Monday 10 October 2011

ဖြစ်ချင်ဦးဟဲ့ ဘလော့ကာ၊ ဖြစ်ချင်နေဆဲ ဘလော့ကာ

“မရည်ဝေ တစ်ပုဒ်ထက်တစ်ပုဒ် ပိုပိုကောင်းလာတယ်ဗျာ”
သဘောကျစွာပြုံးမိချေပြီ။ ဘလော့အောက်ခြေမှ မှတ်ချက်ဟုခေါ်သည့် မန့်ထားသည့်စာလေး။ မန့်သည့်သူကလည်း ကိုယ့်ထက် စီနီယာကျသည့် ဘလော့ကာဖြစ်သည်လေ။ ဒီတော့ ကျွန်မမှ သဘောမခွေ့ရင် ဘယ်သူခွေ့မတုန်း။ အဲ ဟုတ်ပါဘူး။ ဘယ်သူသဘောကျမတုန်း။
အင်တာနက်ဆိုတာကြီးကို အိမ်တွင် ဖုန်းဖြင့်ချိတ်၍ရပြီးနောက်ဝယ် ကျွန်မတွင် ရော၈ါစွဲကပ်လာသည်မှာ ဘလော့ကာ ဖြစ်လိုခြင်း။ အောင်မြင်ကျော်ကြားထင်ရှားသော ဘလော့ကာတစ်ယောက်ဖြစ်ချင်လွန်းလှသည်လေ။
ဟော ဒီမန့်စာလေးက ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မန့်ခဲ့တာမလား။  ဘာတဲ့ ။
သဘောကျနှစ်ခြိုက်စွာ အားပေးသွားပါကြောင်း..တဲ့။
ရင်ထဲကြည်နူးမှုတို့ လျှံတက်လာပြန်သည်။ ဆိုဒ်အက်ဒ်မင်ကိုယ်တိုင် မှတ်ချက်ပေးသည်ဆိုတော့ ကျွန်မရေးသည့်ဘလော့ တကယ်ကောင်လို့ပေါ့။ အတွေးနှင့်ပြုံးရင်း အက်ဒ်မင်နာမည်ကိုသေချာမှတ်လိုက်သည်။ ကျေးဇူးတင်စကားလေး သူ့အိမ်မှာသွားပြောရမည်လေ။ ဘာတဲ့..ကိုရော့ကာ တဲ့။ ကဲ..ရင်းရင်းနှီးနှီးပဲ ခင်မင်စွာဖြင့် အိမ်လာလည်ပါသည်ပေါ့။ ဒါ ရှောင်လွှဲ၍မရသော အွန်လိုင်းယဉ်ကျေးမှု တစ်ခု။
 “ဆက်လက်ထုဆစ်နိုင်ပါစေ”
 “နောင်လည်း ဒီလိုဝတ္ထုကောင်းလေးတွေ အမြဲထုဆစ်နိုင်ပါစေ သူငယ်ချင်းရေ”
“တကယ့်ကို အရေးအသားကောင်းလှချေလားဗျာ လူကိုဆွဲခေါ်သွားလိုက်တာ”



