သူဟာ ငှက်ကလေးပေါ့။
လွတ်လပ်ခြင်းတွေကို ကောင်းကင်လို့ သူသတ်မှတ်ထားတယ်။
ကိုယ်ဟာ သစ်ပင်လေးပေါ့။
ငှက်ကလေးခိုနားဖို့ အသိုက်ကို
အချစ်လို့ ကိုယ်သတ်မှတ်ထားတယ်။
ငှက်ကလေးလား..........သူ မာနသိပ်ကြီးတာပေါ့ ။
သစ်ပင်လေးလား..........သူ သိပ်သိုဝှက်လွန်းတာပေါ့ ။
ငှက်ကလေးက သစ်ပင်လေးကို တွယ်တာသတဲ့ ။
သစ်ပင်လေးက ငှက်ကလေးကို မြတ်နိုးသတဲ့ ။
သစ်ပင်လေး စိုးရိမ်တာ တစ်ခုရှိတယ်
ငှက်ကလေးတောင်ပံတစ်ချက်ခတ်တိုင်း
သူ့အနားက ပျံထွက်သွားမှာကိုပေါ့ ။
ငှက်ကလေး စိုးရိမ်တာ တစ်ခုရှိတယ်
သစ်ပင်လေးရွက်ကြွေတွေ ဝေတိုင်း
သူ့အပေါ် စိတ်ပြောင်းသွားမှာကိုပေါ့ ။
ဒီနေ့
မိုးတွေသည်းတယ် လေတွေထန်တယ်
မိုးသည်းထဲက သစ်ပင်လေး
ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်လေ ။
ငှက်ကလေးရေ......... ငှက်ကလေး........
မင်း ဘယ် ရောက် သွား တာ လဲ ဟာ ။
မျိုးကို
(သစ်ပင်လို့ ကိုယ့်ကိုကိုယ်နာမည်ပေးထားတဲ့ မရည်ဝေအတွက်) :P
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်