ဖီလင်၂၈-
စွန်းဝင်လာတဲ့ ရက်တွေ
တစ်ရက်ချင်းစီ လက်ချိုးမရေခဲ့ပေမယ့်
တစ်ရက်ချင်းစီဟာ အကျိုးမဲ့ပျောက်ဆုံးသွားကြောင်း
သတိတရ ဆန်းစစ်မှုမှာ ကိုယ်ဟာ အထိတ်တလန့်
ကိုယ် ရေမြွေတစ်ကောင်မဖြစ်ချင်ဘူး
ဝေးကွာသွားတဲ့နေ့တွေမှာ
ပါးလျားလာတဲ့ခံစားချက်
ကိုယ့်ကိုယ်ကိုသေချာခဲ့တယ်
အချစ်ဟာ ကိုယ်နဲ့ မထိုက်တန်ခဲ့ဘူး
ကိုယ် အရုပ်လေးတစ်ရုပ်ကို ချစ်တတ်ယုယတတ်မြတ်နိုးတတ်တယ်
ထားရာနေစေရသွားစေချင်စိတ်နဲ့ ပိုင်ဆိုင်လိုတယ်
နှလုံးသားချင်းညှိနှိုင်းဖို့ အဆင့်ထိတောင်မရောက်ခဲ့
အတွေးအခေါ်မတူမှုမှာတင်
ကိုယ့်အရုပ်လေးမဟုတ်ခဲ့ ဆိုတဲ့ အတွေး တွေးမိတတ်ခဲ့
ကိုယ်က ကိုယ့်အတ္တကိုသာမြတ်နိုးတတ်ခဲ့သလား။
ကိုယ့်ကိုယ်ကို ဆန်းစစ်နေမှုဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့တယ်
..............
....အတ္တကြီးဟာ သနားစရာ မီးတောင်ကြီး.........။
ကိုယ့်ကိုယ်ကိုယ်ပြန်ရှာ
၅၂၈ မှာပြန်ရှာ
၁၅၀၀ မှာပြန်ရှာ
ကိုယ်ဟာ ကိုယ်ဟာ ကိုယ်ဟာ မီးတောင်ကြီးကို မြိုချထားခဲ့
လွမ်းတတ်ခံစားတတ်ချစ်တဲ့ နှလုံးသားတစ်ခု ပျောက်ရှတတ်ခဲ့တယ်
အချစ်= အချစ်
၅၂၈=၅၂၈
၁၅၀၀=၁၅၀၀
ပေးဖို့အမေ့မေ့အလျော့လျော့
ညီမျှခြင်းနောက်ကွယ်မှာ ကိုယ်ဖြည့်ထားမိခဲ့တာတွေဟာ
သုညလေးတွေ
အချစ်=ဝ
၅၂၈= ဝ
၁၅၀၀= ဝ
ရှာလေလေဝေးပြီ
လွန်ခဲ့သော ဆယ်နှစ်
ကိုယ်ပြုံးပြုံးလေးပဲ မုန်းတတ်ခဲ့တယ်
မျက်နှာဖုံးသုံးတတ်တဲ့ အနေအထားကို နှစ်သက်ကခဲ့
လွန်ခဲ့သော ၂၇
ကိုယ်ဟာ ပုခတ်ထဲက ကလေးငယ်လေး
မရိုက်ပဲလည်း ငိုတတ်သတဲ့
မမြူပဲလည်း ရယ်တတ်သတဲ့
ဖီလင်၂၈
ကိုယ်ဟာ ကိုယ်ဖြစ်ကြောင်းသက်သေပြဖို့
ပျောက်ဆုံးနေတဲ့ ခံစားချက်တွေ
ကိုယ်ကိုယ်တိုင်တောင် ဘယ်ဟာအမှန်လဲမသိတော့
ကိုယ်=ကိုယ် အဖြစ်ကနေ ရွေ့လျား
ကိုယ်=၀ ဖြစ်နေပြီလား
ကိုယ့်လက်ထဲက မီးတောင်လေးက ငိုတယ်
ကိုယ့်လက်ထဲက မီးတောင်လေးက ရယ်တယ်
ကို့ယ့်လက်ထဲက မီးတောင်လေးက ပြုံးတယ်
ကိုယ်= ကိုယ်ဖြစ်ဖို့ မလွယ်တော့ဘူးတဲ့
ကိုယ်ဟာ ညီမျှခြင်းနောက်ကွယ်မှာ သုညလေးတွေ ထားတတ်တာ အကျင့်ပါနေခဲ့ပြီ။
ကိုယ်=ကိုယ် ဖြစ်ဖို့
ကိုယ်= ကိုယ်ဖြစ်ရမယ်
ဒီအသိနဲ့ ကြိုးစားကြည့်တော့
ကိုယ်=-၁ တော့ဖြစ်လာပြီ
သုညလေး တန်ဖိုးရှိသွားသလား
တန်ဖိုးကျသွားသလား
ဆန်းစစ်ဖို့ခက်
ဖီလင်၂၈
စတာထွက်ရတာကိုက မအီမလည်ကြီးပဲ

No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်