Saturday, 1 June 2013

“ကျွန်တော်က အကြံတုံး ဥာဏ်တုံး”



သေချာခြင်းဟာ

သေသေချာချာ

မသေချာလာတော့တဲ့အခါ

ဘယ်ပုံသေနည်းကို သုံးရတော့မလဲ

တုံးနေတဲ့ ဦးနှောက်တွေဟာ

မသိကိန်းကို ထုတ်ဖို့ မေ့လျော့နေပြီ




တွက်ချက်ထားတဲ့ ပုံသေနည်းတွေနဲ့ပဲ ကျင်လည်ရတာများလာတော့

အရာရာဟာ တူတူညီညီ တုယောင်လာခဲ့တယ်



ခေါက်ရိုးကျိုးနေတဲ့ ပြဇာတ်တွေချည်း မြင်နေရတော့

ချိုးဖေါက်ချင်လာတယ် ဆန်းဆန်းသစ်သစ်

မရဲပဲ ကျွဲပြဲစီးတော့

လက်ညိုးပေါင်းများစွာအောက်မှာကိုယ်ဟာ ပိပိပြားပြား

မြေခနေရတဲ့ မြက်ပင်လေးသဖွယ်

ဟုတ်ကဲ့ မှားပါတယ် မှားပါတယ်ခင်ဗျာ

ကိုယ်လေးယို့ယို့နဲ့ တောင်းပန်နေရရှာတယ်



ဒါတောင် အမှတ်မရှိလေတော့

ဘဝမှာ သေချာခဲ့မှုတွေကို

သေသေချာချာလိုက်ရှာ

သေချာခြင်းတွေဟာ သေသေချာချာကို မသေချာတော့တဲ့အခါ

မသိကိန်းထုတ်ဖို့ကြောက်ရွံ့

နောက်တစ်ခါ ကျွဲပြဲမစီးရဲတော့ဘူး

ကျွန်တော်က အကြံတုံးဥာဏ်တုံးပါ



ခေါက်ရိုးကျိုးကျိုးလေးနဲ့ပဲ ရှင်သန်ရင်း

ချိုးချခံလိုက်ရတဲ့ ဘဝခေါက်ရိုးတွေကို ပြန်ထူမတ်ဖို့ ကြောက်ရွံ့တယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်