အမယ်လေး..မန့်တာတွေကြည့်ရင်း ကြည့်ရင်း လူက မိုးသို့ ပျံလုမတက်။ ကိုယ့်ကိုယ်ကို စာရေးဆရာဟု အထင်ရောက်လာသည်။ မန့်တာတွေကတော့ စာရေးဆရာကို အားပေးနေသည့်ပရိသတ်တွေပေါ့။ အတွေးနှင့်အတူပြုံးမိရင်း စိတ်ထဲရေရွတ်မိသည်က “ငါဟဲ့ ဘလော့ကာ” ဟု။
နေ့ရောညပါ စာရေးနေမိသည်မှာ မျက်တွင်းတွေချောင် မျက်ကွင်းတွေ ညိုသည်အထိ။ ရေးပြီးထားသမျှလေးကို ဆိုဒ်ပေါ်ဝယ် ဘလော့အဖြစ်အမြန်ဆုံးတင်ချင်လှသည်။
ကွန်မန့်လှလှလေးတွေ ဖတ်ချင်လှသည်လေ။ ထိုကွန်မန့်တွေကြား ကျွန်မ၏ စိတ်တို့ မြူးထူးချင်လှသည်။
နောက် ကျွန်မတင်သော ဆိုဒ်ပေါ်ဝယ် ကျွန်မဘလော့အား အစဉ်အားပေးသူရှိသည်ပဲ။ ပုံမှန်ဖတ်ရှုသူတွေ၊ မန့်သူတွေနှင့်မို့ ထိုဆိုဒ်လေးဝယ် ဘလော့တင်ရခြင်းကို နှစ်သက်လှသည်လေ။
ဘလော့ဆိုရာတွင် အမျိုးအစားကွဲပြားပြန်သည်။ သူများရေးထားတာကို ကူးတင်မလား။ ကိုယ်ကိုယ်တိုင်ရေးတင်မလား။ နည်းပညာနှင့် ပတ်သတ်ပြီး မကျွမ်းကျင်သော ကျွန်မ ဘလော့ကာဖြစ်ချင်လွန်းလှသဖြင့် ခံစားချက်တို့ ရောင်းစားရပြန်သည်။ ကိုယ့်နှလုံးသားနှင့်ကိုယ် ဘလော့ရေးဖို့ဦးဏှောက်ခြောက်ခံရပြန်သည်လေ။ နှလုံးသားမှ တိတ်တခိုးသံစဉ်တို့လည်း ဘလော့အဖြစ်ဖန်တီးသည်။ ကာယကံရှင်တောင်မသိသော ကျွန်မ၏တိတ်တခိုးသံစဉ်လေးများဘလော့အဖြစ်ပြောင်းသွားသည်မှာပင် တော်တော်များချေပြီ။
တခါတရံ ရေးစရာမရှိတိုင်း ငိုကြည့်ရေးကြည့်သည်။ အရူးတစ်ယောက်လိုပင်။ တခါတခါကျတော့လည်း ဇာတ်ကွက်လေးများစဉ်းစားပြီးေ၇းစ၇ာမရ ရအောင်ဖန်တီးရပြန်သည်။ အသေးအဖွဲလေးကိုပင် ပုံကြီးချဲ့ကာ ရေးဖြစ်အောင် ဦးဏှောက်ခြောက်ခံရလေသည်။
အကယ်၍များ တစ်ပတ်ကို တစ်ပုဒ်မတင်လျှင် ဘလော့ကာကျော်ကြီးကျွန်မအား မေ့သွားမည်စိုးသောကြောင့် ရေးစရာမရ ရအောင် ရှာမိခြင်းပင်။
“ဟိုကောင်မလေး နေ့ရောညပါ ကွန်ပြူတာသုံးနေတာ ငါတို့အသက်အရွယ်ဆို နင့်မျက်လုံးတော့ ပျက်ဆီးနေမှာပဲ တော်တော့” အဖေ့အော်သံကြောင့် လျှာလေးတစ်လစ်ထုတ်ရင်း ကွန်ပြူတာကိုပိတ်လိုက်သည်။
“ခုထက်ထိ ညနေစာလဲမစားသေးဘူ..လာစားဦး”
ဒါက အမေ့ဆူသံ။
ထမင်းစားအပြီး ခြင်ထောင်ထဲ ဆွဲယူလာသည်က ဗလာစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း။
ဝမ်းစာလေးတွေ စဉ်းစားရေးရမည်လေ။ ဘလော့ပေါ်တင်ဖို့။ အဖေနှင့်အမေကတော့ သိမည်မထင်။
……………………………..
မနက်ခင်း အဖေရုံးသွားပြီးပြီးချင်းပင် ကွန်ပြူတာဖွင့်တော့ အမေက မျက်စောင်းထိုးတော့သည်။
“နင့်မလဲ မိုးလင်းမိုးချုပ် ဒါပဲ တစ်ရက်တလေ များကွန်ပြူတာမကိုင်ရရင် ဘာဖြစ်သွားမှာမို့တုန်း”
အမေ့အား ရယ်ကျဲကျဲလေးနှင့်သာ ကြည့်ရင်း ဝင်းဒိုးတက်လာပြီဖြစ်သော ကွန်ပြူတာအား ဖုန်းဖြင့်ဂျွိုင်းလိုက်သည်။ ရင်တွေလည်း ခုန်လို့။ မနေ့က ဘလော့တစ်ခုတင်ထားသည်လေ။ အဖေဆူမှာစိုးသောကြောင့် မှတ်ချက်တွေမန့်တာတွေ မကြည့်ခဲ့ရ။
