ်သူတွေရယ်……..
အလုပ်တွေ လက်စသတ်နေသူတစ်ချို့ရယ်……………………..
ကုတင်ပေါ် လှဲရင်း အိပ်ဖို့ပြင်ဆင်နေသူတစ်ချို့ရယ်…………..
ဘယ်သူတွေပဲဖြစ်ဖြစ်……သိပ်မကြာခင်
မျက်လုံးမှိတ်အိပ်ရတော့မည်………………..ကိုးနာရီထိုးလျှင် မီးပိတ်တော့မည်လေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်