Thursday 27 September 2012

မြင်ခဲ့ဖူးသော ဇါတ်လမ်းတစ်ပုဒ်

မိုးစက်တို့ကြား လမ်းလျှောက်နေမိတဲ့ နှလုံးသားက ဒီအချိန်ထိ………အိမ်ပြန်ဖို့သတိမရမိသေးဘူး

ဒီသဘာဝလောကကြီးထဲ တစ်ယောက်ထဲထွက်လာခဲ့မိတာ အဖော်မပါ အပေါင်းမပါနဲ့……………..နေပူမိုးရွာ တစ်ယောက်တည်း လျှောက်လှမ်းရင်း အထီးကျန်ခဲ့တာ တော်တော်ကြာပြီ…………
..



ကောင်းကင်က လွင့်ထွက်လာတဲ့ ကြယ်ကြွေသံကိုနားထောင်ဖို့…………နှလုံးသားမှာ ခံစားချက်ပျောက်ဆုံးနေတာလည်း တော်တော်ကြာပြီ……………………….

ကိုယ့်ကိုယ်ကို မာန်တင်းရင်း ထွက်လာမိခဲ့တယ်လို့ ပြောခဲ့ပေမဲ့လည်း တစ်ကယ်တမ်းကျတော့ အစွန့်ပစ်ခံရတော့မှာမှန်းသိလို့ပါ…………….

အဲဒီလူ……အဲဒီလူရဲ့လက်ကိုဆုပ်ကိုင်ရင်း ငါက ပီဘိကလေးငယ်တစ်ယောက်မျှသာ………..ဘာမှမလုပ်တတ် မကိုင်တတ်နဲ့…………ကြာတော့ သူကချည်းပဲပေးနေရတော့ ငါ့ကို စိတ်ပျက်လာတယ်ထင်ပါရဲ့………….ငါ့ကို စွန့်ပစ်ဖို့ သူကြိုးစားနေပြီ…………………….အဲဒီအချိန် ရင်ထဲရှိမိသွားတာက သူမစွန့်ပစ်ခင် ကိုယ်ထွက်သွားဖို့သာ……………………………



ဘာလိုလိုနဲ့ သူ့ဘေးနားကထွက်လာခဲ့တဲ့ သုံးနှစ်………….ဒီသုံးနှစ်အတွင်း အဲဒီလူကိုမေ့ကြည့်ခဲ့တယ်………သတိရတယ်ဆိုတဲ့ ခံစားချက်ကို နာကြည်းခြင်းနဲ့ အစားထိုးခဲ့တယ်……နှလုံးသားရဲ့ ဒဏ်ချက်က မကျက်နိုင်သေး……….ဘူး



အတူရှိခဲ့တုန်းက အတိတ်တစ်ချို့………….ရင်ထဲကို လာမှန်တုန်း

ငါ့အတွက် သူနာကျင်ပေးခဲ့တဲ့အရာတစ်ချို့………………မေ့ပစ်ဖို့ခက်ခဲတုန်း

သူ့အတွက် ငါနာကြည်းခဲ့ရတဲ့ အရာတစ်ချို့ကိုတော့…သူသိအောင် ဖွင့်မပြောခဲ့မိဘူး

မနေ့က မေ့ထားတဲ့ ငါ့အိပ်မတ်ထဲ သူရောက်လာခဲ့တယ်…….မျက်ရည်များစွာနဲ့ ……

အိပ်မရတော့တဲ့မျက်ဝန်းထဲက ပုလဲစတစ်ချို့ ငါ ခပ်ကြမ်းကြမ်းပဲသုတ်လိုက်မိပါရဲ့ ငါ့ကို စွန့်ပစ်ဖို့ကြိုးစားသူတစ်ယောက်အဖို့ ငါ့ကို တမ်းတနေတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲလေ





ဒီနေ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ချို့နဲ့ ပြန်တွေ့တယ်…………..