ဘယ်သူများဘယ်လိုမန့်ထားမလဲ။ ကြည့်ချင်လှပေါ့။ ဘယ်လောက်ထိများစိတ်စွဲသလဲဆို ထိုဘလော့အား လူထောင်ပေါင်းများစွာက မန့်ခဲ့သည် ဟု အိပ်မက် မက်သည်အထိ။
ကဲ.ကဲ ကြည့်လိုက်ဦးမှ။ လောလောဆယ် အမေမျက်စောင်းလေးကို ခဏမေ့ထားလိုက်ဦးမည်။
“သူငယ်ချင်းရေ ရေးတတ်လိုက်တာ”
ပထမဆုံးမှတ်ချက်။ ကျွန်မ ကျေနပ်စွာပြုံးလိုက်သည်။
“သယ်ရင်းရေ ဆက်လက်ထုဆစ်နိုင်ပါစေနော်”
ဒါက ကျွန်မဘလော့များအား အမြဲဖတ်ရှုသူ၏ မှတ်ချက်။ သူ့မှတ်ချက်လေးတွေက အမြဲ ထိုသို့သာ။ ထုဆစ်သည် ဟုသာ သုံးစွဲတတ်သည်လေ။
“အားပေးသွားတယ်နော်”
အင်း..ဒါကတော့ စိတ်မပါလက်မပါနိုင်လွန်းသည့် မှတ်ချက်။ ကြည့်လိုက်မိတော့ လူ့ဂွစာ ဗင်းဆင့် တဲ့။ ကျွန်မ မကျေမနပ်တွေးလိုက်မိသေးသည်။ ဒီလူကြီး မဖတ်ချင်မဖတ်နဲ့ပေါ့။ မမန့်ချင်မမန့်နဲ့ပေါ့။ ခုတော့..ဟင်း။ စိတ်ထဲမှ မျက်စောင်းများစွာ ထိုးပစ်လိုက်သည်။
“မရည်ဝေရေ..မရည်ဝေ ရေးတာတွေကတော့ အမြဲကောင်းနေတာပဲနော်”
အိုပျော်လိုက်တာ။ ဒါ ချီနီယာဘလော့ကာလေး၏မှတ်ချက်။ အဲလေ။ စီနီယာဘလော့ကာလေးရဲ့ မှတ်ချက်။ ပျော်လိုက်တာ။ ရင်ထဲမှာ ကုလားမီးနင်းပွဲ လှည့်နေသလိုပင်။
ငါရေးတာ တကယ်ကောင်းလို့သာ သူမန့်ခဲ့တာပဲ။ ထိုအတွေးနှင့် ကျွန်မမှာ မြောက်ကြွမြောက်ကြွ။ ထိုအတွေးနှင့်အပျော်သည် ညအိပ်ချိန်ထိမပြီးဆုံးနိုင်သေး။ အိပ်မက်ထဲထိပင် ပါလာသည်က ကျွန်မဘလော့ကို စီနီယာဘလော့ကာကြီးများ လာရောက်မှတ်ချက်ပေးသွားသတဲ့။
……………….
အင်း..ဒီမနက်တော့ မေး အရင်စစ်ကြည့်ရင်ကောင်းမယ်။
အတွေးနှင့်မေးဖွင့်လိုက်ချိန်တွင်ပင် ဆိုဒ်နှစ်ဆိုဒ်၏ ဝေမျှမေးလေးနှစ်ခုက ကျွန်မစိတ်တို့အား သိမ်းကျုံးစွဲဆောင်သွားတော့သည်။
“အို..ခေါင်းစဉ်တူတာပဲဖြစ်မှာပါ” အတွေးနှင့်ဖြေသိမ့်ရင်း ထိုမေးနှစ်ခုအားဖွင့်ချိန်မှာတော့…
နိဒါန်းစာကိုယ်နိဂုံး အကုန်လုံးတူညီသည့် ကျွန်မမဟုတ်သော တခြားနာမည်နှင့်တင်ထားသည့် ဘလော့။
ထိုဘလော့ောက်ဝြေယ် တူညီသည့် ကွန်မန့်လေးများ။
 အရေးအသားကောင်းပါသည်။
အားပေးလျက်ပါ
……………………..
အမ်း..ဘလော့တွေ များတော့လည်း အက်ဒ်မင်တွေ မမှတ်မိဘူးထင်ပါသည်လေ။ စိတ်ဖြေရင်း ထိုဘလော့ဝယ် မန့်ဖို့ရာကြည့်တော့ မည်ကဲ့သို့ မန့်ပေးရမည်မှန်းမသိအောင်ပင်။
ကိုယ့်ဦးဏှောက်သုံးရေးထားသည့်စာကို တခြားသူတင်ထားသည့်ပုံစံနှင့်တွေ့ရသည်မှာ အနည်းငယ်တော့အူကြောင်ကြားနိုင်လှသည်။ ရယ်စရာကောင်းသည်ဆိုရအောင်ကလည်း ကိုယ့်စိတ်၊ ဦးဏှောက်၊ နှလုံးသား အရာအားလုံးသုံးရေးခဲ့သည့်စာကို သူတပါးက အလွယ်တကူ ခိုးယူခြင်း ခံလိုက်ရသည်မှာ ပူလောင်လွန်းလှသည်။
ကဲ..ဒါဆို ပြတ်ပြတ်သားသားပြော။ အဲလိုဆိုရအောင်ကလည်း ဘယ်လိုပြောရပါ့။ နေရာတိုင်းမှာဖြစ်နေသည့် ဘလော့ကူးရေးခြင်းကိစ္စကို ကျွန်မက ရေးကြီးခွင်ကျယ်လုပ်နေခြင်းဟု အခြားသူငယ်ချင်းများက မြင်သွားပေဦးမည်။
