Monday, 29 July 2013

twist


လရောင်သေနေတဲ့ နှလုံးသား
ဘယ်ခါမှ လင်းမယ်မသိဘူး
အချစ်ဆိုတာ အခါခါ ရိတ်သိမ်းလို့ရသလား
တကယ်ဆို ကိုယ်ကိုယ်တိုင် မစိုက်ပျိုးခဲ့ပါဘူး
နှလုံးသားအလိုကို လိုက်ရုံတင်။



အိပ်မက်တမ်းချင်းတွေ ဘယ်ဆီကို ခရီးပေါက်
လမ်းပျောက်နေခဲ့ပါသလဲ
ခုတော့လည်း ကမ်းမမြင်လမ်းမမြင်ပင်လယ်ဟာ
ပိုပြီး နက်မှောင်ထူထပ်လာခဲ့
ခံစားချက်တွေ ပေါက်ရောက်နေတဲ့ အတိတ်ကို လွမ်းတယ်။

နတ်အလိုမလိုက်နိုင်တဲ့ လောဘဆိုးလေးတစ်ကောင်
အတိတ်တုန်းက အချစ်ကို မုန်းလို့
ပစ္စုပ္ပန်မှာ ချစ်ခြင်းရဲ့ အကျိုးအပြစ်ကို လွမ်းမိ
တကယ်ဆို ကိုယ့်ကိုယ်ကို ညာနေမိခဲ့လေသလား......

နာကျင်မှုကို ပြတ်ရယ်ပြုတတ်တဲ့ အကျင့်က
အချစ်ကြောင့်ပဲ ကြီးရင့်ခဲ့ပြီထင်ရဲ့
ကိုယ်တကယ် .............ပြုံးနေနိုင်ခဲ့တယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်