ချို……နင်နေကောင်းရဲ့လား….ကိုယ်ရည်စစ်သွားလိုက်တာဟယ်.ဆိုတဲ့စကားတစ်ချို့

အရည်မရအဖတ်မရတစ်ချို့ နားထောင်အပြီးမှာ သူငယ်ချင်းတစ်ယောက်ရဲ့

ရော့ နင့်အတွက်စာ………………ဆိုတဲ့စကားကြားလိုက်ရသား…

ဘယ်သူပေးတာလဲဆိုတော့ ကိုမောင်တဲ့…………

ငါမယူချင်ပါဘူး………..လွှင့်ပစ်လိုက်တော့…………….လို့ဆိုမိတော့

 နင်နဲ့တွေ့ရင် ပေးနိုင်အောင် အိတ်ထဲအမြဲ ထည့်ထားခဲ့ရတာတဲ့……….ဒီစာလေးကိုဖတ်ဖြစ်အောင်ဖတ်ပေးပါ လို့လည်းပြောသေးတယ်……. နောက်..ထူးထူးဆန်းဆန်းမေးသေးတယ်……..

ကိုမောင့်အကြောင်း နင် မသိချင်ဘူးလား…………..တဲ့

အမှန်အတိုင်းပြောရရင်တော့ သိချင်လွန်းလို့ ရင်ထဲမီးတောက်နေပေမဲ့ အသာအယာပဲ ခေါင်းခါပြမိခဲ့တယ်

ဘာမှ မသက်ဆိုင်တော့တဲ့ သူနှစ်ယောက်အတွက်..... သိချင်တယ်လို့ မပြောချင်တော့ဘူး


…………………………….

စာကိုဖတ်သင့်မဖတ်သင့်စိတ်ကူးတုန်း လက်က ဖောက်မိသွားတော့ အလိုက်သင့်ပဲဖတ်ဖို့ စာရွက်ကိုကိုင်လိုက်ချိန်မှာပဲ

…………..


ချို

ဒီချိန် ချို တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲမှာ ပျော်နေမှာပဲနော်။ ချိုထွက်သွားတာမှန်ပါတယ်။ ချို့ကို ကိုယ်စွန့်ပစ်ဖို့ ကြိုးစားတာ သုံးလေးခါ မကတော့ဘူး။ ချို့ကို မပြောရက်လို့ပါ။ ကိုယ်က သိပ်မကြာခင် လောကကြီးက ထွက်ခွာရမဲ့သူလေ။ ခြောက်လသာ သက်တမ်းရှိတော့တဲ့ ကိုယ့်ဘ၀ထဲ ချို့ကို ကိုယ် ဆွဲမခေါ်ရက်လို့ ပွင့်ပွင့်လင်းလင်း မပြောဖြစ်ခဲ့တာပါ။ ကိုယ်မရှိတော့တဲ့နောတ်ပိုင်း ချိုအထီးကျန်မှာကြောက်တယ်လေ။ ဒါပေမဲ့ ကိုယ်ကျေနပ်ပါတယ်။ ချို့ကို ကိုယ်ခိုးခိုးကြည့်မိတိုင်း ချိုက အရင်လို ပျော့နွဲ့နွဲ့လေးမဟုက်တော့ဘူးနော်။ အရာအားလုံးကို ကိုယ်တိုင်စီမံနိုင်သူအဖြစ် ပတ်ဝန်းကျင်က သတင်းစကားကောင်းတွေနဲ့ ချို့ဘ၀လေး အေးချမ်းနေတယ်လေ။ ကိုယ်နဲ့သာရှိခဲ့ရင် ချို ဒီချိန်ဆို ၀မ်းနည်းနေရမှာ။ အရင်လို ချို့မှာ ချွဲနွှဲ့တတ်တဲ့ အမူအယာလေးတွေ ပျောက်ဆုံးနေတာကိုတော့ ၀မ်းနည်းမိတယ်။

……………………


စာသားတစ်ချို့တွန့်ရှလို့ မျက်ဝန်းအကြည့်ကလည်း တစ်ဖြည်းဖြည်းနဲ့ ၀ါးလာပြီ……………ရင်ထဲက ဆုတောင်းသံကလည်း ကျယ်လောင်စူးရှ …..မဟုက်ပါစေနဲ့…မဖြစ်ပါစေနဲ့လို့………..

………………..