နောက်ဆုံးတော့လည်း ကိုယ့်ဘလော့လင့်လေးတင်ပေးရုံသာ တက်နိုင်တော့သည်လေ။
မန့်ရင်းတွေးမိသည်ကတော့ အက်ဒ်မင်လေးများ၊ သူငယ်ချင်းများ ကျွန်မဘလော့ဝယ် မှက်ချက်ပေးခြင်း၊ မန့်ခဲ့ခြင်းသည် ကျွန်မစာ တကယ်ကောင်း၍ဖြစ်ပါလိမ့်မည်။ သို့သော်…သို့သော်..သူတို့သည်လည်း လောကီလူသားတွေပဲမလား။ အကုန်ဘယ်မှတ်မိနိုင်ပါ့မလဲနော့။
ဘာမဟုတ်ညာမဟုတ် စာစမ်းရေးတဲ့ ကျွန်မလို ဘာလော့မကာ့တကာလေးတောင် အခိုးခံသည်ဆိုလျှင် စီနီယာဘလော့ကာကြီးများတော့ ခဏခဏအခိုးခံပေလိမ့်မည်။ အင်း..သူတို့အားလည်း စာနာပေးလိုက်ပါသည်လေ။ ကိုယ်တောင် ဒီလောက်စိတ်ဆိုးလျှင် သူတို့ဆို ပိုဆိုးမပေါ့နော့။
ဒီနေ့တော့ဖြင့် ကျွန်မ ဘလော့အသစ်တင်ပေဦးမည်။
ဖြစ်ချင်နေဆဲ ဘလော့ကာရောဂါပိုးက မသေသေး။ ကုသနည်းလည်း မသိသေး။ ကသနည်းးမသိခင်အချိန်ထိတော့ ကျွန်မသည် ကျွန်မနှလုံးသားအားအလုပ်ပေးရင်း၊ ကျွန်မဦးဏှောက်အားအလုပ်ပေးရင်း ရလာသောစာလေးတွေအား ဘလော့ပေါ်သို့ တင်ရင်း နာမည်ကျော်ဘလော့ကာ ဆိုသော ဘဝကိုရောက်ဖို့ မျှော်မှန်းနေမည်သာ။ နို့မို့ နာမည်ကျော်ဘလော့ကာကြီး ဖြစ်လာမည့် စိတ်ကူးလေး စွန့်လွှတ်ရမည်လား။ မစွန့်လွှတ်နိုင်ပါလေ
ဒီကုသနည်းကိုမသိခင်အတောအတွင်းတော့ ဖုန်းဖြင့်အင်တာနက်သုံးသည့် ဆိုဒ်ပေါ်ဘလော့တင်သည့် တစ်လလေးသောင်းကုန်ကျစရိတ်ကို မုန့်ဖိုးမသုံးပဲ အကုန်ထည့်ရပါလိမ့်မည်။
……….
အိုး..ကျွန်မ ပျော်ရွှင်ကြည်နူးစွာ ထခုန်လိုက်မိသည်။
“ဟဲ့ အငယ်မ ဘာဖြစ်တာတုန်း”
အဲ အမေလှမ်းအော်ပါမှသတိရသည်။ အိပ်မက်ပါ့လား အိပ်မက်။
အိပ်မက်ထဲတွင် ကျွန်မဘလော့သည် မြန်မာတစ်နိုင်ငံလုံးတွင် လူကြိုက်အများဆုံး တော့တန်း စာရင်းထိပ်က တော့ဝမ်း တဲ့။ ပျော်လိုက်တာပ။ အိပ်မက်လေးတကယ်ဖြစ်အောင် သူငယ်ချင်းတွေကို ကျွန်မဘလော့လိစာလေးပေးရဦးမည်။ သုံးခါလာလည်လျှင် တစ်ခါ မုန့်လိုက်ကျွေးမည် ဆိုသည့်မက်လုံးလေးနှင့်။
ကျွန်မဘလော့လိပ်စာလေး www.sm17206.blogspot.com ကိုမပေးမှီ သူတို့အကြိုက်တွေ့အောင် နည်းနည်းပါးပါးမိပ်ကပ်ရိုက်ရဦးမည်လေ။ မိပ်ကပ်ရိုက်ပြီးလျှင်တော့ ပျော်ပျော်ကြီးလိုက်ဖိတ်ခေါ်လိုက်ဦးမည်။
Sm17206@blogspot.com ကိုလာလည်ကြပါဗျာလို့။ အဲလေ ရှင်လို့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက် ………သုံးခေါက်လာလည်လျှင် တစ်ခါ ဆိုဒ်တိုင်းရှိအိမ်သို့ရေခဲမုန့်လိုက်ပို့ပါမည်။
ဤဘလော့သည် ကျွန်မ ကိုယ်တိုင် ခံစားရေးဖွဲ့သော ဘလော့ဖြစ်ကြောင်းသစ္စာဆိုပါသည်။ ဤမှန်ကန်သောသစ္စာစာသားကြောင့် သိန်းတစ်ထောင်ထီဆုကြီး ငါးလဆက်တိုက်ပေါက်ရပါလို၏။
း)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရည်ဝေ
အောက်တိုဘာ ၁၀၊ ၂၀၁၁

