ကိုယ့်ကိုယ်ကို တူးဖေါ်ကြည့်လိုက်တယ်။ အကြီးစားလူလိမ်။ ဟုတ်တယ်။ အကြီးစားလူလိမ်ပါ။
စလုံးနဲ့စ စနစ်တကျ အကွက်ချလို့ လိမ်တတ်တယ်။ မယုံနဲ့။ မယုံကြနဲ့ဗျ။
ခဏခဏလိမ်းကျံထားတတ်တာက အဖြူရောင် အတ္တအပိုင်းအစများ။အပြင်ပန်းက ဖြူနေသမျှ အတွင်းမှာ အတ္တတွေ လှိုက်စားနေလိုက်တာ ဘယ်သူမှ မသိကြဘူး။
အဟက်။ ဘဝကို က ဒင်္ဂါးပဲ။ ခေါင်းမြင်ဖို့ ပန်းဟာ ခဏပျောက်ပေးရတယ်။ အကောင်းမြင်ဖို့ အဆိုးတွေဟာ မဖုံးကွယ်ရပါပဲ ပျောက်ရှနေတတ်တယ်။
တကူးတက မဟုတ်ခဲ့ဘူး။ ရည်ရွယ်ချက် မပါခဲ့ဘူး။ တွေ့ဆုံခိုက်မှာ မုသားချိုချိုလေးတွေ ပြောရတာ နှစ်သက်တယ်။ ဒီစကားတွေ ဘယ်လောက်ပြောပြော ကိုယ်ဟာ အဖြူရောင်ဆန်တဲ့ လူသားလို့ပဲ ထင်နေကြရဲ့။
တကူးတကမညာခဲ့ပါဘူး။ မုသားချိုချိုလေးတွေ သုံးရုံတင်။
(-)
မနေ့က ကဗျာမဆန်ခဲ့ဘူး။ ဘယ်နေ့ကမှလည်း ကဗျာမဆန်ခဲ့ပါဘူး။ ကိုယ့်အတွက် ကဗျာဆန်တဲ့နေ့ဆိုတာ အမေမွေးခဲ့တဲ့ နေ့တစ်နေ့ပဲ ရှိမယ်ထင်ပါရဲ့။
လွဲခဲ့တဲ့ နားလည်မှုတွေ။ အမေနဲ့ ကိုယ့်ကြား စကားတွေ ခပ်ပါးပါးခြားထားတယ်။ ကိုယ် ပြောသမျှစကားမှာ အချိုမပါခဲ့ပါဘူး။ အမေ့အတွက်အရိုးရှင်းဆုံး၊ သံယောဇဉ်အပြည့်ဆုံး၊ စေတနာသဒ္ဒါဗလပွနဲ့ ပြောခဲ့တယ်။
အားးလုံးဟာအမှားပဲ။ အမေကလည်း မုသားချိုချိုလေးကိုမှ နှစ်သက်သူ ဖြစ်ပြန်တယ်။
(-)
ဒီနေ့ ကိုယ် ငိုချင်တယ်။
ကိုယ့်အတွက်ကိုယ် ငိုချင်တယ်။ မယုံနဲ့လို့ ထပ်ပြောပါမယ်။ ဒါ လိမ်ညာနေတဲ့စကားလုံးပဲ။ကိုယ့်မျက်ဝန်းနီနီရဲရဲဟာ တမင်ကျင့်ယူထားတာ။ ကိုယ့်မျက်ဝန်းက မျက်ရည်စတွေဟာ ကျင့်သားရနေတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့မျက်ရည်ပါ။
ထပ်ေ့ပြာဦးမယ်။ ကိုယ် ငိုချင်တယ်။
(-)
အိပ်မက်တွေ အိပ်မက်တွေ။ မိသားစုအတွက်ကိုယ့်အိပ်မက်တွေ။ဘဝရဲ့ သူတို့အတွက်ဆို အလေးစားရဆုံးသူကိုတောင် တော်လှန်ခဲ့တယ်။ မိသားစုဆိုတာ ကိုယ့်ကိုနားလည်ပေးသူမဟုတ်ဘူးဆိုတာ အကြိမ်ကြိမ်နားလည်ရက် အကြိမ်ကြိမ် စုံလုံးကန်းတယ်။ မိဘယုံ စုံလုံးကန်းဆိုတဲ့ စကားပုံတစ်ခု ကိုယ်ကနေ စဖြစ်ထွန်းတယ်။
(-)
တိမ်သားညိုညိုတွေ၊ အစိမ်းရောင်သစ်ပင်တွေ ကို ကိုယ်ချစ်တယ်။ လေပြေညင်းတွေ၊ ကခုန်နေတဲ့ စာသားလေးတွေကို ကိုယ်ချစ်တယ်။ ဘဝရဲ့ အရိုးသားဆုံးဖွင့်ဟမှုပါပဲ။ေ-ာက်ရူးဆိုတဲ့ သြဘာပေးမှုမှကြိုယ်ဟာ အလွင့်လွင့်အမြောမြော။ ကိုယ် ဒီနေ့ ငိုချင်နေခဲ့တယ်။
(-)
မေတ္တာငတ်သူပါ။ မေတ္တာငတ်သူပါ။
တကြော်ကြော် အော်ပြနေမိတယ်။ မကြားဘူး။ ဘယ်သူမှ မကြားဘူး။ ဘယ်သူမှ နှလုံးသားဖွင့် နားမထောင်ခဲ့ဘူး။
ခမ်းတယ်။ စိတ်တွေခမ်းတယ်။ နှလုံးသွေးတွေ ခမ်းတယ်။ အိပ်မက်တွေ ခမ်းတယ်။
အမေ နဲ့ ကိုယ့်ကြား တံတိုင်းကြီးခြားထားလိုက်တာများ ကိုယ် မကျော်ဖြတ်ရဲတော့ဘူး။
(-)
မယုံနဲ့။ မယုံပါနဲ့။ကိုယ်က အကြီးစားလူလိမ်။

No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်