ချို ဒီချိန်မှာတော့ ကိုယ်ပြောနိုင်ပါပြီ။ ကိုယ်က အဆုတ်ကင်ဆာ နောတ်ဆုံးအဆင့်တဲ့ ချို။ ချိုမှတ်မိဦးမလားတော့မသိဘူး။ အဲဒီနေ့ အဲဒီနေ့ကရုပ်ရှင်ကြည့်မယ်ဆိုပြီး ချိန်းထားခါမှ ကိုယ်မလာဖြစ်တဲ့နေ့ပေါ့။ အရေးပေါ်အနေနဲ့ ဆေးရုံသွားလိုက်ရတယ်လေ။ အဲဒီစကားသံ ကြားပြီးကတည်းက ချို့ကို စွန့်ခွာဖို့ ကိုယ်စဉ်းစားဖြစ်ခဲ့တာလေ။ ကြာတော့ ချိုလည်း ရိပ်မိလာတယ်ထင်ပါတယ်။ ချိုက ကိုယ့်ကို အရင် လမ်းခွဲစကားပြောခဲ့တယ်လေ။ ချို့ ကို ကျေးဇူးတင်လိုက်တာကွယ်။ ချို့ ကိုပြောဖို့ ချိုနဲ့ လမ်းခွဲဖို့ ဘယ်လိုလုပ်ရပါ့လို စဉ်းစားနေတဲ့ ကိုယ့်ကို ချိုက အလင်းပေးလိုက်သလိုပါပဲ။ ကိုယ်လက်ခံလိုက်တဲ့အချိန်မှာ ချို အံ့သြ၀မ်းနည်းသွားတာကို ကိုယ်သိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကသာ အကောင်းဆုံးလေ ချို့ အတွက်။



ရင်ထဲကနည်းနည်းအောင့်လာပြန်ပြီ။ ဒီရက်ပိုင်းအခြေအနေပိုဆိုးလာတယ်…လို့ဆရာဝန်တွေပြောသံကြားမိတယ်။ ဒါပေမဲ့ ချို့အတွက်စာကိုတော့ ကိုယ် ရေးဖြစ်အောင်ရေးသွားဦးမယ်နော်။ ချို ဖတ်ဖြစ်ဖို့ မရည်ရွယ်ပေမဲ့ ချို့ ကို သတိရလွန်းလို့ တိုင်တည်ပြီးရေးမိတာပါ။ အရင်လို ချို့အနားကို လာမကြည့်နိုင်တော့လို့ ချို ဘာတွေလုပ်နေလဲဆိုတာ သူငယ်ချင်းတစ်ယောက်ကို ချောင်းကြည့်ခိုင်းရတယ်။ ကုတင်ပေါ်ကဆင်းလမ်းလျှောက်ဖို့တောင် မနည်းအားယူနေရပြီလေ။

ကိုယ်မြင်ရတယ် ချိုရယ်။ ကိုယ်တို့ အတူထိုင်နေကျ ခုံတန်းလျားလေးမှာ ချိုထိုင်ရင်းမျက်ရည်ဝဲနေတာကို။ မငိုပါနဲ့လို့ နှစ်သိမ့်ပေးချင်မိတယ်။

………………………….


တော်ပါတော့………….ဒီစာကို ဆက်ဖတ်ဖို့ မကြိုးစားချင်တော့ဘူး……..အရာအားလုံးပြီးဆုံးပါပြီဆိုတော့မှ ကိုယ့်နှလုံးသားကို အသေသတ်ဖို့ ဓါးကို ငါကိုယ်တိုင် ဆွဲထုတ်မိလေသလား……….မျက်ဝန်းထောင့်က စာရွက်လေးတစ်ရွက် အတိအကျဆိုလျှင်တော့ သတင်းစာ ဖြတ်ပိုင်းလေးတစ်ရွက်

...............................


နာရေးကြေငြာတစ်ခု

မောင်ကိုကိုမောင် ………….

………………………

ရက်လည်ဆွမ်းကျွေးတရားနာကျရောက်ရန်ဖိတ်ကြားအပ်ပါသည်

                             ကျန်ရစ်သူမိသားစု

………………………………….

ရုက်တရက်အရာအားလုံးလဲပြိုမတက် မျက်ဝန်းကို အားယူပြီးကြည့်လိုက်မိတော့ အချိန်ကာလက လွန်ခဲ့သည့် နှစ်နှစ်ခွဲခန့်က……………

ထို့နောတ်တော့ အရာအားလုံး အမှောင်ကျသွားတော့သည်……………………

မပြီးသေးသော မဖတ်ဖြစ်သေးသော မဆုံးသေးသော စာလေးများကတော့……………………..

တစ်နေရာမှ လူနှစ်ဦးကို စူးစိုက်ကြည့်နေသလိုလို………………………………..

……………………..

.....................


No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်