7 comments:

Rocker77 said...

ဒီကိုရောက်တာ ဒီတစ်ခါနဲ့ဆိုရင် သုံးခါမြောက်ပဲပေါ့။
ဆိုဒ် ပိုင်ရှင် ဘလော့ဂါ မမ က ရေခဲမုန့် ကျွေးမယ်ဆိုပဲဗျာ။ ဟိဟိ။
အတွေးနဲ့တင် သွားတွေတောင်ကျိန်းနေပြီ။း)
ထို မှန်ကန်သောသစ္စာ စကားကြောင့် သိန်းတစ်ထောင်ထီဆုကြီးကို အပိုဆု ကြေးပေးခြင်းများ မပိတ်ခင် တစ်နှစ်ဆက်တိုက် ပေါက်ရပါလို၏။ ဟိဟိ။

Unknown said...

သိန်းထီပေါက်ရင် နာ့ကို မုန့်လာကျွေးနော်..သိလား ဆု :D

Anonymous said...

ကောင်းတယ် ကောင်းတယ် မုန့်ဝယ်ကျွေး ပြီး ဆက်သာရေး ....

စံပယ်ချို said...

တစ်ကယ်မုန့်ကျွေးမှာလား
ဘယ်တော့လဲ အတိအကျပြောနော် လာခဲ့မယ်

ချောကလက်ကျူးပစ်လေး said...

သုံးခါမကတော့ဘူးနော်..:P

တသသ said...

မရည်ဝေရေ
1ခေါက်လာလည်ပြီနော်
နောက်နှစ်ခေါက်လာလည်ပြီးရင် မြို့သူအိမ်ကို မုန့်လာပို့ရမယ်.......

ရတုသစ် said...

ဘလော့ဂါ အင်း ဒီပိုးကလည်း သေးဘူးပဲ..။
အနော်လည်း အဲလိုထင်တာပ ။
အနော့်ကိုလည်းမုန့်ကျွေးမလားလို့ ၀င်မန့်ထားခဲ့တယ်။
မကျွေးရင် ဘလော့ပစ်မယ်..

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်